သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် မလေးရှား ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ


သမ္မတဦးသိန်းစိန် မလေးရှားခရီးစဉ် သတင်းဓာတ်ပုံ- MOI ပြန်ကြားရေးဝန်ကြီးဌာန
သမ္မတဦးသိန်းစိန် မလေးရှားခရီးစဉ် သတင်းဓာတ်ပုံ- MOI ပြန်ကြားရေးဝန်ကြီးဌာန

မလေးရှားနိုင်ငံကို ၂ ရက်ကြာ တရားဝင်ခရီး သွားရောက်နေတဲ့ သမ္မတ ဦးသိန်းစိန် ဟာ ဒီကနေ့ Putrajaya မြို့မှာ မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်တွေနဲ့ ဒေသတွင်း ပြဿနာတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။ မလေးရှားနိုင်ငံဟာ မနှစ်က မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာဆီယံအသင်းကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဒီနှစ်မှာ လက်ခံ ရယူပြီး နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးတွေကို လက်ခံကျင်းပဖို့ ရှိပါတယ်။

အာဆီယံဒေသတွင်းမှာ မြန်မာနိုင်ငံဟာ မလေးရှားရဲ့ သတ္တမမြောက် အများဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ထဲမှာတင် နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ဒေါ်လာ သန်း ၈၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုတွေ မြန်မြန်ဆန်ဆန် တိုးတက် လာနေပြီး မြန်မာနိုင်ငံက ပွင့်လင်းလာတဲ့ ဈေးကွက် အခြေအနေကို အခွင့်ကောင်းယူပြီး ကုန်သွယ်ချင်တဲ့ လုပ်ငန်းရှင်တွေ များလာတယ်လို့ မလေးရှား အရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံထက် ပိုပြီး တိုးတက်တဲ့ မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား တသိန်းကျော် လာရောက် လုပ်ကိုင်နေမယ်လို့ ခန့်မှန်းကြပြီး အများစုဟာ တရားမဝင် နေထိုင်နေကြသူတွေ ဖြစ်ပါတယ်။

XS
SM
MD
LG