သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ် သတင်းစာ ရှင်းလင်းပွဲ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ သတင်းစာရှင်းလင်းပွဲ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ သတင်းစာရှင်းလင်းပွဲ။

မြန်မာ့တပ်မတော်အနေနဲ့ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အရပ်သား အစိုးရအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ၅နှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်သွားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း ထားပြီးသားဖြစ်တယ်လို့ ပြောပါတယ်

သတင်းစာရှင်းလင်းပွဲ
သတင်းစာရှင်းလင်းပွဲ

နေပြည်တော်က ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသီဟစော။ ။ တိုင်းရင်းသားကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စကို မေးကြတာများပါတယ်။ အဲ့ကိစ္စမှာတော့ သူတို့က အခုသွားနေတဲ့ ပုံစံ၊ ဒေါ်အောင်ဆန်းစုကြည်တို့ သွားနေတဲ့ပုံစံ သူတို့ ဒီ့ထက်ပိုကောင်းအောင် လုပ်မယ်။ ဖြစ်နိုင်ရင်တော့ ဒီငါးနှစ်အတွင်းမှာကို ငြိမ်းချမ်းရေး ရအောင် လုပ်မယ်။ အဲ့သဘောမျိုးတွေ ပြောသွားပါတယ်။

ကိုရန်နိုင်။ ။ ငြိမ်းချမ်းရေးကိစ္စရယ်၊ တိုင်းရင်းသားကိစ္စရယ်ကို အဓိကထားပြီး ပြောသွား တယ်ပေါ့နော်။

ဦးသီဟစော။ ။ တခြားတော့ ပါစင်နယ်ကိစ္စတွေ တခြား Issue တွေလည်း ရှိပါတယ်။ ဥပမာ Child Soldiers တို့ ဦးပိုင် အကြောင်းမေးတာမျိုးတို့ အဲ့လိုမေးခွန်းတွေကတော့ အစုံပါပဲ။

ကိုရန်နိုင်။ ။ အဲ့တော့ ငြိမ်းချမ်းရေးကို ငါးနှစ်အတွင်းမှာ ရအောင် လုပ်မယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်က ပြောသွားတယ်။

ဦးသီဟစော။ ။ အဲ့တာက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပူးပေါင်းပြီးတော့ ဖြစ်နိုင်ရင် ငါးနှစ် အတွင်းမှာ ဖြစ်အောင် လုပ်မယ်ပေါ့နော်။ အဲ့လို ပြောပါတယ်။

ကိုရန်နိုင်။ ။ ဒီသတင်းစာရှင်းလင်းပွဲ လုပ်တာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုကြောင့် ဒီအချိန်ကျမှ သတင်းစာရှင်းလင်းပွဲ လုပ်တယ်လို့ရော မြင်မိလဲ။

ဦးသီဟစော။ ။ ကျနော်တို့မြင်တာကတော့ သူက သတင်းမီဒီယာကောင်စီနဲ့ရော စာနယ်ဇင်းကောင်စီနဲ့ရော သုံး၊ လေးကြိမ် တွေ့ပြီးပြီ။ တွေ့ပြီးတော့ မီဒီယာနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးတော့ ကောင်းလာအောင် ဆိုပြီးတော့ သူက ဒီသတင်းမီဒီယာ (၂၀)လောက်ကိုပေါ့နော် တစုတည်းခေါ်ပြီး တွေ့ပြီးပြောတာပါ။ ပြီးတော့ ရင်းရင်းနှီးနှီးဖြစ်အောင်ရယ်၊ လက်ဘက်ရည်ဝိုင်းတွေ အတူတူသောက်ကြ တယ် တပ်မတော် အရာရှိတွေနဲ့ မီဒီယာသမားတွေနဲ့။ သူက ကြည့်ရတာ ပီပြင်တဲ့ Relation ကောင်းအောင်၊ ပြောစရာရှိ တာ ပြောလို့ ရအောင်၊ မေးစရာ ရှိတာ မေးလို့ရအောင် ဖွင့်ပေးတဲ့သဘောမျိုးပါ။ အကြောင်းအရာ တခုခု ရှိလို့လည်း မဟုတ်ပါဘူး။

