သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA ဥက္ကဋ္ဌကို စုံစမ်းစစ်ဆေး


FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ်ဘလတ္တာ
FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ်ဘလတ္တာ

ဆွစ်ဇာလန်အာဏာပိုင်တွေက FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ်ဘလတ္တာကို ပြစ်မှုကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင် လိုက်ပါတယ်။

ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ရန်ပုံငွေတွေကို အလွဲသုံးစားပြုလုပ်မှုတွေ ရှိမရှိဆိုတာကို ပြစ်မှုဆိုင်ရာဥပဒေအရ စုံစမ်းလာနိုင်ခြေရှိတယ်လို့ ဆွစ်ဇာလန် ရှေ့နေချုပ်ရုံးက ကြေညာလိုက်ပါတယ်။ FIFA ဥက္ကဋ္ဌရဲ့ ရုံးခန်းကို ဝင်ရောက်ရှာဖွေပြီး မှတ်တမ်းအချက်အလက်တွေကို သိမ်းဆည်းလိုက်တယ်လို့ ဆွစ်ဇာလန် ရှေ့နေချုပ်ရုံးက ပြောပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွင်း အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်နေချိန်မှာပဲ အခုလို မစ္စတာ ဘလတ္တာကို စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ထိပ်တန်းတာဝန်ရှိသူတွေထဲမှာ အဂတိလိုက်စားမှုတွေရှိနေတယ်ဆိုတဲ့ အစောပိုင်းက စွပ်စွဲချက်တွေကြောင့် အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဖီဖာဥက္ကဋ္ဌဆပ်ဘလတ္တာကတော့ သူ့အနေနဲ့ လာမယ့် ဖေဖော်ဝါရီလမှာ ရာထူးကနေနုတ်ထွက်မယ်လို့ ကြေညာထားပါတယ်။

XS
SM
MD
LG