သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA စာချုပ်ထိုးဖို့ စစ်ရေးဖိအားတွေ ရှိနေသလား

KIA ရှေ့တန်းတပ်များ
KIA ရှေ့တန်းတပ်များ

၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကျော့ပြီးဆုံးတဲ့ လပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ဖက်ခြမ်းနယ်စပ် တိုင်းရင်းသားဒေသတွေမှာ ပစ်ခတ်မှုတွေ တိုက်ပွဲတွေ ကြားလာရပါတယ်။

ငြိမ်းချမ်းရေးညီလာခံ ဒုတိယအကျော့ မကျင်းပမှီ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ အတွက် တနိုင်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးကြဖို့။ ကျန်တိုင်းရင်းသားအဖွဲ့တွေကို တပ်မတော်က လိုလားနေပါတယ်။ ဒါကြောင့် အခု လတ်တလောဖြစ်လာတဲ့ တိုက်ပွဲတွေဟာ NCA လက်မှတ်ထိုးကြဖို့ စစ်ရေးဖိအားတွေဖြစ်မယ်လို့ ယူဆနိုင်ပါသလား၊ ဒါမှမဟုတ် သီးခြားထိပ်တိုက်တွေ့မှုဖြစ်ရပ်တွေလားဆိုတာနဲ့။ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလားအလာတွေကို အင်္ဂါနေ့ ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ ကိုယ်တိုင်လည်း သတင်းစာဆရာဖြစ်တဲ့ ဦးစည်သူအောင်မြင့်နဲ့ သတင်းအယ်ဒီတာတဦးဖြစ်သူ စိုင်းထွန်းအောင်လွင်တို့က ပင်တိုင် ဆွေးနွေးထားကြပါတယ်။

NCA စာချုပ်ထိုးဖို့ စစ်ရေးဖိအားတွေ ရှိနေသလား
please wait

No media source currently available

0:00 0:15:33 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG