သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Oklahoma မုန်တိုင်းသင့်ဒေသ သမ္မတအိုဘားမား သွားရောက်

သမ္မတအိုဘားမားက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျသွားတဲ့ ကျောင်းအတွင်း ရောပါသွားခဲ့တဲ့ သားဖြစ်သူ တတိယတန်းကျောင်းသားနဲ့ ခင်ပွန်းတို့ကို ဆုံးရှုံးခဲ့ရသူ မစ္စက်စ် Julie Lewis ကို နှစ်သိမ့်အားပေးနေစဉ်။ (မေ ၂၆၊ ၂၀၁၃။)

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လေဆင်နှာမောင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့ Oklahoma ပြည်နယ်ကို သမ္မတ ဘရက်ခ် အိုဘားမား တနင်္ဂနွေနေ့က သွားရောက် ကြည့်ရှုခဲ့ပါတယ်။

လူပေါင်း ၂၄ ယောက် သေဆုံးပြီး ၂ဝဝ ကျော် ထိခိုက် ဒဏ်ရာတွေ ရခဲ့တဲ့ Moore မြို့ခံတွေကိုလည်း တွေ့ဆုံအားပေးခဲ့တာပါ။ ပြီးခဲ့တဲ့ အမြင့်ဆုံးပြင်းအား အဆင့် EF-5 အထိ သတ်မှတ်ခဲ့တဲ့ လေဆင်နှာမောင်း တနင်္လာနေ့က တိုက်ခတ်ခဲ့ရာမှာတော့ Oklahoma မြို့ပြင် အနီးအနားမှာရှိတဲ့ ဆင်ခြေဖုံးအရပ်က စာသင်ကျောင်းတွေ၊ ရပ်ကွက်တွေနဲ့ ဆေးရုံတရုံတို့ဟာ အစအနမကျန် လောက်အောင် ပျက်စီးသွားခဲ့ပါတယ်။

သမ္မတအိုဘားမားကတော့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ Moore မြို့ကို ကပ်ဘေးဒဏ်သင့် ဒေသအဖြစ် ကြေညာခဲ့ပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သမျှ ပံ့ပိုးသွားဖို့လည်း ကတိပြုခဲ့တာပါ။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏဟာ ဒေါ်လာ သန်းပေါင်း ၂,၀၀၀ လောက် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
XS
SM
MD
LG