သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရဲ့လွတ်မြောက်မှုဆု အမေရိကန် ၁၆ ဦး ချီးမြှင့်ခံရ


အမေရိကန်ပြည်ထောင်စုမှာ အရပ်သားတွေကို ပေးအပ်တဲ့ထဲမှာ အဆင့်အမြင့်ဆုံး ဆုဖြစ်တဲ့ သမ္မတရဲ့ လွတ်လပ်မှု ဆုတံဆိပ်အတွက် အမေရိကန် ၁၆ ယောက်ကို အိမ်ဖြူတော်မှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပေးအပ်ခဲ့ပါတယ်။

ဒီနှစ်သမ္မတကပေးအပ်တဲ့ ဆုတံဆိပ်ရရှိသူတွေထဲမှာ သမ္မတဟောင်း Bill Clinton၊ ကျေးလက်ဂီတအကျော်အမော် Loretta Lynn၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Gloria Steinem နဲ့ ရုပ်သံလုပ်ငန်းနဲ့ ကျော်ကြားခဲ့သူ Oprah Winfrey တို့ ပါဝင်ပါတယ်။

ဒီနှစ်ဆုရှင်တွေအားလုံးဟာ အမေရိကန်လူမျိုးတွေက ဘယ်လိုလူစားမျိုးလဲ ဆိုတာကို ပေါ်လွင်စေခဲ့သူတွေ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောကြားပြီး၊ အင်မတန် ထူးခြားတဲ့ စွမ်းရည်ပါရမီ ရှိကြသူတွေ ဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။ ဒီနှစ်ဆုရရှိသူ ၁၆ ယောက်မှာ ၃ ယောက်ကတော့ သက်ရှိထင်ရှား မရှိကြတော့ပါဘူး။

အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားအတွက် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သူတွေ၊ ကမ္ဘာကြီးငြိမ်းချမ်းဖို့နဲ့ အများပြည်သူတွေအကျိူးကို ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူတွေကို ဂုဏ်ပြုဖို့အတွက် Presidential Medal of Freedom ဆုကို သမ္မတဟောင်း John F. Kennedy က လွန်ခဲ့တဲ့ အနှစ် ၅၀ က အစပြုခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကို ၂၀၀၀ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ပါတယ်။
XS
SM
MD
LG