ေဟာင္ေကာင္မွာ ဒီမိုကေရစီေရး လႈပ္ရွားသူ၊ ထင္ရွားတဲ့ မီဒီယာလုပ္ငန္းရွင္ သူေဌးႀကီး ဂ်င္မီလိုင္ (Jimmy Lai) ကို ေထာင္ဒဏ္ ၆ ႏွစ္နီးပါးနဲ႔ ေငြဒဏ္ ေဒၚလာသိန္းခ်ီ ခ်လိုက္ပါတယ္။ ႐ုံးခန္းအေဆာက္အဦး ငွားရမ္းတဲ့ သက္တမ္းကာလ ခ်ိဳးေဖာက္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဆက္စပ္ၿပီး ေငြေၾကးလိမ္လည္မႈနဲ႔ ေထာင္ဒဏ္ ၅ ႏွစ္၊ ၉ လနဲ႔ ေငြဒဏ္ ေဒၚလာ ၂၅၇,၀၀၀ ဒီေန႔ ခ်မွတ္လိုက္တာပါ။
ေဟာင္ေကာင္မွာ ထင္ရွားတဲ့ ဒီမိုကေရစီေရး လႈပ္ရွားသူေတြကို တရားစြဲအေရးယူတာေတြ ဆက္တိုက္လုပ္ေဆာင္ေနတဲ့ အမႈေတြထဲ လတ္တေလာ ေနာက္ဆုံးျဖစ္ရပ္ျဖစ္ၿပီး ေဝဖန္သူေတြကေတာ့ အတိုက္အခံေတြကို အသံတိတ္သြားေအာင္ လုပ္ေဆာင္ေနတာလို႔ ေဝဖန္ပါတယ္။
ေဟာင္ေကာင္မွာ ၂၀၁၉ ခုႏွစ္က က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္ခဲ့တဲ့ ဒီမိုကေရစီအေရး ဆႏၵျပမႈေတြအတြင္း Jimmy Lai ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး၊ ဒီဆႏၵျပပြဲေတြေနာက္ပိုင္း တ႐ုတ္ျပည္ႀကီး အစိုးရက ခ်မွတ္ခဲ့တဲ့ အမ်ိဳးသားလုံၿခဳံေရးဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ ေထာင္ဒဏ္နဲ႔ ေငြဒဏ္ေတြ ခ်မွတ္ခံရတာ ျဖစ္ပါတယ္။
အမ်ိဳးသားလုံၿခဳံေရးဥပေဒအရ Jimmy Lai ရဲ႕ ပိုင္ဆိုင္မႈေတြကိုလည္း ထိန္းခ်ဳပ္ထားသလို၊ သူ႔ရဲ႕ Apple သတင္းစာတိုက္ကိုလည္း ၂၀၂၁ ခုႏွစ္မွာ အစိုးရက ဖိအားေပး ပိတ္သိမ္းပစ္ခဲ့ပါတယ္။ ေဟာင္ေကာင္မွာ ဒီမိုကေရစီေရး လႈပ္ရွားမႈေတြကို ႏွိမ္ႏွင္းဖို႔ ရည္႐ြယ္တဲ့ တ႐ုတ္ျပည္မႀကီးအစိုးရရဲ႕ လုံၿခဳံေရးဥပေဒသစ္ကို ၂၀၂၁ ခုႏွစ္ ဇူလိုင္လမွာ ထုတ္ျပန္ခဲ့ၿပီးကတည္းက ဖမ္းဆီးသူေတြ အမ်ားအျပား ရွိခဲ့ၿပီး ဒီအထဲမွာ မီဒီယာလုပ္ငန္းရွင္ႀကီး Jimmy Lai ဟာ အထင္ရွားဆုံးပုဂၢိဳလ္ ျဖစ္ပါတယ္။
==== Unicode ====
ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူ၊ ထင်ရှားတဲ့ မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင် (Jimmy Lai) ကို ထောင်ဒဏ် ၆ နှစ်နီးပါးနဲ့ ငွေဒဏ် ဒေါ်လာသိန်းချီ ချလိုက်ပါတယ်။ ရုံးခန်းအဆောက်အဦး ငှားရမ်းတဲ့ သက်တမ်းကာလ ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဆက်စပ်ပြီး ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ် ၅ နှစ်၊ ၉ လနဲ့ ငွေဒဏ် ဒေါ်လာ ၂၅၇,၀၀၀ ဒီနေ့ ချမှတ်လိုက်တာပါ။
ဟောင်ကောင်မှာ ထင်ရှားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို တရားစွဲအရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အမှုတွေထဲ လတ်တလော နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး ဝေဖန်သူတွေကတော့ အတိုက်အခံတွေကို အသံတိတ်သွားအောင် လုပ်ဆောင်နေတာလို့ ဝေဖန်ပါတယ်။
ဟောင်ကောင်မှာ ၂၀၁၉ ခုနှစ်က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တဲ့ ဒီမိုကရေစီအရေး ဆန္ဒပြမှုတွေအတွင်း Jimmy Lai ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ဒီဆန္ဒပြပွဲတွေနောက်ပိုင်း တရုတ်ပြည်ကြီး အစိုးရက ချမှတ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခံရတာ ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေးဥပဒေအရ Jimmy Lai ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်ထားသလို၊ သူ့ရဲ့ Apple သတင်းစာတိုက်ကိုလည်း ၂၀၂၁ ခုနှစ်မှာ အစိုးရက ဖိအားပေး ပိတ်သိမ်းပစ်ခဲ့ပါတယ်။ ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့ ရည်ရွယ်တဲ့ တရုတ်ပြည်မကြီးအစိုးရရဲ့ လုံခြုံရေးဥပဒေသစ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ခဲ့ပြီးကတည်းက ဖမ်းဆီးသူတွေ အများအပြား ရှိခဲ့ပြီး ဒီအထဲမှာ မီဒီယာလုပ်ငန်းရှင်ကြီး Jimmy Lai ဟာ အထင်ရှားဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။