သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Narendra Modi ရဲ့ ရုပ်ပုံလွှာ


အိန္ဒိယ ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ့် BJP ပါတီခေါင်းဆောင် Nerandra Modi ။(မေ ၁၆၊ ၂၀၁၄)။
အိန္ဒိယ ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ့် BJP ပါတီခေါင်းဆောင် Nerandra Modi ။(မေ ၁၆၊ ၂၀၁၄)။
အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ့် Narendra Modi ရဲ့ဘဝဟာ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေ ဖြစ်တဲ့ နေရူး-ဂန္ဒီဆွေစဉ် မျိုးဆက်တွေနဲ့ စာရင် သိပ်ကို ရိုးစင်းလှပါတယ်။ Mr. Modi ဟာ နိုင်ငံအနောက်ဖက် Gujarat ပြည်နယ် က သာမန်လူလတ်တန်းစား မိသားစုကနေ ကြီးပြင်း လာတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ဘူတာရုံတရုံမှာ လဘက်ရည်ရောင်းပြီး မိခင်ကတော့ အိမ်အကူ တယောက်ဖြစ်ပါတယ်။

သူအရွယ်ရောက်ချိန်မှာ လက်ယာယိမ်း ဟိန္ဒူအမျိုးသားရေးဝါဒီ Rashtriya Swayamsevak Sangh အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ အဲဒီအဖွဲ့က သူ ပညာတတ်ဖြစ်အောင်နဲ့ စည်းကမ်း ရှိတဲ့လူအဖြစ်လည်း ပျိုးထောင်ပေးခဲ့တယ်လို့ Mr. Modi ကဆိုပါတယ်။

Mr. Modi ဟာ ၂၀၀၁ ခုနှစ်ကစပြီး Gujarat ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်
ထမ်းဆောင်ခဲ့တာပါ။ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ Gujarat ပြည်နယ်ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီး သူဟာ စီးပွားရေးပြုပြင်ပြောင်းလဲသူ တယောက်ဖြစ်တယ်လို့ အများက အသိအမှတ်ပြုကြပါတယ်။

ဒါပေမဲ့ ၂၀၀၂ ခုနှစ်တုံးက Gujarat ပြည်နယ်မှာ မူဆလင်အများစုပါဝင်တဲ့ လူ ၁၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဘာသာရေးအဓိကရုဏ်း ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး Mr. Modi ရဲ့ နိုင်ငံရေးသက်တမ်းမှာ အမည်းစက်ရှိခဲ့ဘူးပါတယ်။ Mr. Modi ကတော့ သူအမှားမလုပ်ခဲ့ကြောင်း၊ ဟိန္ဒူဘုရားဖူးလိုက်ပါလာတဲ့ မီးရထားကို မူဆလင်တွေက မီးရှို့ခဲ့လို့ အဓိဂရုဏ်းစပြီးဖြစ်ခဲ့ရတာလို့ ပြောပါတယ်။

အိန္ဒိယတရားရုံးတရုံးကတော့ Mr. Modi ကို တရားစွဲဆိုဖို့ လုံလောက်တဲ့သက်သေအထောက်အထားမရှိဘူးလို့ မနှစ်ကနှစ်ကုန်ပိုင်းက အမိန့် ချမှတ်ခဲ့ပါတယ်။
XS
SM
MD
LG