သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နမ့်ဆန်မြို့အနီး စကစရဲ့တိုက်ခိုက်မှုဟာ တအာင်းဒေသကို ဖျက်ဆီးရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်


TNLA (တအန္း၊ပေလာင္ဝ္) တပ္ဖြဲ႔ဝင္မ်ား။ (ဓာတ္ပံု-TNLA News)

ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ် ကုန်သာရွာအနီးမှာ မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တာဟာ စစ်ကောင်စီက ပြောသလို မဟုတ်ဘဲ၊ “တအာင်းဒေသကို ကျူးလွန်ဖျက်ဆီးရန် ကြိုးပမ်းဆောင်ရွက်နေ” တာသာ ဖြစ်တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီက ဒီကနေ့ထုတ်ပြန်တဲ့ ပူးတွဲကျေညာချက် ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားရဲ့ ကြေညာချက်မှာတော့ - တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်တာမဟုတ်ဘဲ၊ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်စပ်နေတဲ့ ပီဒီအက်ဖ် အမည်ခံ အကြမ်းဖက်အဖွဲ့တွေက လက်နက်တွေ သယ်လာတာကို တိုက်ခိုက် ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ကျေညာခဲ့တာပါ။

ဒါပေမဲ့ “မြန်မာ စစ်ကောင်စီက သတင်းထုတ်ပြန်သလို မိမိတို့၏ တအာင်းတပ်မတော် လက်နက်များသော်လည်းကောင်း၊ NUG-PDF ရဲ့ လက်နက်ပစ္စည်းများသော်လည်းကောင်း သိမ်းဆည်းခံရခြင်း၊ ဆုံးရှုံးပျက်စီးခြင်း မရှိပါ” လို့ ပလောင် နဲ့ တအာင်းအဖွဲ့တွေရဲ့ ကျေညာချက်က ပြောပါတယ်။

ကျေညာချက်အရ၊ ဒီဇင်ဘာ ၇ ရက် နဲ့ ၁၃ ရက်တွေအတွင်းမှာ တအာင်းတပ်ဖွဲ့တွေရဲ့ စခန်းနဲ့ ကုန်းသာ၊ ဟူမန်း၊ မန်လုံး၊ ရေပုံး အစရှိတဲ့ ကျေးရွာတွေကို မြန်မာစစ်တပ်က ရဟတ်ယာဉ်နဲ့ ၂၈ ကြိမ်၊ တိုက်ခိုက်ရေး ဂျက်လေယာဉ် နဲ့ ၃၂ ကြိမ်အပြင် လက်နက်ကြီးတွေနဲ့ အကြိမ် ၃၀ ကျော် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာတွေက နေအိမ်အဆောက်အအုံတွေ၊ အိမ်မွေးတိရိစ္ဆန်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ လုပ်ငန်းအဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ရတဲ့အပြင်၊ ကုန်းသာရွာသား ၂ ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး၊ အများအပြားဒဏ်ရာရ၊ ရွာသူရွာသား ထောင်ချီပြီး အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြရတယ်လို့ ကျေညာချက်က ဆိုပါတယ်။

==== Unicode ====

ေက်ာက္မဲခ႐ိုင္၊ နမ့္ဆန္ၿမိဳ႕နယ္ ကုန္သာ႐ြာအနီးမွာ ျမန္မာစစ္တပ္က တိုက္ခိုက္ခဲ့တာဟာ စစ္ေကာင္စီက ေျပာသလို မဟုတ္ဘဲ၊ “တအာင္းေဒသကို က်ဴးလြန္ဖ်က္ဆီးရန္ ႀကိဳးပမ္းေဆာင္႐ြက္ေန” တာသာ ျဖစ္တယ္လို႔ ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF နဲ႔ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ TNLA တို႔ရဲ႕ ဗဟိုအလုပ္အမႈေဆာင္ေကာ္မီတီက ဒီကေန႔ထုတ္ျပန္တဲ့ ပူးတြဲေက်ညာခ်က္ ေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္ပိုင္ ျမဝတီ႐ုပ္ျမင္သံၾကားရဲ႕ ေၾကညာခ်က္မွာေတာ့ - တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ေတြကို တိုက္ခိုက္တာမဟုတ္ဘဲ၊ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ NUG နဲ႔ ဆက္စပ္ေနတဲ့ ပီဒီအက္ဖ္ အမည္ခံ အၾကမ္းဖက္အဖြဲ႔ေတြက လက္နက္ေတြ သယ္လာတာကို တိုက္ခိုက္ ဖ်က္ဆီးခဲ့တာ ျဖစ္တယ္လို႔ ေက်ညာခဲ့တာပါ။

ဒါေပမဲ့ “ျမန္မာ စစ္ေကာင္စီက သတင္းထုတ္ျပန္သလို မိမိတို႔၏ တအာင္းတပ္မေတာ္ လက္နက္မ်ားေသာ္လည္းေကာင္း၊ NUG-PDF ရဲ႕ လက္နက္ပစၥည္းမ်ားေသာ္လည္းေကာင္း သိမ္းဆည္းခံရျခင္း၊ ဆုံး႐ႈံးပ်က္စီးျခင္း မ႐ွိပါ” လို႔ ပေလာင္ နဲ႔ တအာင္းအဖြဲ႔ေတြရဲ႕ ေက်ညာခ်က္က ေျပာပါတယ္။

ေက်ညာခ်က္အရ၊ ဒီဇင္ဘာ ၇ ရက္ နဲ႔ ၁၃ ရက္ေတြအတြင္းမွာ တအာင္းတပ္ဖြဲ႔ေတြရဲ႕ စခန္းနဲ႔ ကုန္းသာ၊ ဟူမန္း၊ မန္လုံး၊ ေရပုံး အစ႐ွိတဲ့ ေက်း႐ြာေတြကို ျမန္မာစစ္တပ္က ရဟတ္ယာဥ္နဲ႔ ၂၈ ႀကိမ္၊ တိုက္ခိုက္ေရး ဂ်က္ေလယာဥ္ နဲ႔ ၃၂ ႀကိမ္အျပင္ လက္နက္ႀကီးေတြနဲ႔ အႀကိမ္ ၃၀ ေက်ာ္ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေက်း႐ြာေတြက ေနအိမ္အေဆာက္အအုံေတြ၊ အိမ္ေမြးတိရိစၧန္ေတြ၊ ဘုန္းႀကီးေက်ာင္းေတြ၊ စာသင္ေက်ာင္းေတြနဲ႔ လုပ္ငန္းအေဆာက္အအုံေတြ မီးေလာင္ပ်က္စီးခဲ့ရတဲ့အျပင္၊ ကုန္းသာ႐ြာသား ၂ ေယာက္ လက္နက္ႀကီးထိမွန္ ေသဆုံးခဲ့ၿပီး၊ အမ်ားအျပားဒဏ္ရာရ၊ ႐ြာသူ႐ြာသား ေထာင္ခ်ီၿပီး အိုးအိမ္စြန္႔ခြါ ထြက္ေျပးခဲ့ၾကရတယ္လို႔ ေက်ညာခ်က္က ဆိုပါတယ္။

XS
SM
MD
LG