တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္လုံးဝကင္းစင္ေရး Zero Covid မူဝါဒ ခ်မွတ္ထားတဲ့အေပၚ ၿမိဳ႕ေတာ္ေဘဂ်င္းနဲ႔ ရွန္ဟိုင္းၿမိဳ႕အပါအဝင္ ႏိုင္ငံတဝန္းက တကၠသိုလ္ေက်ာင္းေပါင္း ၅၀ ေလာက္မွာ ဒီကေန႔ ႏိုဝင္ဘာ ၂၇ ရက္ေန႔မွာ ကန႔္ကြက္ဆႏၵျပပြဲေတြ ဆက္လက္ျဖစ္ေပၚခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံ၊ ရွင္ဂ်န္းေဒသက Urumqi ၿမိဳ႕မွာ ၾကာသပေတးေန႔ညက လူေနတိုက္တန္းတခု မီးေလာင္မႈျဖစ္ပြားတာမွာ အနည္းဆုံး လူ ၁၀ ဦးေသဆုံးသြားခဲ့ရတာဟာ အဲဒီ ကိုဗစ္ ကန႔္သတ္ခ်က္ေတြေၾကာင့္ မီးသတ္သမားေတြ အခ်ိန္မီေရာက္မလာတဲ့အတြက္လို႔ဆိုတဲ့ ေျပာဆိုမႈေတြ ထြက္လာၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကစလို႔ ဆႏၵျပပြဲေတြ ျဖစ္ေပၚေနခဲ့တာပါ။
ရွန္ဟိုင္းၿမိဳ႕မွာ ဆႏၵျပေနသူေတြကို ရဲတပ္ဖြဲ႔ဝင္ေတြက မၾကာေသးခင္ နာရီပိုင္းအတြင္း အင္အားသုံး လူစုခြဲခဲ့ေပမယ့္ ဆႏၵျပသူေတြ ျပန္ေရာက္လာၿပီး ဆက္ဆႏၵျပေနၾကယုံတင္မကဘဲ ေရာက္လာတဲ့ ရဲတပ္ဖြဲ႕ေတြကိုပါ ဗြီဒီယို မွတ္တမ္းတင္ခဲ့ၾကပါတယ္။
ဆႏၵျပသူေတြက “ကိုဗစ္စမ္းသပ္တဲ့ PCR အလိုမရွိ၊ လြတ္လပ္မႈသာ လိုခ်င္တယ္” ဆိုတဲ့ ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ခဲ့ၾကလို႔ အမည္မေဖာ္လိုတဲ့ မ်က္ျမင္သက္ေသေျပာတာကို ကိုးကားၿပီး ေအပီသတင္းမွာ ေရးပါတယ္။
လမ္းမေပၚထြက္ ဆႏၵျပတဲ့ အစဥ္အလာ မရွိသေလာက္ ရွားပါးလွတဲ့ တ႐ုတ္ႏိုင္ငံမွာ ေသာၾကာေန႔ကစလို႔ ေန႔စဥ္ဆိုသလို ဆႏၵျပပြဲေတြ ျဖစ္ေပၚေနခဲ့တာမွာ ေဘးဂ်င္းၿမိဳ႕က တကၠသိုလ္ေက်ာင္းသားေတြလည္း ပါဝင္ပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလည္း သမၼတရွီက်င့္ဖ်င္ရဲ႕ တင္းၾကပ္တဲ့ ကိုဗစ္ကန႔္သတ္ခ်က္ေတြအေပၚ ရွန္ဟိုင္းၿမိဳ႕ခံေတြ ကန႔္ကြက္ဆႏၵျပခဲ့ၾကသလို အခု အေစာပိုင္းမွာလည္း အလားတူ ကန႔္ကြက္ဆႏၵျပမႈေတြ ျဖစ္ခဲ့တာမွာ လူမႈကြန္ရက္ရဲ႕ အကူအညီနဲ႔ တျခားၿမိဳ႕ေတြပါ ပါဝင္ခဲ့လာခဲ့တာေၾကာင့္ အခုတႀကိမ္ဟာ အက်ယ္ျပန႔္ဆုံး ျဖစ္ပါတယ္။
==== Unicode ===
တရုတ်နိုင်ငံမှာ ကိုဗစ်လုံးဝကင်းစင်ရေး Zero Covid မူဝါဒ ချမှတ်ထားတဲ့အပေါ် မြို့တော်ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့အပါအဝင် နိုင်ငံတဝန်းက တက္ကသိုလ်ကျောင်းပေါင်း ၅၀ လောက်မှာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ရှင်ဂျန်းဒေသက Urumqi မြို့မှာ ကြာသပတေးနေ့ညက လူနေတိုက်တန်းတခု မီးလောင်မှုဖြစ်ပွားတာမှာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးသွားခဲ့ရတာဟာ အဲဒီ ကိုဗစ် ကန့်သတ်ချက်တွေကြောင့် မီးသတ်သမားတွေ အချိန်မီရောက်မလာတဲ့အတွက်လို့ဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက် ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာပါ။
ရှန်ဟိုင်းမြို့မှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက မကြာသေးခင် နာရီပိုင်းအတွင်း အင်အားသုံး လူစုခွဲခဲ့ပေမယ့် ဆန္ဒပြသူတွေ ပြန်ရောက်လာပြီး ဆက်ဆန္ဒပြနေကြယုံတင်မကဘဲ ရောက်လာတဲ့ ရဲတပ်ဖွဲ့တွေကိုပါ ဗွီဒီယို မှတ်တမ်းတင်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက “ကိုဗစ်စမ်းသပ်တဲ့ PCR အလိုမရှိ၊ လွတ်လပ်မှုသာ လိုချင်တယ်” ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြလို့ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေပြောတာကို ကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။
လမ်းမပေါ်ထွက် ဆန္ဒပြတဲ့ အစဉ်အလာ မရှိသလောက် ရှားပါးလှတဲ့ တရုတ်နိုင်ငံမှာ သောကြာနေ့ကစလို့ နေ့စဉ်ဆိုသလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာမှာ ဘေးဂျင်းမြို့က တက္ကသိုလ်ကျောင်းသားတွေလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း သမ္မတရှီကျင့်ဖျင်ရဲ့ တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေအပေါ် ရှန်ဟိုင်းမြို့ခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြသလို အခု အစောပိုင်းမှာလည်း အလားတူ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာမှာ လူမှုကွန်ရက်ရဲ့ အကူအညီနဲ့ တခြားမြို့တွေပါ ပါဝင်ခဲ့လာခဲ့တာကြောင့် အခုတကြိမ်ဟာ အကျယ်ပြန့်ဆုံး ဖြစ်ပါတယ်။