သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားသမ္မတ နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆို


ဗင်နီဇွဲလားသမ္မတ နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆို
ဗင်နီဇွဲလားသမ္မတ နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆို

ဗင်နီဇွဲလားနိုင်ငံ သမ္မတ Nicolas Maduro ကို ဆန့်ကျင်တဲ့ ရာထောင်ချီတဲ့သူတွေဟာ ဝေးလံတဲ့ အမေဇုံဒေသ ရွာတွေကနေလာရောက် ကြပြီး Caracas မြို့ရဲ့လမ်းမတွေပေါ်မှာ ကြာသပတေးနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတချို့ဟာ တကိုယ်လုံး အဖြူရောင်ကို ဝတ်ဆင်ထားကြပြီး “ဗင်နီဇွဲလားမှာ ငတ်နေပြီ”လို့ကြွေးကြော်ကာ မြို့တော်ရဲ့အရှေ့ဘက်ကို ချီတက် ဆန္ဒပြခဲ့ကြတာပါ။ သမ္မတကို ထောက်ခသူ ဒီနှစ်ထဲ ၂၅ ရာခိုင်နှုန်းထိ ကျသွားခဲ့ပြီး လက်ရှိသမ္မတ နှုတ်ထွက်ပေးရေး ပြည်သူ့ဆန္ဒ ခံယူပွဲလုပ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေ ကြတာဖြစ်ပါတယ်။

စီးပွားရေး ကပ်ဆိုက်မှု၊ ရာဂဏန်းအထိ ငွေကြေးဖောင်းပွမှုတွေနဲ့ စားနပ်ရိက္ခာအပါအဝင် တနိုင်ငံလုံး အခြေခံ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အတိုက်အခံတွေက မြို့တော်မှာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

သမ္မတ Maduro က အကြမ်းဖက်မှု ပေါ်လာရင် အတိုက်အခံ ခေါင်းဆောင်ကို ထောင်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမယ့် Democratic Unity Roundtable အတိုက်အခံပါတီရဲ့ခေါင်းဆောင် Jesus Torrealba ကတော့ ချီတက်မှုတွေကို ငြိမ်းချမ်းစွာ ဆက်လုပ်သွား မယ်လို့ ကတိပေး ထားပါတယ်။

အတိုက်အခံတွေက “Caracas ကို သိမ်းကြ” ၊ “ဒီ အစိုးရ ကျဆုံးရမယ်” လို့ ကြွေးကြော်ကြပြီး သမ္မတကို အရေးယူဖို့ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြတာပါ။ ဒါပေမယ့် ရွေးကောက်ပွဲဘုတ်အဖွဲ့က အချိန်ဆွဲနေတာကြောင့် ဒီနှစ်မှာ ပြည်သူ့ဆန္ဒ ခံယူပွဲလုပ်ဖို့ အလားအလာ မမြင်ရသေးပါဘူး။

တချိန်ထဲမှာပဲ အစိုးရထောက်ခံတဲ့ အနီရောင်ဝတ် ဆန္ဒပြသူတွေကလဲ ကြာသပတေးနေ့မှာပဲ သီးခြားဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG