သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အက်ဥ္းသား ၇,၀၁၂ ဦး စိန္ရတုလြတ္လပ္ေရးေန႔မွာ လႊတ္ေပး


၂၀၂၃ ခု၊ ဇန္နဝါရီလ ၄ ရက္၊ စိန္ရတုလြတ္လပ္ေရးေန႔အထိမ္းအမွတ္ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔လြတ္လာသူေတြကို ေစာင့္ႀကိဳေနၾကတဲ့ မိသားစုနဲ႔မိတ္ေဆြမ်ား။

(zawgyi/unicode)

ႏိုင္ငံတဝွမ္းအက်ဥ္းခ်ခံေနရတဲ့ အက်ဥ္းသား ၇,၀၀၀ ေက်ာ္ကို စိန္ရတု လြတ္လပ္ေရးအထိမ္းအမွတ္နဲ႔ လူမႈေရးေထာက္ထားမႈအရ ႁခြင္းခ်က္ထားၿပီး လြတ္ၿငိမ္းခြင့္ေပးတယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ခဲ့ပါတယ္။ အခု လတ္တေလာ လြတ္လာသူေတြထဲမွာ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူတခ်ိဳ႕နဲ႔ သတင္းေထာက္တခ်ိဳ႕ ပါဝင္ခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေမးျမန္းသတင္းေပးပို႔ထားတာကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

ဒီေန႔ ဇန္နဝါရီလ ၄ ရက္မွာက်ေရာက္တဲ့ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္နဲ႔ လူမႈေရးအရ ေထာက္ထားမႈအရ စစ္ေကာင္စီဥကၠ႒ကေန အက်ဥ္းသား ၇,၀၁၂ ဦး လြတ္ၿငိမ္းခြင့္ေပးတယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ လူသတ္မႈ၊ လက္နက္မႈ၊ မတရားအသင္းဆက္သြယ္မႈ၊ မူးယစ္ျပစ္မႈ၊ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာျပစ္မႈ၊ အၾကမ္းဖက္ဥပေဒခ်ိဳးေဖာက္မႈနဲ႔ အဂတိလိုက္စားမႈမ်ားမွအပ အျခားျပစ္မႈေတြနဲ႔အက်ဥ္းခ်ခံေနရသူေတြကို ျပစ္ဒဏ္ရဲ႕ ၆ ပုံ တပုံ လြတ္ၿငိမ္းသက္သာခြင့္ျပဳလိုက္တယ္လို႔လည္း စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ အမိန႔္ေၾကညာစာအမွတ္ ၁/၂၀၂၃ အရကေတာ့အက်ဥ္းသား ၇,၀၁၂ ဦး ျပစ္ဒဏ္ကေနလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးထားပါတယ္။ အက်ဳံးဝင္သူေတြေတာ့ ပါမွာပါ။ ၂/၂၀၂၃ အရကေတာ့ခုနကေျပာတဲ့ ၇,၀၁၂ ဦး လြတ္ၿငိမ္းခြင့္အျပင္ အမႈႀကီး ၈ မႈ၊ အမႈႀကီး ၈ မႈ ဆိုတာက လူသတ္မႈ၊ မုဒိန္းမႈတို႔၊ ေပါက္ကြဲေစတတ္တဲ့အမႈ၊ လက္နက္မႈ၊ မူးယစ္ေဆးဝါးမႈ၊ သဘာဝေဘးအႏၲရာယ္၊ အၾကမ္းဖက္ တိုက္ဖ်က္ေရးအရအမႈေတြ၊ အဂတိအမႈေတြ၊ အဲ ၈ မႈေတြမွအပ က်န္တဲ့အမႈေတြနဲ႔ျပစ္ဒဏ္က်ခံေနရတဲ့သူေတြကို ျပစ္ဒဏ္ရဲ႕ ၆ ပုံ ၁ ပုံ သက္သာခြင့္ေပးတာေတြ ရွိပါတယ္။ ဒါေတြနဲ႔အက်ဳံးဝင္သူေတြအားလုံး ေလွ်ာ့ေပါ့ခြင့္ရမွာ ျဖစ္ပါတယ္။”

ေထာင္ဒဏ္ ၃၃ ႏွစ္ခ်ခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဳပ္သေဘာ ေျပာင္းထားမယ္ဆိုတဲ့သတင္းေတြ ထြက္ေနတဲ့အေပၚမွာေတာ့ စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အတည္မျပဳသလို ေဒၚေအာင္ဆန္းစုၾကည္ ျပစ္ဒဏ္ေတြေလွ်ာ့ေပါ့ႏိုင္ေျခနဲ႔ပတ္သက္လို႔လည္း မွတ္ခ်က္တစုံတရာေပးဖို႔ ျငင္းပါတယ္။ ေထာင္အျပစ္ဒဏ္ရဲ႕ ၆ ပုံတပုံ ေလွ်ာ့ေပါ့ေပးတဲ့ ေၾကညာခ်က္အရဆိုရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ NLD အစိုးရ လက္ထက္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အစိုးရအဖြဲ႕ဝင္ေတြေရာ၊ ထင္ရွားတဲ့ တက္ႂကြ လႈပ္ရွားသူေတြေရာ ျပစ္ဒဏ္ေလွ်ာ့ေပါ့မႈ မ်ားမ်ားစားစား ရႏိုင္ဖြယ္မရွိပါဘူး။ ဒါေပမယ့္လည္း အဂတိလိုက္စားမႈ စြဲခ်က္နဲ႔ ေထာင္ဒဏ္ခ်မွတ္ခံထားရတဲ့ စစ္ဗိုလ္ခ်ဳပ္ေဟာင္း NLD အစိုးရ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုကေတာ့ မေန႔ညပိုင္းကတည္းက ေထာင္ကလြတ္ၿပီး ေနအိမ္ကို ျပန္လည္ေရာက္ရွိလာပါတယ္။

စိန္ရတုလြတ္လပ္ေရးေန႔မွာ လြတ္ၿငိမ္းခြင့္နဲ႔လြတ္လာသူ ေဒၚသန္းျမင့္ေအာင္
စိန္ရတုလြတ္လပ္ေရးေန႔မွာ လြတ္ၿငိမ္းခြင့္နဲ႔လြတ္လာသူ ေဒၚသန္းျမင့္ေအာင္

ဒီကေန႔ ျပန္လြတ္လာတဲ့အထဲမွာေတာ့ စာေရးဆရာလည္းျဖစ္၊ ပရဟိတမိခင္လို႔လည္းတင္စားၾကတဲ့ NLD အစိုးရလက္ထက္ ရန္ကုန္စည္ပင္ေကာ္မတီဝင္ေဟာင္း စာေရးဆရာေဒၚသန္းျမင့္ေအာင္ ၊ စာေရးဆရာ ဦးထင္လင္းဦး၊ ကခ်င္အမ်ိဳးသား ကြန္ကရက္ပါတီ ဥကၠ႒ ေဒါက္တာ အမ္ေကာန္လ၊ တက္ႂကြလႈပ္ရွား သူတခ်ိဳ႕ျဖစ္တဲ့ ဦးေအာင္ဖုန္းေမာ္၊ ဦးမ်ိဳးေတဇာေမာင္၊ ကိုေအးေအာင္၊ ေဒါက္တာ အာကာမိုးသူ၊ ကိုေလေျပစိုးမိုးတို႔အပါအဝင္ သတင္းေထာက္တခ်ိဳ႕ ပါဝင္တယ္လို႔ သိရပါတယ္။

ေဒါက္တာအမ္ေကာန္လ က လြတ္ေျမာက္လာတာနဲ႔ပတ္သက္လို႔ သူနဲ႔နီးစပ္သူတဦးက ခုလို အတည္ျပဳပါတယ္။

“ဟုတ္ကဲ့။ ျပန္လြတ္သြားၿပီ။ ဒီေန႔တနာရီခြဲမွာ ျမစ္ႀကီးနားေထာင္ကေနျပန္လြတ္တယ္။ က်န္းမာေရး ေကာင္းပါတယ္။ ခုေလာေလာဆယ္ ပါတီကလူေတြနဲ႔တူတူရွိေနပါတယ္။”

အက်ဥ္းသား ၇ ေထာင္ေက်ာ္ ဒီလိုလြတ္ၿငိမ္းခြင့္ေပးလိုက္ေပးတဲ့အထဲမွာ အခု ရရွိတဲ့စာရင္းေတြအရေတာ့ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ဆယ္ဂဏန္းေလာက္ပဲ ပါဝင္ပါတယ္။ ဒါ့အျပင္ ျပစ္ဒဏ္ က လြတ္ေျမာက္လာသူေတြကို ႁခြင္းခ်က္စည္းမ်ဥ္းထားတာဟာ လြတ္လာေပမယ့္ ေႏွာင္ႀကိဳးသေဘာမ်ိဳးျဖစ္ေနတယ္လို႔ ဥပေဒပညာရွင္တဦးက ေဝဖန္ပါတယ္။

