သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကျော့ပြန် ဟောင်ကောင်ဆန္ဒပြမှု


၂၀၁၇ ရွေးကောက်ပွဲမှာ ပါဝင်မယ့် တရုတ်ပြည်မကြီးအစိုးရရဲ့အခန်းကဏ္ဍတွေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ဟောင်ကောင်ပြည်သူများ။
၂၀၁၇ ရွေးကောက်ပွဲမှာ ပါဝင်မယ့် တရုတ်ပြည်မကြီးအစိုးရရဲ့အခန်းကဏ္ဍတွေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ဟောင်ကောင်ပြည်သူများ။

ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြသူထောင်နဲ့ချီ ဒီကနေ့ တနင်္ဂနွေနေ့မှာ လမ်းပေါ် ပြန်ထွက်လာပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီစနစ် အပြည့်အဝ ကျင့်သုံးဖို့ သပိတ်စခန်းဖွင့်တောင်းဆိုမှုတွေ ရပ်ဆိုင်းခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းထဲကဆိုရင် အခုလူထုဆန္ဒပြမှုဟာ ပထမဆုံး ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းလုပ်သွားမှာဖြစ်ပြီး မြို့ထဲက အချက်အခြာကျတဲ့နေရာတွေကို ပိတ်ဆို့ဆန္ဒပြတာမျိုး ထပ်မလုပ်တော့ဘူးလို့
ဆန္ဒပြပွဲကို ဦးဆောင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် September လက စတင်ခဲ့တဲ့ Occupy Central လို့ဆိုတဲ့ လှုပ်ရှားမှုတုန်းက ဆန္ဒပြသူတွေဟာ
ဟောင်ကောင်က စီးပွားရေးအရ အရေးပါတဲ့နေရာတွေမှာ ပိတ်ဆို့ စတည်းချဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေတောင်းဆိုမှုတွေကို
အာဏာပိုင်တွေဘက်က လိုက်လျောခြင်းမရှိဘဲ သပိတ်စခန်းတွေကို ဒီဇင်ဘာကတုန်းက ရှင်းလင်းခဲ့ပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး C Y Leung ရာထူးကနေဆင်းပေးဖို့နဲ့ ဟောင်ကောင်မှာ ၂၀၁၇ ခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် သူတွေကို တရုတ်ပြည်မကြီးအစိုးရက စိစစ်တာမျိုးမလုပ်ဖို့ ဆန္ဒပြသူတွေက ဆောင်းဆိုနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG