သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cyber အရာရှိကြီး ၂ ဦး ကန်အစိုးရသစ် ခန့်ဖို့လို


ဆိုင်ဘာစစ်ပွဲ စုံစမ်းမှု
ဆိုင်ဘာစစ်ပွဲ စုံစမ်းမှု

အမေရိကန်နိုင်ငံတွင်းက ပုဂ္ဂလိကလုပ်ငန်းတွေရော အများသုံးလုပ်ငန်းတွေမှာပါ ကွန်ပြူတာ ဆိုင်ဘာလုံခြုံရေးကို ချက်ချင်းတိုးမြှင့်ထားကြဖို့အသစ်တက်လာမယ့် အစိုးရအဖွဲ့ကို အမျိုးသား ဆိုင်ဘာလုံခြုံရေး တိုးတက်မှုဆိုင်ရာ ENCS ကော်မရှင် က သောကြာနေ့မှာ သတိပေး ပန်ကြားလိုက်ပါတယ်။

ဒီကော်မရှင်မှာ ပါတီစွဲမရှိတဲ့ ကျွမ်းကျင်သူ ၁၂ ဦးပါဝင်ပြီး သူတို့ဟာ နည်းပညာနဲ့ ကွန်ပြူတာ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ လာမယ့် ၂ နှစ်ကနေ ၅ နှစ်အတွင်း လုပ်ဆောင်ဖို့ အကြံပေးချက် အများအပြားပါတဲ့ အစီရင်ခံစာ တစောင်ကို အမေရိကန် သမ္မတ Barack Obama ထံ တင်သွင်းခဲ့ ပါတယ်။

ဒီအကြံပြုချက်တွေထဲမှာ အရွေးကောက်ခံ သမ္မတ Donald Trump ရဲ့ အစိုးရအဖွဲ့ထဲမှာ ရာထူးနေရာ အသစ် ၂ ခုကို ထည့်သွင်းဖို့ ပါဝင်ပြီး သမ္မတကို ဆိုင်ဘာလုံခြုံရေးဆိုင်ရာ အကူညီပေးမယ့် လက်ထောက်တယောက်နဲ့ နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာ ခိုင်မာမှုရှိစေဖို့ နိုင်ငံရပ်ခြား ရောက်နေတဲ့ အရာရှိတွေနဲ့ လက်တွဲလုပ်ဆောင်မယ့် ဆိုင်ဘာလုံခြုံရေး ဆိုင်ရာ သံအမတ်ကြီး တယောက်ထားရှိဖို့ ဖြစ်ပါတယ်။

ဒါ့အပြင်၂၀၂၀ နှစ်ရောက်ချိန်မှာ အမေရိကန်မှာ ဆိုင်ဘာလုံခြုံရေးအတွက် ဝန်ထမ်း တသောင်းလောက် ရှိလာအောင် Trump အစိုးရ လက်ထက်မှာ လေ့ကျင့်မွေးထုတ်ပေးဖို့ လည်း ကော်မရှင်ကနေ တောင်းဆိုထားတာပါ။ ဒါ့အပြင် လာမယ့်အစိုးရ အနေနဲ့ အင်တာနက် လုံခြုံရေးကို တာဝန်ယူနိုင်ဖို့ ပိုမိုအားထုတ်ဖို့လည်း တိုက်တွန်းထားတာပါ။

အခုပေးတဲ့ အကြံဉာဏ်တွေကို ကျင့်သုံးဖို့ သမ္မတအိုဘားမားက Trump ကိုရော လွှတ်တော်ကိုပါ ကြေညာချက် ထုတ်ပြန်တိုက်တွန်း ခဲ့ပေမယ့် ဒီအကြံဉာဏ်တွေကို Trump အနေနဲ့ ဂရုစိုက်မယ် မစိုက်ဘူးဆိုတာကတော့ ခုထိ မသိရသေးပါဘူး။

ဒါပေမယ့် Trump ကိုယ်တိုင်က သူ့အစိုးရ လက်ထက်မှာ အွန်လိုင်း လုံခြုံရေး ဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မယ်လို့ မကြာခဏ ကတိပေးခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG