သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် မလေးရှားနိုင်ငံ ရောက်ရှိ


မြန်မာသမ္မတဦးသိန်းစိန် မလေးရှားခရီးစဉ်-သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန
မြန်မာသမ္မတဦးသိန်းစိန် မလေးရှားခရီးစဉ်-သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန

မလေးရှားနိုင်ငံကို ၂ရက်ကြာ တရားဝင်အလည်အပါတ်သွားရောက်တဲ့ သမ္မတ ဦးသိန်းစိန် ဟာ ဒီကနေ့ Kuala Lumpur ကို ရောက်သွားပြီ ဖြစ် ပါတယ်။ မြန်မာသမ္မတဟာ မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံဆက်ဆံရေး အခြေအနေတွေနဲ့ ဒေသတွင်းပြဿနာတွေ ကို ဆွေးနွေးဖို့ရှိပါတယ်။

သမ္မတ မလေးရှားခရီးထွက်ခွာ
သမ္မတ မလေးရှားခရီးထွက်ခွာ

မလေးရှားနိုင်ငံဟာ မနှစ်က မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာရှဆယ်နိုင်ငံ ပါဝင်တဲ့ အာဆီယံအသင်းကြီးရဲ့ အလှည့်ကျဥက္ကဌ တာဝန်ကို ဒီနှစ်အတွက်လက်ခံ ရယူခဲ့တာဖြစ်ပြီး နှစ်ပါတ်လည် ထိပ်သီးအစည်းအဝေးတွေကို လက်ခံကျင်းပဖို့ ရှိပါတယ်။

သမ္မတဦးသိန်းစိန် မလေးရှားခရီးစဉ်- သတင်းဓာတ်ပုံ- MOI ပြန်ကြားရေးဝန်ကြီးဌာန
သမ္မတဦးသိန်းစိန် မလေးရှားခရီးစဉ်- သတင်းဓာတ်ပုံ- MOI ပြန်ကြားရေးဝန်ကြီးဌာန

မြန်မာနိုင်ငံဟာ အာဆီယံမှာ သတ္တမမြောက် အများဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ် သလို မလေးရှားနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံတွေထဲမှာ အဆင့် ၃၈ မှာ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ၂ နိုင်ငံကုန်သွယ်ရေးဟာ ဒေါ်လာ သန်း ရှစ်ရာကျော် အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကုန်သွယ်မှုလုပ်ဖို့ အခြေနေတွေ တိုးလာနေပြီးမြန်မာနိုင်ငံက ဈေးကွက် ဖွင့်ပေးလာတာကို အခွင့်ကောင်းယူပြီး ကုန်သွယ်ချင်တဲ့ လုပ်ငန်းရှင်တွေ များလာတယ်လို့ မလေးရှား အရာရှိတွေက ပြောပါတယ်။

စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ တဖြေးဖြေး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ် လာတာမို့ နိုင်ငံတကာက ဝိုင်းဝန်းချီးကျူးခဲ့ကြ ပေမယ့် ဒီပြောင်းလဲမှုတွေ ပြန်ပြီး ဆုတ်ယုတ်လာနေတယ်လို့ တချို့က ဝေဖန်ကြပါတယ်။ မြန်မာနိုင်ငံထက် ပိုပြီး တိုးတက်တဲ့ မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား တသိန်းကျော် လာရောက် လုပ်ကိုင်နေမယ်လို့ ခန့်မှန်းကြပြီး အများစုဟာ တရားမဝင် လာရောက် နေထိုင်ကြတာဖြစ်ပါတယ်။

XS
SM
MD
LG