သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ်


ယူကရိန်းဆန္ဒပြ အကြမ်းဖက်မှုဖြစ်ပွား။ (ဇန်နဝါရီလ ၁၉၊ ၂၀၁၄)
ယူကရိန်းဆန္ဒပြ အကြမ်းဖက်မှုဖြစ်ပွား။ (ဇန်နဝါရီလ ၁၉၊ ၂၀၁၄)
ယူကရိန်းနိုင်ငံမှာ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နှိမ်နှင်းဖို့အတွက် ရည်ရွယ်ပြီးပြဌာန်းလိုက်တဲ့ ဥပဒေတွေကို အာခံတဲ့အနေနဲ့ ယူကရိန်းနိုင်ငံသား ၁ သိန်းလောက် စုဝေးခဲ့ကြစဉ်အတွင်း၊ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်နှိမ်နှင်းရေးရဲတွေ တနင်္ဂနွေနေ့က ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ပါလီမန်အဆောက်အအုံဘက်ကို ချီတက်ဖို့ ကြိုးပမ်းနေစဉ်မှာ၊ အစွန်းရောက် တက်ကြွလှုပ်ရှားသူတစုက ရဲတွေကို တုတ်တွေနဲ့ စတင်ရိုက်နှက်ခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ပါလီမန်အဆောက်အအုံကို ရဲတွေ ဘတ်စ်ကားတွေနဲ့ ဝန်းရံပိတ်ဆို့တားဆီးခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေထဲက အတော်များများဟာ ဦးထုပ်အမာတွေ၊ ဓါတ်ငွေ့ဒဏ်ခံနိုင်တဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်ထားပြီးတော့၊ မီးသတ်ဗူးတွေ၊ မီးကျည်တွေ အသုံးပြုပြီးတော့ ရဲတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဓိက အတိုက်အခံခေါင်းေဆောင် တဦးဖြစ်တဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း Vitaly Klitchko က ရဲတွေကို မတိုက်ခိုက်ဖို့ ဆန္ဒပြသူတွေကို တားဆီးခဲ့ပေမယ့် ၊ တားဆီးလို့မရဘဲဖြစ်ခဲ့ပါတယ်။
XS
SM
MD
LG