သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ဘုံသေဘာထားခ်မွတ္ဖို႔ နယူးဇီလန္ေထာက္ခံ


Middle part, from left, New Zealand's Prime Minister Jacinda Ardern at the ASEAN - East Asia Summit in Phnom Penh, Cambodia, Sunday, Nov. 13, 2022. (AP Photo/Vincent Thian)

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာရဲ႕ ဘုံသေဘာထားနဲ႔ ဘုံလုပ္ငန္း ခ်မွတ္ေဆာင္႐ြက္ၾကဖို႔ ေတာင္းဆိုမႈေတြကို ေထာက္ခံေၾကာင္း ကေမာၻဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာ က်င္းပတဲ့ အေရွ႕အာရွထိပ္သီးစည္းေဝးပြဲမွာ နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ Jacinda Ardern ေျပာၾကားလိုက္ပါတယ္။

ျမန္မာစစ္တပ္ရဲ႕ ဖိနိပ္ညႇဥ္းပန္းမႈေတြနဲ႔ အတိုက္အခံေတြကို ကြပ္မ်က္လုပ္ရပ္ေတြဟာ ဘယ္လိုမွ လက္ခံႏိုင္စရာမရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ Ardern က ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕အုပ္ခ်ဳပ္မႈ ခ်ဳပ္ၿငိမ္းေရး ႀကိဳးပမ္းေဆာင္႐ြက္ေနသူေတြ ကြပ္မ်က္ခံခဲ့ရပါတယ္။ အဲဒီလုပ္ရပ္ဟာ အင္မတန္မွ စိတ္မခ်မ္းေျမ့စရာေကာင္းၿပီး ေဒသအတြက္လည္း အမည္းစက္ စြန္းထင္းေစခဲ့ပါတယ္” လို႔ ဝန္ႀကီးခ်ဳပ္ Ardern က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံအေရးဟာ ေျဖရွင္းရခက္ခဲတဲ့ ျပႆနာတရပ္ျဖစ္ၿပီး ႏိုင္ငံတကာအသိုင္းဝိုင္းရဲ႕ ေျဖရွင္းႏိုင္စြမ္းကို စမ္းသပ္ေနတဲ့ ကိစၥရပ္ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

လက္ရွိ အက်ဥ္းခ်ခံေနရတဲ့ ျမန္မာေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူတက္ အရင္ထိပ္သီးစည္းေဝးပြဲေတြ တက္ခဲ့ရတဲ့အခ်ိန္ကို သတိရမိေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္ Ardern က ေျပာပါတယ္။

==== Unicode =====

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဘုံသဘောထားနဲ့ ဘုံလုပ်ငန်း ချမှတ်ဆောင်ရွက်ကြဖို့ တောင်းဆိုမှုတွေကို ထောက်ခံကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အရှေ့အာရှထိပ်သီးစည်းဝေးပွဲမှာ နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖိနိပ်ညှဉ်းပန်းမှုတွေနဲ့ အတိုက်အခံတွေကို ကွပ်မျက်လုပ်ရပ်တွေဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိကြောင်း ဝန်ကြီးချုပ် Ardern က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အုပ်ချုပ်မှု ချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်နေသူတွေ ကွပ်မျက်ခံခဲ့ရပါတယ်။ အဲဒီလုပ်ရပ်ဟာ အင်မတန်မှ စိတ်မချမ်းမြေ့စရာကောင်းပြီး ဒေသအတွက်လည်း အမည်းစက် စွန်းထင်းစေခဲ့ပါတယ်” လို့ ဝန်ကြီးချုပ် Ardern က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေးဟာ ဖြေရှင်းရခက်ခဲတဲ့ ပြဿနာတရပ်ဖြစ်ပြီး နိုင်ငံတကာအသိုင်းဝိုင်းရဲ့ ဖြေရှင်းနိုင်စွမ်းကို စမ်းသပ်နေတဲ့ ကိစ္စရပ်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိ အကျဉ်းချခံနေရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတက် အရင်ထိပ်သီးစည်းဝေးပွဲတွေ တက်ခဲ့ရတဲ့အချိန်ကို သတိရမိကြောင်းလည်း ဝန်ကြီးချုပ် Ardern က ပြောပါတယ်။

XS
SM
MD
LG