သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ် Sharif ရာထူးက ဆင်းပေးဖို့ ငြင်းဆို


ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif
ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif

အစ္စလာမ်မာဘတ်မြို့တော်မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ၊ ရက်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ ဖိအားပေးမှုတွေကြား ပြဿနာတက်နေတဲ့ ဝန်ကြီးချုပ် Nawaz Sharif က ရာထူးကနေ နုတ်ထွက်ပေးဖို့ ထပ်မံ ငြင်းဆိုလိုက်ပါတယ်။

မစ္စတာ Sharif ကို နိုင်ငံရေးအရ ထောက်ခံမှုပေးဖို့ ကြိုးပမ်းမှုအဖြစ် ပါကစ္စတန်လွှတ်တော်အမတ်တွေက အင်္ဂါနေ့မှာ ပူးတွဲလွှတ်တော်အစည်းအဝေးပွဲ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ ပါကစ္စတန်ရဲ့ မြို့တော်အလယ်မှာ ထောင်နဲ့ချီရှိတဲ့ ဆန္ဒပြသူတွေ သီတင်းတပတ်ကျော်ကြာ စုဝေးခဲ့ကြတာဖြစ်ပြီး ရွေးကောက်ပွဲမှာ မဲ မသမာမှုတွေ စွပ်စွဲချက်နဲ့ ဝန်ကြီးချုပ် Nawaz Sharif ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြမှုတွေဟာ အများအားဖြင့် ငြိမ်းချမ်းစွာ ရှိခဲ့ပေမယ့် ဒီသီတင်းပတ်ကုန်မှာတော့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်တွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်မှုဟာ တနင်္လာနေ့မှာ ပိုဆိုးခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ပါကစ္စတန်ရဲ့ နိုင်ငံပိုင် ရုပ်သံအဆောက်အဦးကို ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး အစီအစဉ် ထုတ်လွှင့်မှုကိုလည်း ခေတ္တ ပြတ်တောက်သွားစေခဲ့ပါတယ်။ အဲဒီနေ့ နှောင်းပိုင်းမှာ သစ်သား တင်းပုတ်တွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ရဲ့နေအိမ်ကို သွားရောက်ဖို့ ကြိုးပမ်းခဲ့ကြရာမှာ ရဲ့ မျက်ရည်ယိုဗုံးအသုံးပြုခဲ့ပါတယ်။

ရုပ်သံလွှင့်ဌာနမှာတော့ တချိန်က ခရစ်ကက်အားကစားသမားလည်း ဖြစ်ခဲ့ပြီး လက်ရှိ နိုင်ငံရေးအတိုက်အခံခေါင်းဆောင်ဖြစ်သူ Imran Khan က မစ္စတာ ရှာရစ်ဖ်ဟာ ပါကစ္စတန်ကို ဦးဆောင်ဖို့ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံတဲ့သူမဟုတ်ဘူးလို့ ဆန္ဒပြသူတွေကို ပြောခဲ့ပါတယ်။

XS
SM
MD
LG