မေးတဲ့အကြောင်းအရာကလည်း မျိုးစုံပါပဲ။ ဥပမာ ဗိုလ်ချုပ်မှူုးကြီး က ခြောက်ဆယ်ပြည့် ရင် ပင်စင် သွားမှာလားတို့၊ ဘာညာ အဲ့လိုမျိုး ပါစင်နယ်မေးခွန်းတွေလည်း ပါတယ်။ နောက်တခါ ဝန်ကြီးဌာန သုံးခု ပြည်ထဲရေးတို့ နယ်စပ်ရေးရာ တို့ အဲ့ဒီ့လူတွေက ဗိုလ်ချုပ်မှူးကြီး အောက်မှာပဲ ရှိလား။ သမ္မတကြီး အောက်မှာရှိလား အဲ့လိုမျိုး မေးခွန်းတွေတော့ မေးတယ်။ သူကပြောတာကတော့ အကုန်လုံးက သမ္မတကြီးရဲ့ အောက်မှာ ရှိတယ်။

ကိုရန်နိုင်။ ။ ခြောက်ဆယ်ပြည့်ရင် ပင်စင်ယူမှာလားဆိုတဲ့ မေးခွန်းအပေါ်မှာရော ပင်စင်ယူမှာလား ဆိုတဲ့အပေါ်မှာရော သူက ဘာပြောလဲ။

ဦးသီဟစော။ ။ သူက လောလောဆယ်မှာတော့ Extension လုပ်ပြီးတော့ တပ်မတော် အတွက် ဆက်လုပ်မယ်လို့ပြောတယ်။ ဒါပေမဲ့ တပ်ထဲမှာ အသက် ကန့်သတ်ချက်တွေ လုပ်ဖို့လည်း စီစဉ်နေတယ်လို့ ပြောတယ်။ အသက် ဘယ်လောက်အထိပဲ လုပ်မယ်ဆိုတာ စနစ်တကျလေး ရေးနေတယ်လို့ပြောတယ်။

ကိုရန်နိုင်။ ။ ခုနက သူပြောတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေးကိစ္စကို လုပ်ဆောင်သွားမယ်ဆိုပြီးတော့ ပြောပါတယ်။ ဆိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ရော တပ်မတော်ကာကွယ်ဦးစီးချုပ်ရဲ့သဘောထားက ဘယ်လိုရှိပါသလဲ။ ဘယ်လိုတွေ့မိပါလဲ။

ဦးသီဟစော။ ။ သူကတော့ ဆက်ဆံရေးကောင်းပါတယ်။ ညှိနှိုင်းမှုတွေလည်း ရှိပါတယ်လို့ ပြောတယ်။ သူနဲ့ ဒေါ်စု ဆက်ဆံရေးလည်း ကောင်းပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ပြောတယ်။

ကိုရန်နိုင်။ ။ နောက်တခုက ဖွဲ့စည်းပုံ ကိစ္စကိုရော ပြောသေးလား။ နိုင်ငံရေး တည်ငြိမ်ရင် ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး ပြောတာတွေလည်း တွေ့နေရတယ်။ အဲ့တော့ အဲ့ဟာလေးကိုလည်း နည်းနည်းရှင်းပြပါလား။ သူ ဘာပြောသွားသေးလဲ။

ဦးသီဟစော။ ။ သူက Constitution ကို သူတို့ကိုယ်တိုင်လည်း ပြင်သင့် တာ ပြင်ရမယ် ဆိုတာလည်း ပြောတယ်။ ဒါပေမဲ့ အများစုဖြစ်ချင်တာက လွှတ်တော်မှာ ရှိတဲ့ တပ်မတော် ၂၅%က ဘယ်တော့ ထွက်မှာလဲ ဆိုတာမျိုး မေးတယ်။ သူကတော့ အဓိက လက်နက်ကိုင် Conflict တွေ ငြိမ်းချမ်းရေးကိစ္စတွေ အဲ့တာတွေ ပြီးလို့ရှိရင် တိုင်းသူပြည်သားတွေ မြင်စေချင်တာ မြင်လာရမှာပါလို့ပြောတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က သဘောထား သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစောကို ကိုရန်နိုင် ဆက်သွယ်မေးမြန်းခဲ့တာပါ။

တပ်ချုပ် သတင်းစာ ရှင်းလင်းပွဲ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG