သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အထွေထွေညီလာခံ သမ္မတအိုဘားမား မိန့်ခွန်းပြော


ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတ အိုဘားမား
ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတ အိုဘားမား

စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကို ရှောင်းရှားပြီး ကမ္ဘာတလွှားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို သံခင်း တမန်ခင်းနည်းလမ်းသစ်နဲ့ ဖြေရှင်းကြဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ကမ္ဘာတလွှားကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်ခေါင်းဆောင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာမှာတော့ သမ္မတအိုဘားမားက ကျနော်တို့အနေနဲ့ အတူတကွ ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခြင်းမရှိရင် အကျိုးဆက်တွေကို ကျနော်တို့ အားလုံး အလူးအလဲ ခံကြရပါလိမ့်မယ်။ အတူတကွ အလုပ်လုပ်ရင် ပိုပြီးလည်း အားကောင်းခိုင်မာလာမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းက အစ္စလာမ္မစ် အစွန်းရောက် IS တွေကို ချေမှုန်းရေး အမေရိကန်က ဆော်သြတိုက်တွန်းနေတာနဲ့ အမေရိကန်ရဲ့ စစ်ရေးအင်အား တောင့်တင်းခိုင်မာတဲ့ အပေါ်မှာလည်း သမ္မတ အိုဘားမားက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ အစ္စလာမ္မစ် အစွန်းရောက် IS တို့ အတွက် ခိုလှုံစရာနေရာ မရှိစေရဘူးလို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသကို ရုရှားတို့သိမ်းယူပြီး ယူကရိန်းခွဲထွက်ရေးသမားတွေကို ရုရှားတို့ထောက်ပံ့ပေးနေတဲ့အပေါ်မှာလည်း ရုရှားအစိုးရကို ဝေဖန်ခဲ့ပါတယ်။ ခရိုင်းမီးယားဒေသကို ကျူးကျော် သိမ်းပိုက်မှုအတွက် အပြစ်က လွတ်ငြိမ်းခွင့်ပေးဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် ရုရှားအစိုးရအပေါ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေက လိုအပ်တယ်လို့လည်း အမေရိကန် ခေါင်းဆောင်က ကုလမိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံတွင်းက လေးနှစ်ကြာစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဥပမာပြစရာအဖြေမရှိပါဘူး၊ ဒါပေမယ့် ဆီးရီးယားပြည်သူတွေ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ဖို့ သဘောတူညီချက်တခု ရှေ့တိုး ဆောင်ရွက်နိုင်ဖို့အတွက် သံတမန်ရေးနည်းလမ်းကို အသုံးပြုရမယ်လို့လည်း မှတ်ချက်ပေးပါတယ်။ ဆီးရီးယား သမ္မတ Bashar al- Assad ကိုလည်း သူ့ပြည်သူတွေအပေါ် စည်ပိုင်းဗုံးတွေကျဲချခဲ့သူလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

XS
SM
MD
LG