သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးတိုးတက်မှု အိုဘားမား ချီးကျူး


ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား မိန့်ခွန်းပြောကြားနေစဉ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား မိန့်ခွန်းပြောကြားနေစဉ်။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အားတက်စကား ပြောဆိုသွားပါတယ်။

မြန်မာသမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပိတ်ထားတဲ့ လူမှုအသိုင်းအဝိုင်းကို လွတ်လပ်ခွင့်ပေးတာ၊ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် တယောက်ကို လွှတ်တော်မှာ ပါဝင်ခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။ လူထုအနေနဲ့လည်း နောက်ထပ် အပြောင်းအလဲတွေ ထွက်ပေါ်လာစေဖို့ စောင့်စားနေကြပါတယ်လို့ သမ္မတ အိုဘားမား က ပြောသွားပါတယ်။

မြန်မာနိုင်ငံ အစ အီဂျစ်နိုင်ငံ အဆုံး လူထုရဲ့ လက်ထဲမှာ အာဏာရောက်စေဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတာကို သူမြင်တွေ့ခဲ့ရတယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။ ဒီအတွက် ကမ္ဘာကြီးမှာ မျှော်လင့်ချက် ပိုပြီး ထားလာနိုင် သလို အီရတ်စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တာ၊ အမေရိကန် စစ်သည်တွေ နေရပ်ရင်း ပြန်ခေါ်နိုင်ခဲ့တာတွေကိုလည်း အလေးထား ပြောသွားခဲ့တာပါ။ အီဂျစ်နိုင်ငံမှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေလို အဖြစ်အပျက်မျိုးတွေကို တားဆီးဖို့ အတွက်လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အထွေထွေ ညီလာခံ အတွင်းမှာတော့ သမ္မတ အိုဘားမား ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့တော့ မရှိပဲ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကသာ သူ့ကိုယ်စား လက်ခံတွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မိန့်ခွန်းထဲမှာပဲ ကမ္ဘာပေါ်မှာ အကြမ်းဖက်မူနဲ့ အစွန်းရောက်မူကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ဖို့ အမေရိကန်သမ္မတ ဘားရပ်အိုဘားမားက နိုးဆော်သွားပြီး ကမ္ဘာကြီးဟာ သည်းညည်းခံမူ၊ တိုးတက်မူတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်လို့ ပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အမေရိကန်သမ္မတ အိုဘားမားက အကြမ်းဖက်မူကို ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ကမ္ဘာအပေါ် အမုန်းတရားပွားအောင် လုပ်ဆောင်နေသူတွေကို ဘေးဖယ်ထားဖို့ အချိန်ရောက်ပြီလို့ ပြောသွားပါတယ်။

တခါ သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားနေချိန်မှာ လူတွေက အပေါ်ယံသဘော လက်ခုပ်တီးပြီး အားပေးတာတွေရှိခဲ့ပါတယ်။
XS
SM
MD
LG