“တကယ္လိုအပ္ေနတာသည္ ခြၽင္းခ်က္မရွိတဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ေတြလို အပ္တာေပါ့။ ဘယ္ပုဒ္မ ဘယ္ျပစ္ဒဏ္ေတြ မပါဘူး။ ဟိုဟာမပါဘူး။ ဟိုလူမပါဘူး၊ ဒီလူမပါဘူး။ အားလုံးကို အက်ဳံးဝင္တဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖစ္ဖို႔လိုတာေပါ့။ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ဆိုတာမွာလည္း ေႏွာင္ႀကိဳးက ပါေသးတယ္။ ေနာက္ဒါမ်ိဴးလုပ္လို႔ကေတာ့ အရင္ျပစ္ဒဏ္ေတြပါ ျပန္က်ခံရမယ္ဆိုတဲ့ ေႏွာင္ႀကိဳးေတြပါေနတာဆိုေတာ့ ျပည့္ျပည့္ဝဝ ဝမ္းေျမာက္တဲ့သေဘာမေဆာင္ဘူး။ ႏိုင္ငံေရးအရ တုပ္ေႏွာင္ၿပီး လႊတ္တာျဖစ္တဲ့အတြက္ ဥပေဒသမားေတြအျမင္အရ ဒါကို ဆရာတို႔ကမႏွစ္သက္ဘူး။ သေဘာမက်ဘူး။ ဘယ္အျပစ္နဲ႔ပဲ က်ေနေန တဘက္မွာ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတယ္ဆိုရင္ အက်ဥ္းသားအကုန္လုံး တေျပးညီအက်ိဳးခံစားခြင့္သက္ေရာက္မွ ဝမ္းေျမာက္ႀကိဳဆိုစရာလို႔ ျမင္တယ္။ အခုက ေပါကၡရဝႆမိုး ကြက္က်ား႐ြာတဲ့မိုးပါပဲ။ လႊတ္ခ်င္တဲ့လူမွ လႊတ္မယ္။ ဟိုဘက္က ၆ ပုံ ၁ ပုံကလည္း ေပးခ်င္တဲ့လူမွ ေပးမယ္။ လတ္တေလာအရ ႏိုင္ငံတကာဖိအားကို ေလ်ာ့႐ုံသက္သက္ပဲ။ ႏိုင္ငံေရးအရ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသူေတြအတြက္ေတာ့ ဘာမွ ထိေရာက္တဲ့ရလဒ္တခုမဟုတ္ဘူးလို႔ပဲ ျမင္ပါတယ္။”

စိန္ရတုလြတ္လပ္ေရးေန႔အထိမ္းအမွတ္ လြတ္ၿငိမ္းခြင့္နဲ႔ျပန္လြတ္လာတဲ့ စာေရးဆရာထင္လင္းဦး
စိန္ရတုလြတ္လပ္ေရးေန႔အထိမ္းအမွတ္ လြတ္ၿငိမ္းခြင့္နဲ႔ျပန္လြတ္လာတဲ့ စာေရးဆရာထင္လင္းဦး

ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း AAPP ထုတ္ျပန္ခ်က္အရ အာဏာသိမ္းခ်ိန္ကေန ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလ ၃ ရက္ေန႔ထိ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံထားရသူ စုစုေပါင္း ၁၄,၀၀၀ နီးပါးရွိၿပီး အဲဒီထဲကမွ အေယာက္ ၂,၀၀၀ ေက်ာ္ ေထာင္ဒဏ္က်ခံထားရတယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဒီထဲမွာ ျပန္လည္လြတ္ေျမာက္လာသူဦးေရက အေယာက္ ၃,၀၀၀ ေက်ာ္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ေနာက္ၿပီး ေႏြဦးေတာ္လွန္ေရးနဲ႔ဆက္စပ္လို႔ ေသဒဏ္ခ်မွတ္ခံထားရၿပီး အက်ဥ္းေထာင္ေတြထဲ ထိန္းသိမ္းခံေနရသူစုစုေပါင္းက အေယာက္ ၁၀၀ ေက်ာ္ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

(unicode)

