သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် ရုရှားကို ထွက်ခွာ


သမ္မတဦးထင်ကျော် ရုရှားကို ထွက်ခွာ ( MOI )

ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာကျင်းပမယ့် ရုရှားနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ကြားဆက်ဆံရေး အနှစ် ၂၀ ပြည့် အထိမ်း အမှတ် ထိပ်သီးအစည်းအဝေးကိုတက်ဖို့ သမ္မတဦးထင်ကျော်ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ကနေ ထွက်ခွာသွားပါတယ်။

ဒါဟာဖြင့် သမ္မတတာဝန် ယူပြီးကတည်းကဆိုရင် ဦးထင်ကျော်ရဲ့ ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။ သမ္မတ ဦးထင်ကျော်နဲ့အတူ စီမံကိန်းဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိ သူတွေ လိုက်ပါသွားတယ်လို့ ပြန်ကြားရေးဌာနရဲ့ အင်တာနက်သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တော့ လိုက်မသွားပါဘူး။

သမ္မတဦးထင်ကျော်ရဲ့ အခု ရုရှားခရီးစဉ် မတိုင်လေးမှာပဲ မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်တရပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားပါတယ်။ ဒီသဘောတူညီချက်ကို အခုခရီးစဉ်အတွင်း လက်မှတ် ရေးထိုးလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားတာတွေ က ရှိနေဆဲဖြစ်ပေမယ့် ရုရှားကတော့ မြန်မာကို စစ်လက်နက်ပစ္စည်း အများဆုံးရောင်းချတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

ရုရှား-အာဆီယံ ထိပ်သီးအစည်းအဝေးကို မေလ ၁၉ နဲ့ ၂၀ နှစ်ရက်ကြာ ကျင်းပမှာပါ။ မေလ ၂၂ ရက်နေ့ကျရင်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ မြန်မာနိုင်ငံကို လာရောက်ဖိုှ့ရှိပါတယ်။

သမ္မတဦးထင်ကျော် ရုရှားကို ထွက်ခွာ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်
အာဆီယံထိပ်သီးတက်ဖို့ သမ္မတ ရုရှားထွက်ခွာ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG