သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေရှိတဲ့ ရုရှားရွေးကောက်ပွဲ


ရုရှား ရွေးကောက်ပွဲ ၂၀၂၄
ရုရှား ရွေးကောက်ပွဲ ၂၀၂၄

ရုရှားနိုင်ငံမှာ လက်ရှိသမ္မတ Vladimir Putin ပဲ နောက်ထပ် သမ္မတသက်တမ်း ၆ နှစ် ဆက်အုပ်ချုပ်ဖို့ သေချာနေတဲ့ သမ္မတရွေးကောက်ပွဲတွေ ဒုတိယမြောက်နေ့ ဆက်လက်ကျင်းပနေပါတယ်။

သမ္မတ Putin ကို ထောက်ခံမဲပေးကြသူတွေ ရှိသလို၊ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်မှု တချို့လည်း ရှိပါတယ်။ မဲရုံတွေကို လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ မဲပုံးတွေထဲကို အစိမ်းရောင်အရည် လောင်းချတာအပါအဝင် မဲရုံထဲ ဝင်ရောက်ဖျက်ဆီးတဲ့ ဖြစ်ရပ်ပေါင်း ၆ ခုထက်မနည်း ရုရှားနိုင်ငံတဝန်းမှာ ရှိခဲ့ပါတယ်။ မကြာခင်ပဲ အကျဉ်းထောင်ထဲမှာ သေဆုံးသွားတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ကို ၂၀၁၇ ခုနှစ်တုန်းက မော်စကိုမြို့တော်မှာ အစိမ်းရောင် ပိုးသတ်ဆေးရည်နဲ့ ပတ်ပြီးတိုက်ခိုက်ခဲ့တာကို အကြောင်းပြုပြီး ရုရှားအစိုးရ အတိုက်အခံတွေက မဲပုံးတွေထဲ အစိမ်းရောင်အရည်တွေ လောင်းထည့်ပြီး သူတို့ရဲ့ ကန့်ကွက်မှုကို ပြခဲ့ကြတာပါ။

ရွေးကောက်ပွဲကို နှောင့်ယှက်သူတွေကို ထောင်ဒဏ် ၅ နှစ်အထိ ချမယ်လို့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက ပြောကြားခဲ့သလို၊ မဲပုံးထဲ အစိမ်းရောင်အရည်တွေ လောင်းထည့်ခဲ့သူ အမျိုးသမီးကိုလည်း အစိုးရက ရာဇဝတ်မှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။ မဲပြားတွေပေါ်မှာ သမ္မတ Putin နဲ့အတူ ပြိုင်ဘက် ၃ ယောက်ရှိပေမဲ့ သူပဲ သမ္မတ ပြန်အရွေးခံရအောင် စနစ်တကျစီစဉ်ထားတဲ့ ရွေးကောက်ပွဲလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ နိုင်ငံတဝန်း ရွေးကောက်ပွဲတွေကိုတော့ မတ်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကျင်းပနေတာ ဖြစ်ပါတယ်။

ရုရှား သိမ်းယူထားတဲ့ ယူကရိန်းနယ်မြေတွေမှာပါ ရွေးကောက်ပွဲတွေ ကျင်းပနေတာနဲ့ ပတ်သက်လို့တော့ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၅၀ ကျော်က ရုရှားကို ကန့်ကွက် ရှုတ်ချနေကြပါတယ်။

Forum

XS
SM
MD
LG