သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ အစိုးရလိုလားသူတွေအကြား ရုန်းရင်းဆံခတ်ဖြစ်


မျက်နှာဖုံးအုပ်ထားသူတွေက စီးပွားရေးအချက်အခြာကျတဲ့ အဓိက လမ်ူတွေပေါ်က အတားအဆီးတွေကို ဖယ်ရှားဖို့ ကြိုးစားစဉ်။ (အောက်တိုဘာ ၁၃၊ ၂၀၁၄)
မျက်နှာဖုံးအုပ်ထားသူတွေက စီးပွားရေးအချက်အခြာကျတဲ့ အဓိက လမ်ူတွေပေါ်က အတားအဆီးတွေကို ဖယ်ရှားဖို့ ကြိုးစားစဉ်။ (အောက်တိုဘာ ၁၃၊ ၂၀၁၄)

Hong Kong မြို့လည်မှာ သီတင်းပတ်အတော်ကြာ ဒီမိုကရေစီအရေးဆန္ဒပြနေခဲ့ကြသူတွေနဲ့ မျက်နှာဖုံးတပ်ဆင်ထားသူ တချို့အပါအဝင် လူ ရာဂဏန်းတို့ကြား ဒီကနေ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြကြသူတွေ ပြုလုပ်ထားတဲ့ အရံအတားတွေကို ဖြုတ်ချဖို့ တချို့က ဒီကနေ့ လုပ်ဆောင်ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ အငှားကားမောင်းသူတွေကလည်း ကားဟွန်းတွေ တီး၊ ဆန္ဒပြသူတွေကို အော်ဟစ်ပြီး သူတို့ မကျေနပ်ဘူးဆိုတာ ပြသခဲ့ပါတယ်။ ဆန္ဒပြသူတွေနေရာယူထားတဲ့ သပိတ်စခန်းအစွန်မှာတော့ ရဲတွေက တချို့အရံအတားတွေကို ဖယ်ရှားပြီး ယာဉ်ကြောပိတ်ဆို့မှု သက်သာအောင် လုပ်ဆောင်ခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားအများစုဖြစ်တဲ့ ဆန္ဒပြသူတွေက စက်တင်ဘာလကုန်မှာ စတင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး Hong Kong အုပ်ချုပ်ရေးမှူး ရာထူးက နှုတ်ထွက်ပေးဖို့ တရုတ်အစိုးရရဲ့ ကန့်သတ်ချက်တွေ မပါပဲ ခေါင်းဆောင်တဦးကို Hong Kong လူထု မဲပေးရွေးချယ်ခွင့်ပြုဖို့ တောင်းဆိုတာပါ။ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Leung Chun-ying (le-on) ကတော့ သူရာထူးက ဆင်းပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

XS
SM
MD
LG