သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွဲထွက်ရေး ယူကရိန်းရွေးကောက်ပွဲ သမ္မတရှုတ်ချ


ယူကရိန်းသမ္မတ Petro Poroshenko
ယူကရိန်းသမ္မတ Petro Poroshenko

ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒေသမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ အကြမ်းဘက် သမားတွေ၊ ကြားဝင်သွေးထိုးသူတွေ နဲ့ ဥပဒေမဲ့လုပ်ဆောင်သူတွေရဲ့ ခြိမ်းခြောက်မှုနဲ့ ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲလို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောဆိုရှုတ်ချလိုက်ပါတယ်။

ရုရှားလိုလားတဲ့ သူပုန်တွေရဲ့ မဲပေးရွေးကောက်ပွဲဟာ ၂ လကြာ အပစ်အခတ်ရပ်စဲထားတဲ့ သဘောတူညီချက်ကို ချိုးဖေါက်ပြီး ကျင်းပတဲ့ မဲပေးပွဲလို့ မစ္စတာ ပိုရိုရှန်ကိုက တနင်္လာနေ့ နိုင်ငံတော် ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှားနယ်စပ်နားမှာ အခုထိ ဆူပူမှုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်မယ့် အစီအစဉ်အသစ်တွေချဖို့ အင်္ဂါနေ့မှာ သူ့ရဲ့ လုံခြုံရေး အကြီးအကဲတွေနဲ့ အရေးပေါ်အစည်းဝေး ကျင်းပမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

တနင်္ဂနွေနေ့ မဲပေးမှုဟာ ရုရှားစကားပြောသူတွေ နေထိုင်ရာ အရှေ့ပိုင်းဒေသတွေဖြစ်တဲ့ Luhansk နဲ့ Donetsk ဒေသမှာ ရုရှားလိုလားတဲ့ အဖွဲ့တွေအတွက် အစိုးရတရပ် ပေါ်ပေါက်လာစေဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနဲ့ EU ဥရောပ သမဂ္ဂတို့ကတော့ ဒီမဲပေးမှုကို ကန့်ကွက်ကြသလို ရလာတဲ့ ရလဒ်ကိုလည်း အသိမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

XS
SM
MD
LG