အကျဉ်းသား ၇၀၁၂ ဦး စိန်ရတုလွတ်လပ်ရေးနေ့မှာ လွှတ်ပေး

နိုင်ငံတဝှမ်းအကျဉ်းချခံနေရတဲ့ အကျဉ်းသား ၇,၀၀၀ ကျော်ကို စိန်ရတု လွတ်လပ်ရေးအထိမ်းအမှတ်နဲ့ လူမှုရေးထောက်ထားမှုအရ ခြွင်းချက်ထားပြီး လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အခု လတ်တလော လွတ်လာသူတွေထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့နဲ့ သတင်းထောက်တချို့ ပါဝင်ခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်က မေးမြန်းသတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၄ ရက်မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ လူမှုရေးအရ ထောက်ထားမှုအရ စစ်ကောင်စီဥက္ကဋ္ဌကနေ အကျဉ်းသား ၇,၀၁၂ ဦး လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် လူသတ်မှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှု၊ မူးယစ်ပြစ်မှု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာပြစ်မှု၊ အကြမ်းဖက်ဥပဒေချိုးဖောက်မှုနဲ့ အဂတိလိုက်စားမှုများမှအပ အခြားပြစ်မှုတွေနဲ့အကျဉ်းချခံနေရသူတွေကို ပြစ်ဒဏ်ရဲ့ ၆ ပုံ တပုံ လွတ်ငြိမ်းသက် သာခွင့်ပြုလိုက်တယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ အမိန့်ကြေညာစာအမှတ် ၁/၂၀၂၃ အရကတော့အကျဉ်းသား ၇,၀၁၂ ဦး ပြစ်ဒဏ်ကနေလွတ်ငြိမ်းချမ်းသာခွင့်ပေးထားပါတယ်။ အကျုံးဝင်သူတွေတော့ ပါမှာပါ။ ၂/၂၀၂၃ အရကတော့ခုနကပြောတဲ့ ၇,၀၁၂ ဦး လွတ်ငြိမ်းခွင့်အပြင် အမှုကြီး ၈ မှု၊ အမှုကြီး ၈ မှု ဆိုတာက လူသတ်မှု၊ မုဒိန်းမှုတို့၊ ပေါက်ကွဲစေတတ်တဲ့အမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှု၊ သဘာဝဘေးအန္တရာယ်၊ အကြမ်းဖက် တိုက်ဖျက်ရေးအရအမှုတွေ၊ အဂတိအမှုတွေ၊ အဲ ၈ မှုတွေမှအပ ကျန်တဲ့အမှုတွေနဲ့ပြစ်ဒဏ်ကျခံနေရတဲ့သူတွေကို ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ သက်သာခွင့်ပေးတာတွေ ရှိပါတယ်။ ဒါတွေနဲ့အကျုံးဝင်သူတွေအားလုံး လျော့ပေါ့ခွင့်ရမှာ ဖြစ်ပါတယ်။”

ထောင်ဒဏ် ၃၃ နှစ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သဘော ပြောင်းထားမယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့အပေါ်မှာတော့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်မပြုသလို ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်တွေလျှော့ပေါ့နိုင်ခြေနဲ့ပတ်သက်လို့လည်း မှတ်ချက်တစုံတရာပေးဖို့ ငြင်းပါတယ်။ ထောင်အပြစ်ဒဏ်ရဲ့ ၆ ပုံတပုံ လျှော့ပေါ့ပေးတဲ့ ကြေညာချက်အရဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရ လက်ထက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ဝင်တွေရော၊ ထင်ရှားတဲ့ တက်ကြွ လှုပ်ရှားသူတွေရော ပြစ်ဒဏ်လျှော့ပေါ့မှု များများစားစား ရနိုင်ဖွယ်မရှိပါဘူး။ ဒါပေမယ့်လည်း အဂတိလိုက်စားမှု စွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ စစ်ဗိုလ်ချုပ်ဟောင်း NLD အစိုးရ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကတော့ မနေ့ညပိုင်းကတည်းက ထောင်ကလွတ်ပြီး နေအိမ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဒီကနေ့ ပြန်လွတ်လာတဲ့အထဲမှာတော့ စာရေးဆရာလည်းဖြစ်၊ ပရဟိတမိခင်လို့လည်းတင်စားကြတဲ့ NLD အစိုးရလက်ထက် ရန်ကုန်စည်ပင်ကော်မတီဝင်ဟောင်း စာရေးဆရာဒေါ်သန်းမြင့်အောင် ၊ စာရေးဆရာ ဦးထင်လင်းဦး၊ ကချင်အမျိုးသား ကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လ၊ တက်ကြွလှုပ်ရှား သူတချို့ဖြစ်တဲ့ ဦးအောင်ဖုန်းမော်၊ ဦးမျိုးတေဇာမောင်၊ ကိုအေးအောင်၊ ဒေါက်တာ အာကာမိုးသူ၊ ကိုလေပြေစိုးမိုးတို့အပါအဝင် သတင်းထောက်တချို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒေါက်တာအမ်ကောန်လ က လွတ်မြောက်လာတာနဲ့ပတ်သက်လို့ သူနဲ့နီးစပ်သူတဦးက ခုလို အတည်ပြုပါတယ်။

