သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရက်ပုလင်းပေါ်မှာ အဟာရအချက်အလက် ဖော်ပြဖို့ ကန်အစိုးရ အဆိုပြု


အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန

အမေရိကန်ပြည်ထောင်စုမှာ ဝိုင်၊ ဘီယာ၊ အရက် စတဲ့ အဖျော်ယမကာပုလင်းတွေမှာ ပါဝင်ပစ္စည်းနဲ့ အဟာရဆိုင်ရာ အချက်အလက်တွေ ဖော်ပြဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပြုပါတယ်။ ဒါတင်မက ဓါတ်မတည့်တဲ့ အရာတွေကိုပါ သတိပေးဖော်ပြရမယ်လို့ ကြာသပတေးနေ့က အဆိုပြုခဲ့ပါတယ်။

စားသောက်ကုန်တွေပေါ်မှာ ဖော်ပြသလိုမျိုး ပုလင်းတွေထဲက အရက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြဖို့အတွက် ဘဏ္ဍာရေးဌာန လက်အောက်မှာရှိတဲ့ အရက်နဲ့ ဆေးရွက်ကြီးဆိုင်ရာ အကောက်ခွန်နဲ့ ကုန်သွယ်ရေး ဗျူရိုက လိုလားနေတာတာ ဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓါတ်တွေ အရက်တခါသောက်သုံးရင် ဘယ်လောက်နှုန်း ပါဝင်တယ်ဆိုတာကို ဖေါ်ပြဖို့ဖြစ်ပါတယ်။ ဒုတိယ သတ်မှတ်ချက်ကတော့ အရက် တွေထဲမှာ ကြက်ဥ၊ နို့၊ ငါး၊ ပုဇွန်၊ ဂျုံ၊ မြေပဲစတဲ့ တချို့သူတွေနဲ့ ဓါတ်မတည့်ဘဲ နေထိုင်မကောင်း ဖြစ်နိုင်တာတွေပါမပါ ဖော်ပြရမယ်လို့ ပြောထားပါတယ်။

အရက်သောက်ရင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ သတိပေးချက် ဖော်ပြဖို့ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးမှူး Dr. Vivek Murthy က နှစ်ဆန်းပိုင်းမှာ အကြံပြုချက် ထုတ်ပြန်ခဲ့ပြီးနောက် အခုလို အရက်ပုလင်းတွေပေါ်မှာ အချက်အလက်တွေ ဖော်ပြဖို့ အစိုးရက ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့အနှစ် ၂၀ လောက်တည်းက Center for Science in the Public Interest လို အဖွဲ့တွေအပါအဝင် စားသုံးသူကာကွယ်ရေးအဖွဲ့တွေက အခုလို အချက်အလက်တွေ ဖေါ်ပြဖို့ စတင် အဆိုပြုခဲ့ကြဖူးပါတယ်။

အဖျော်ယမကာ ကုမ္ပဏီတွေအနေနဲ့ ပါဝင်ပစ္စည်း အချက်အလက်တွေကို ကိုယ့်သဘောနဲ့ကိုယ် မကြာခင်နှစ်ပိုင်းတွေထဲက ဖော်ပြခွင့်ပြုထားပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ Beer Institute ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ထိပ်တန်းအရက်ချက် လုပ်ငန်းကြီးတွေ ရောင်းချတဲ့ ဘီယာ ၉၅ ရာခိုင်နှုန်းမှာ အဟာရဆိုင်ရာ အချက်အလက်တွေ ဖော်ပြထားတာကို တွေ့ရှိခဲ့ပါတယ်။ အခုကတော့ မဖြစ်မနေ ဖော်ပြကြဖို့ အမေရိကန်က အရက်နဲ့ ဆေးရွက်ကြီးဆိုင်ရာ အကောက်ခွန်နဲ့ ကုန်သွယ်ရေးဗျူရိုက ကြိုးစားတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG