သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ထိပ်တန်းတက္ကသိုလ်တွေစာရင်း ထုတ်ပြန်


အမေရိကန်ပြည်ထောင်စုက လူဖတ်များတဲ့ U.S. News & World Report မဂ္ဂဇင်းက အကောင်းဆုံး အမေရိကန် တက္ကသိုလ်များစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံထဲက တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၁၈၀၀ နှိုင်းယှဉ်ပြီး နှစ်စဉ်စာရင်းကို ထုတ်ပြန်ခဲ့တာမှာ Princeton တက္ကသိုလ်ကို တနိုင်ငံလုံးမှာ အကောင်းဆုံး တက္ကသိုလ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Harvard တက္ကသိုလ်က ဒုတိယအကောင်းဆုံးဖြစ်ပြီး၊ တတိယ အကောင်းဆုံးတွေအဖြစ် Chicago တက္ကသိုလ်နဲ့ Yale တက္ကသိုလ်တို့ကို ပူးတွဲသတ်မှတ်ခဲ့ပါတယ်။

ခုလို အကောင်းဆုံး တက္ကသိုလ်တွေ စာရင်းအပြင် နိုင်ငံထဲက အကောင်းဆုံး Liberal Arts ဘာသာရပ်တွေ သင်ကြားတဲ့ ကောလိပ်တွေ၊ ဒေသအလိုက် အကောင်းဆုံး တက္ကသိုလ်တွေအပြင် သမိုင်းအစဉ်အလာအရ လူမည်းတွေသာတက်တဲ့ ကောလိပ်နဲ့ တက္ကသိုလ်စာရင်းတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး ကောလိပ် တက္ကသိုလ်စာရင်းပြုစုတဲ့နေရာမှာ အတန်းတွေရဲ့ အရွယ်အစားကိုပါ ပထမဆုံးအကြိမ် ထည့်သွင်းဆုံးဖြတ်ခဲ့ပါတယ်။

Princeton တက္ကသိုလ် တနိုင်ငံလုံး အကောင်းဆုံးစာရင်းဝင်
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG