သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ ဘာသာရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်း


Mideast Iran Morality Police
Mideast Iran Morality Police

အီရန်ပြည်သူတွေက နှစ်လကြာ ဆန္ဒပြခဲ့ကြပြီးတဲ့နောက် ဘာသာရေး ရဲတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း တနင်္ဂနွေနေ့က အီရန်ဒေသခံမီဒီယာကို ကိုးကားပြီး၊ အေအက်ဖ်ပီသတင်းဌာနက ဆိုပါတယ်။ ဘာသာရေး သတ်မှတ်ချက်နဲ့ မညီဘဲ၊ ခေါင်းပုဝါစည်းခဲ့တဲ့အတွက် Mahsa Amini ကို ဘာသာရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးတဲ့နောက် ရက်ပိုင်းအတွင်း သေဆုံးသွားခဲ့ရာက အီရန်နိုင်ငံတလွှားမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွါးခဲ့တာပါ။

ဘာသာရေး ရဲတပ်ဖွဲ့ဟာ တရားရေးနဲ့ ဘာမှမဆိုင်ပါဘူးလို့ ရှေ့နေချုပ် Mohammad Jafar Montazeri က ပြောဆိုပြီး ဖျက်သိမ်းလိုက်ကြောင်း အီရန်ရဲ့ ISNA သတင်းဌာနက ဆိုပါတယ်။ ဘာသာရေးဆိုင်ရာ ညီလာခံတစ်ခုမှာ တက်ရောက်သူတစ်ဦးက ဘာကြောင့် ဘာသာရေး ရဲအဖွဲ့ကို ပိတ်လိုက်တာလဲလို့ မေးလိုက်တဲ့ မေးခွန်းကို ရှေ့နေချုပ်က ပြန်ဖြေလိုက်တာ ဖြစ်ပါတယ်လို့ သတင်းက ဖော်ပြထားပါတယ်။

ဘာသာရေး ရဲတပ်ဖွဲ့ကို သဘောထားတင်းမာတဲ့ သမ္မတ Mahmoud Ahmadinejad လက်ထက်မှာ ဖွဲ့စည်းခဲ့တာပါ။ ၂၀၀၆ ခုနှစ်ကစပြီး လူတွေ ရဲ့ ဝတ်စားပုံက ဘာသာရေးနဲ့ ညီမညီ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးတွေ ခေါင်းပုဝါခြုံဖို့ ဥပဒေကို ပြောင်းသင့်မသင့် လွှတ်တော်နဲ့ တရားရေးဌာနတို့က စဉ်းစားလုပ်ကိုင်နေကြောင်း Montazeri က ပြောကြားခဲ့ပြီး နောက်တစ်ရက်မှာပဲ ဘာသာရေး ရဲတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ပြဌာန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ ပျော့ပျောင်းနိုင်ပါတယ်လို့ အီရန်သမ္မတ Ebrahim Raisi က စနေနေ့က ရုပ်မြင်သံကြား မှာ ပြောကြားခဲ့ပါတယ်။

=== Unicode ====






XS
SM
MD
LG