သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့


ကမ္ဘာတလွှား အစိုးရတွေကနေ စာနယ်ဇင်းတွေအပေါ် ထိမ်းချုပ်ထားမှုတွေကို အာရပ်နွေဦး လှုပ်ရှားမှုကြီးက ခြေဖျက် ပစ်ခဲ့နိုင်ခဲ့ပေမယ့်လည်း နိုင်ငံ တော်တော်များများမှာတော့ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး စာနယ်ဇင်း သတင်းလောကကို ဖိနှိပ်နေဆဲ ဖြစ်ကြောင်း ကမ္ဘာ့သတင်းလွတ်လပ်ခွင့် နေ့မှာ
ကုလသမဂ္ဂနဲ့ မီဒီယာ လွတ်လပ်ခွင့် လှုတ်ရှားနေကြတဲ့ အဖွဲ့တွေက ပြောဆိုပါတယ်။

အာရပ်ကမ္ဘာမှာ မီဒီယာ အသစ်နဲ့အဟောင်း ပေါင်းစည်းမိရာကနေ အခွင့်လမ်းအသစ်တွေ မျှော်မှန်းနိုင်တဲ့ အင်အားတွေ ဖြစ်စေခဲ့တယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ ယူနက်စကို အဖွဲ့အဖွဲ့ဥက္ကဌ အိုင်ရီနာ ဘိုကိုဗာ (Irina Bokova) တို့ ကြာသာပတေးနေ့မှာ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိက မှာ ဖြစ်ပွားခဲ့တဲ့ အတွေ့အကြုံတွေက ပြီးခဲ့တဲ့နှစ်အတွင်း သတင်း လွတ်လပ်ခွင့် အောင်မြင်မှုတွေကော မရေရာမသေချာမှုတွေပါ ရှိနေသေးကြောင်း ပြသနေတယ်လို့ Freedom House အဖွဲ့ကပြောပါတယ်။

အီဂျစ်? လစ်ဗျားနဲ့ တူနီးရှားနိုင်ငံတွေမှာ အာရပ်နွေဦးအဖြစ် အောင်အောင်မြင်မြင် လှုတ်ရှားနိုင်ခဲ့တယ် ဆိုပေမယ့် ဘာရိန်းနဲ့ ဆီးရီးယား နိုင်ငံတွေမှာတော့ အစိုးရတွေက နိုင်ငံတွင်း ဆန္ဒပြမှုတွေကို ဖြိုခွဲနေသလို စာနယ်ဇင်း သတင်းလောကကိုလည်း ပြင်းပြင်းထန်ထန် နှိပ်ကွက်နေတာတွေ တွေ့နေရတယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေဟာ မီဒီယာတွေအပေါ် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်မှုတွေ ပြုလုပ်ခဲ့သလို အစိုးရကို ဝေဖန် ပစ်တင်သူတွေကို ဖမ်းဆီးခဲ့ပြီး မီဒီယာတချို့ကို ပိတ်ပစ်တာတွေ ပြုလုပ်ခဲ့တယ်လို့ လည်းပြောဆိုပါတယ်။

XS
SM
MD
LG