“ဟုတ်ကဲ့။ ပြန်လွတ်သွားပြီ။ ဒီနေ့တနာရီခွဲမှာ မြစ်ကြီးနားထောင်ကနေပြန်လွတ်တယ်။ ကျန်းမာရေး ကောင်းပါတယ်။ ခုလောလောဆယ် ပါတီကလူတွေနဲ့တူတူရှိနေပါတယ်။”

အကျဉ်းသား ၇ ထောင်ကျော် ဒီလိုလွတ်ငြိမ်းခွင့်ပေးလိုက်ပေးတဲ့အထဲမှာ အခု ရရှိတဲ့စာရင်းတွေအရတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဆယ်ဂဏန်းလောက်ပဲ ပါဝင်ပါတယ်။ ဒါ့အပြင် ပြစ်ဒဏ် က လွတ်မြောက်လာသူတွေကို ခြွင်းချက်စည်းမျဉ်းထားတာဟာ လွတ်လာပေမယ့် နှောင်ကြိုးသဘောမျိုးဖြစ်နေတယ်လို့ ဥပဒေပညာရှင်တဦးက ဝေဖန်ပါတယ်။

“တကယ်လိုအပ်နေတာသည် ချွင်းချက်မရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေလို အပ်တာပေါ့။ ဘယ်ပုဒ်မ ဘယ်ပြစ်ဒဏ်တွေ မပါဘူး။ ဟိုဟာမပါဘူး။ ဟိုလူမပါဘူး၊ ဒီလူမပါဘူး။ အားလုံးကို အကျုံးဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်ဖို့လိုတာပေါ့။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဆိုတာမှာလည်း နှောင်ကြိုးက ပါသေးတယ်။ နောက်ဒါမျိူးလုပ်လို့ကတော့ အရင်ပြစ်ဒဏ်တွေပါ ပြန်ကျခံရမယ်ဆိုတဲ့ နှောင်ကြိုးတွေပါနေတာဆိုတော့ ပြည့်ပြည့်ဝဝ ဝမ်းမြောက်တဲ့သဘောမဆောင်ဘူး။ နိုင်ငံရေးအရ တုပ်နှောင်ပြီး လွှတ်တာဖြစ်တဲ့အတွက် ဥပဒေသမားတွေအမြင်အရ ဒါကို ဆရာတို့ကမနှစ်သက်ဘူး။ သဘောမကျဘူး။ ဘယ်အပြစ်နဲ့ပဲ ကျနေနေ တဘက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုရင် အကျဉ်းသားအကုန်လုံး တပြေးညီအကျိုးခံစားခွင့်သက်ရောက်မှ ဝမ်းမြောက်ကြိုဆိုစရာလို့ မြင်တယ်။ အခုက ပေါက္ခရဝဿမိုး ကွက်ကျားရွာတဲ့မိုးပါပဲ။ လွှတ်ချင်တဲ့လူမှ လွှတ်မယ်။ ဟိုဘက်က ၆ ပုံ ၁ ပုံကလည်း ပေးချင်တဲ့လူမှ ပေးမယ်။ လတ်တလောအရ နိုင်ငံတကာဖိအားကို လျော့ရုံသက်သက်ပဲ။ နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေအတွက်တော့ ဘာမှ ထိရောက်တဲ့ရလဒ်တခုမဟုတ်ဘူးလို့ပဲ မြင်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၄,၀၀၀ နီးပါးရှိပြီး အဲဒီထဲကမှ အယောက် ၂,၀၀၀ ကျော် ထောင်ဒဏ်ကျခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီထဲမှာ ပြန်လည်လွတ်မြောက်လာသူဦးရေက အယောက် ၃,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး နွေဦးတော်လှန်ရေးနဲ့ဆက်စပ်လို့ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူစုစုပေါင်းက အယောက် ၁၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG