သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ပုပ်ရဟန်းမင်းကို အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံ


သမ္မတအိုဘားမား ပုပ်ရဟန်းမင်းကို အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံ
သမ္မတအိုဘားမား ပုပ်ရဟန်းမင်းကို အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံ

အမေရိကန် ပြည်ထောင်စုကို သမိုင်းဝင် ခရီးစဉ် ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကို အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။ သမ္မအိမ်တော်ဝင်း အတွင်းမှာလည်း ဧည့်သည်တော် ၁ သောင်းခွဲလောက် ရှိနေပါတယ်။ ဘုရားသခင် ဖန်ဆင်းထားတဲ့ လှပတဲ့ နေ့တနေ့ပါဘဲ လို့ သမ္မတ အိုဘားမားက ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ရဲ့ ချစ်ခြင်းမေတ္တာနဲ့ မျှော်လင့်ခြင်း ဟောပြောချက်တွေက ကျနော်တို့ နိုင်ငံတဝန်းနဲ့ ကမ္ဘာတလွှားက လူပေါင်းများစွာ အတွက် သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးရဲ့ ဟောပြောချက်မှာတော့ ကမ္ဘာပေါ်က အမေရိကန်ရဲ့ အခန်းကဏ္ဍကို ချီးကျူးပြောဆိုခဲ့သလို God bless Americaအမေရိကန်ကို ဘုရားသခင် ကောင်းချီးပေးပါစေလို့လည်း ဆုမွန်ကောင်းတောင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သမ္မတ အိုဘားမားနဲ့ ပုပ်ရဟန်းမင်းကြီးတို့ဟာ အိမ်ဖြူတော်ရဲ့ Oval Office မှာ နှစ်ဦးတည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ Barack Obama နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ အပြီးမှာတော့ ပုပ်ရဟန်းမင်းကြီးက အမေရိကန် သာသနာပိုင်တို့ကို တရားဟောဖို့ ရှိသလို ၁၈ ရာစုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ သာသနာ ပြုခဲ့တဲ့ စပိန် သာသနာပြု တဦးကို သူတော်စင် အဖြစ် ကြေညာမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ ပုပ်ရဟန်းမင်းကြီးက အမေရိကန် ကွန်ဂရက်စ် လွှွတ်တော်မှာ ဟောပြောမှာ ဖြစ်ပါတယ်။ သောကြာနေ့မှာတော့ နယူးယောက်ကို သွားရောက်ပြီး ကုလသမဂ္ဂမှာ ဟောကြားဖို့ ရှိနေပါတယ်။ပုပ်ရဟန်းမင်းကြီး အဖြစ် တင်မြှောက်ခံရချိန်ကစလို့ အာဂျင်တီးနားနွယ်ဖွား ရဟန်းမင်းကြီး ဖရန့်စစ်ဟာ သူ့ရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ ဝင်ငွေမညီမျှမှု၊ အထိန်းအကွပ် မရှိတဲ့ အရင်းရှင်စနစ်နဲ့ ရာသီဥတု ပြောင်းလဲမှုတို့အပေါ် အာရုံစိုက် ပြောဆိုတာကြောင့် လူသန်းပေါင်းများစွာရဲ့ လေးစားမှုကို ရရှိခဲ့သလို ရှေးရိုးဆန်လှတဲ့ အမေရိကန် တချို့ရဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။

XS
SM
MD
LG