သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Charlie Hebdo မဂ္ဂဇင်း အဖုံးကို ကန့်ကွက် ဆန္ဒပြမှုများ


ပါကစ္စတန် မူဆလင်တွေ ဆန္ဒပြ ။
ပါကစ္စတန် မူဆလင်တွေ ဆန္ဒပြ ။

Charlie Hebdo အပတ်စဉ်ထုတ် မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ တမန်တော် မိုဟာမက်ပုံကို ဖေါ်ပြထားတာအတွက် ကမ္ဘာတလွှားက ထောင်နဲ့ ချီတဲ့ မူစလင်တွေ ဆန္ဒပြခဲ့ကြပြီး တချို့ ဆန္ဒပြမှုတွေဟာ အကြမ်းဖက်တဲ့ အနေအထား ကို ရောက်ခဲ့ကြပါတယ်။

နိုင်ဂျာ Niger နိုင်ငံ တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ Zinder မှာ သောကြာနေ့က ပြင်သစ် ယဉ်ကျေးမှု ဌာနနဲ့ ခရစ်ယာန် ဘုရားကျောင်း အများအပြားကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ကြပြီးလူ ၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အသတ်ခံရသူတွေထဲမှာ ရဲအရာရှိတဦး ပါနေတယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အကြမ်းဖက်တဲ့ ဆန္ဒပြမှုတွေကို ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာလည်း တွေ့ခဲ့ရပြီး ဆန္ဒပြသူ ရာပေါင်းများစွာဟာ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု တွေ ဖြစ်ခဲ့တာပါ။ ဒါဏ်ရသူ ၃ ဦးထဲမှာ ပြင်သစ် သတင်းဌာန AFP က ဓါတ်ပုံ သတင်းထောက် တဦးလည်း ပါနေပါတယ်။ ဆန္ဒပြပွဲတွေကို အစ္စလာမ်မာဘတ်နဲ့ Lahore အပါအဝင် ပါကစ္စတန်နိုင်ငံမြို့ကြီးတချို့မှာပါ တွေ့ရပါတယ်။

အယ်လ်ဂျီးယားနိုင်ငံမှာလည်း ဆန္ဒပြ
အယ်လ်ဂျီးယားနိုင်ငံမှာလည်း ဆန္ဒပြ

အယ်ဂျီးရီးယားနိုင်ငံ Algiers မှာ မြို့တော်ရဲ့ ကမ်းနား တဝိုက် ရဲတွေနဲ့ ဆန္ဒပြသူတွေကြား အဓိကရုဏ်းတွေ ဖြစ်ပွါးခဲ့ပြီး ဆန္ဒပြသူတွေက ခဲတွေ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။အဲဒီမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အစပိုင်းမှာတော့ "ငါဟာ မိုဟာမက်"လို့ အဓိပ္ပါယ်ရတဲ့ စာတမ်းတွေ ကိုင်ဆောင်ဝှေ့ရမ်းပြီး ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြတာပါ။

အနောက် အာဖရိက နိုင်ငံတွေဖြစ်တဲ့ မာလီ၊ ဆီနီဂေါနဲ့ Mauritania နိုင်ငံတွေ ရဲ့မြို့ကြီးတွေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ ချီတက်ခဲ့ကြ ပါတယ်။ Jordan နိုင်ငံ Amman နဲ့Turkey က Istanbul တို့မှာလည်း ဆန္ဒပြမှုတွေ ရှိပါတယ်။ Charlie Hebdo မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ် စာစောင် မျက်နှာဖုံးမှာ တမန်တော် မိုဟာမက်ကိုJe Suis Charlie “ငါဟာ ချာလီ” လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ပုံ ကိုတင်ထားပြီး အဲဒီစာတမ်းအောက်မှာ အားလုံးကို ခွင့်လွှတ်တယ်လို့ ရေးသားထားတာပါ။

XS
SM
MD
LG