သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာအင်ပါယာလက်ထက် ရှေးဟောင်းပစ္စည်းတချို့ နေရပ်ပြန်ရောက် 


ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံမှာတော့ မကြာသေးမီက ဗြိတိန်ကနေပြန်လည်ရောက်ရှိလာတဲ့ ခမာအင်ပါယာလက်ထက်က လက်ရာတခုကို ဖနွမ်းပင်မြို့က ငြိမ်းချမ်းရေးပြတိုက်မှာ တွေ့ရတာဖြစ်ပါတယ် (မတ် ၁၇၊ ၂၀၂၃)
ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံမှာတော့ မကြာသေးမီက ဗြိတိန်ကနေပြန်လည်ရောက်ရှိလာတဲ့ ခမာအင်ပါယာလက်ထက်က လက်ရာတခုကို ဖနွမ်းပင်မြို့က ငြိမ်းချမ်းရေးပြတိုက်မှာ တွေ့ရတာဖြစ်ပါတယ် (မတ် ၁၇၊ ၂၀၂၃)

ကမ္ဘောဒီးယား အန်ကောဝပ် ဘုရားကျောင်းကနေ ခိုးယူသွားပြီး ဗြိတိန်နိုင်ငံကို ရောက်သွားတဲ့ လက်မှုပစ္စည်း ရတနာတွေကို ဗြိတိန်က ကမ္ဘောဒီယားကို ဒီနေ့ ပြန်လည်ပေးအပ်လိုက်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီရောက်နေတဲ့ ရှေးဟောင်းပစ္စည်းတွေကို အခမ်းအနားနဲ့ လက်ခံပွဲဒီနေ့ လုပ်ခဲ့တာမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ အခုလို ပြန်ပို့ပေးလာတဲ့အပေါ် အထူး ကျေးဇူးတင်မိကြောင်း ဝန်ကြီးချုပ် Hun Sen က ပြောခဲ့ပြီး၊ နောက်ထပ် တရားမဝင် နိုင်ငံထဲက ခိုးထုတ်သွားခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကိုလည်း အလားတူ ပြန်ပို့ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားကို ပြန်ရောက်လာတဲ့ထဲမှာ AD ၉ ရာစုကနေ ၁၄ ရာစုအတွင်း အုပ်ချုပ်ခဲ့တဲ့ ခမာအင်ပါယာလက်ထက်က ရွှေသရဖူတွေ၊ ဘယက်တွေ၊ အဆောင်ပစ္စည်းတွေပါဝင်ပါတယ်။ လက်မှုရတနာပစ္စည်းများစွာဟာ ၁၉၇၀ ခုနှစ်တွေက အုပ်ချုပ်ခဲ့တဲ့ ခမာနီအစိုးရလက်ထက် ခိုးယူခံခဲ့ရတဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ကမ္ဘောဒီယားအရာရှိတွေက ပြောပါတယ်။

ဒီရှေးဟောင်းအမွေအနှစ်ပစ္စည်းတချို့ဟာ ပုဂ္ဂလိက ရောင်းဝယ်သူတွေလက်ထဲကတဆင့် နိုင်ငံတကာက ပြတိုက်တွေဆီ ရောက်သွားတာတွေလည်းရှိတယ်လို့ ပြောကြပါတယ်။ အခုလို ကမ္ဘောဒီယား ရှေးဟောင်းပစ္စည်းတွေ နေရပ်ပြန်ရောက်အောင် ယူနက်စကိုလို ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာက အစိုးရတွေနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG