သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မာရွာအာမီနီ အမ်ိဳးသမီးအခြင့္အေရးနဲ႔ အာဏာရွင္အုပ္ခ်ဳပ္ေရး


FILE - A woman holds a placard with a picture of Iranian Mahsa Amini during a protest against her death, in Berlin, Germany, Sept. 28, 2022.

ျပင္သစ္နာမည္ႀကီး သ႐ုပ္ေဆာင္မင္းသမီးေတြ ျဖစ္ၾကတဲ့ ဂ်ဴးလီးယက္ ဘီႏိုေရွး၊ မာရီယြန္ေကာ့တီယာ့၊ အစၥဘဲလ္အဂ်ာနီ၊ အစၥဘဲလ္အူပဲလ္နဲ႔ ၿဗိတိန္-ျပင္သစ္သ႐ုပ္ေဆာင္မင္းသမီး ရွားလက္ဂန္းစ္ေဘာ္နဲ႔ သူ႔ရဲ႕မိခင္တို႔ဟာ for freedom ဆိုၿပီး၊ သူတို႔ရဲ႕ဆံပင္ေတြကို သူတို႔ကိုယ္တိုင္ ကတ္ေၾကးနဲ႔ ျဖတ္ေနၾကတဲ့ ဗီဒီယိုကို ေအာက္တိုဘာလ ၃ ရက္ေန႔က ထုတ္လႊင့္တဲ့ VOA သတင္းမွာ ၾကည့္လိုက္ရပါတယ္။ ဘာလို႔ သူတို႔ အဲဒီလို
လုပ္ၾကတာလည္းဆိုေတာ့ အီရန္ႏိုင္ငံမွာ မာရွာအာမီနီဆိုသူ အမ်ိဳးသမီးငယ္တစ္ဦးကို Hijab လို႔ေခၚတဲ့ အမ်ိဳးသမီးေတြ ေခါင္းစည္းပုဝါၿခဳံတာေလ်ာ့တိေလ်ာ့ရဲၿခဳံလို႔ဆိုၿပီး ဘာသာေရးရဲေတြက ဖမ္းဆီးထားစဥ္မွာ ေသဆုံးခဲ့ရတဲ့ျဖစ္ရပ္ကို ဆန႔္က်င္ရႈတ္ခ်ေၾကာင္း ျပသတဲ့အေနနဲ႔ ဆိုရွယ္မီဒီယာမွာ ျပင္သစ္သ႐ုပ္ေဆာင္မင္းသမီးေတြဟာ သူတို႔ရဲ႕ဆံပင္ကို သူတို႔ကိုယ္တိုင္ျဖတ္ၿပီး ဆႏၵေဖာ္ထုတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

မာရွာအာမီနီဟာ ၂၂ ႏွစ္အ႐ြယ္ ကာ့ဒ္လူမ်ိဳး အမ်ိဳးသမီး ျဖစ္ပါတယ္။ သူဟာ အီရန္ႏိုင္ငံမွာ ခ်မွတ္ထားတဲ့ တင္းက်ပ္လွတဲ့ အမ်ိဳးသမီးေတြ ေခါင္းစည္းပုဝါ မၿခဳံမေနရနဲ႔ ဝတ္စားဆင္ယင္ပုံ သတ္မွတ္ခ်က္ေတြကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ဘာသာေရးရဲေတြရဲ႕ ဖမ္းဆီးျခင္းကို ခံခဲ့ရတာပါ။ အာမီနီဟာ ၂၀၂၂ စက္တင္ဘာ ၁၃ ရက္ေန႔မွာ ဖမ္းဆီးျခင္းခံရၿပီး၊ သုံးရက္အၾကာ စက္တင္ဘာ ၁၆ ရက္ေန႔မွာ ေသဆုံးခဲ့ပါတယ္။ အာမီနီဟာ ဖမ္းဆီးခံထားရစဥ္ ရဲေတြလက္ထဲမွာ ေသဆုံးခဲ့တာကို မေက်နပ္ၾကတဲ့အတြက္ အီရန္ႏိုင္ငံတဝွမ္းမွာ ဆန႔္က်င္ဆႏၵျပမႈေတြ ေပၚေပါက္လာပါတယ္။

ဆန႔္က်င္ဆႏၵျပပြဲေတြဟာ ဒီေန႔ဆိုရင္ သီတင္းေလးပတ္ ရိွလာခဲ့ပါၿပီ။ ဆႏၵျပမႈေတြဟာ အီရန္ၿမိဳ႕ႀကီး ၁၉ ၿမိဳ႕အပါအဝင္ ၿမိဳ႕ေပါင္း ၅၀ ေက်ာ္ကို ျပန႔္ႏွံ႔သြားၿပီလို႔ ေအာက္တိုဘာ ၁၃ ရက္ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။ France 24 သတင္းမွာေတာ့ အီရန္မွာဆႏၵျပပြဲေတြအတြင္း လုံၿခဳံေရးတပ္ဖြဲ႔ေတြရဲ႕ လက္ခ်က္နဲ႔ ၁၀၈ ဦးထက္မနည္း ေသဆုံးခဲ့တယ္။ အဲဒီအထဲမွာ ကေလး ၂၈ ဦး ပါဝင္တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြရဲ႕ေျပာၾကားခ်က္ကို ကိုးကားေဖာ္ျပတဲ့သတင္းကို ေအာက္တိုဘာ ၁၃ ရက္ေန႔မွာ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။

ေအာက္တိုဘာ ၁ ရက္ေန႔ထုတ္ The Guardian သတင္းစာႀကီးကေတာ့ ဆႏၵျပပြဲေတြမွာ အီရန္တကၠသိုလ္ ၁၁၀ က တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြ ပါဝင္ခဲ့တယ္။ ဖမ္းဆီးခံထားရတဲ့ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြ ျပန္လႊတ္ေပးဖို႔ ပါေမာကၡ ၁၀၀ ေက်ာ္က လက္မွတ္ေရးထိုးၿပီး ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ေတာင္းဆိုခဲ့တယ္။ အဲဒီေၾကညာခ်က္မွာ “ဘဝကို စေတးၿပီး လြတ္လပ္မႈ၊ တရားမွ်တမႈနဲ႔ လူသား ဂုဏ္သိကၡာကို ကာကြယ္ဖို႔ တန္ဖိုးတစ္ခုေပးဆပ္မယ့္ ေက်ာင္းသားေတြ ရွိေနတယ္ဆိုတာကို လူတိုင္းလူတိုင္း အသိအမွတ္ျပဳသင့္တယ္” လို႔ေရးသားထားပါတယ္။

ဘာေၾကာင့္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္တစ္ဦး ေသဆုံးရတာနဲ႔ ႏိုင္ငံတဝွမ္းမွာ ဆႏၵျပပြဲေတြ အုံနဲ႔က်င္းနဲ႔ ေပၚေပါက္လာရတာလဲ။ ႏိုင္ငံေရးဖိႏွိပ္မႈနဲ႔ အုပ္ခ်ဳပ္သူေတြကို စိတ္ပ်က္ေနၾကတာက အဓိက အေၾကာင္းရင္းပါ။ ကိုဗစ္ကပ္ေရာဂါရဲ႕အက်ိဳးဆက္နဲ႔ စီးပြါးေရး ပိတ္ဆို႔ခံထားရတာေတြေၾကာင့္ အီရန္အမ်ားစုဟာ စီးပြါးေရးက်ပ္တည္း ဆင္းရဲေနၾကပါတယ္။ ဒါ့ေၾကာင့္ အာမီနီေသဆုံးမႈဟာ အက်ပ္အတည္း၊ မေက်နပ္မႈေတြကို ေပါက္ကြဲထြက္ေစတဲ့ စနက္တံျဖစ္ခဲ့ရတာပါ။ ဒါ့အျပင္ အီရန္ဟာ အစၥလာမ္မစ္ႏိုင္ငံတစ္ႏိုင္ငံပါ။ လက္ရွိ အစၥလာမ္မစ္ႏိုင္ငံေတာ္ဟာ ၁၉၇၉ ခုႏွစ္က စတင္ခဲ့ပါတယ္။ သမၼတစနစ္နဲ႔အုပ္ခ်ဳပ္ေပမဲ့ တိုင္းျပည္ရဲ႕ နံပါတ္တစ္ေခါင္းေဆာင္၊ တကယ့္အာဏာအရွိဆုံးပုဂၢိဳလ္ဟာ ဘာသာေရးေခါင္းေဆာင္ျဖစ္ပါတယ္။ လက္ရွိဘာသာေရးေခါင္းေဆာင္ဟာ အလီခါေမနီျဖစ္ၿပီး ၁၉၈၉ အလီခိုေမနီေသဆုံးၿပီး ေနာက္ပိုင္းမွာ ဘာသာေရးေခါင္းေဆာင္ျဖစ္လာသူပါ။ ႏိုင္ငံကိုလည္း အစၥလာမ္မစ္ ဘာသာေရးအေျခခံတဲ့ ဥပေဒေတြနဲ႔ အုပ္ခ်ဳပ္ပါတယ္။ ဒါေၾကာင့္အမ်ိဳးသမီးေတြဟာ ခြဲျခားဆက္ဆံခံၾကရၿပီး အမ်ိဳးသမီးအခြင့္အေရးေတြ ဆုံးရႉံးကာ အမ်ိဳးသားေတြထက္ ပိုဖိႏွိပ္ခံၾကရပါတယ္။

အီရန္မွာလိုပါပဲ အစၥလာမ္မစ္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ တာလီဘန္ေတြအုပ္ခ်ဳပ္ေနတဲ့အာဖဂန္နစၥတန္ႏိုင္ငံမွာလည္း အမ်ိဳးသမီးငယ္ေတြ ပညာသင္ခြင့္၊ ေက်ာင္းတက္ခြင့္ မရတဲ့အတြက္ အမ်ိဳးသမီးေတြ လမ္းမေပၚထြက္ ဆႏၵျပတဲ့ သတင္းေတြကိုလည္း မီဒီယာေတြမွာ ေတြ႔ေနရပါတယ္။ ယူဂႏၶာႏိုင္ငံမွာလည္း ယာဥ္တိုက္မႈေတြမျဖစ္ဖို႔ အမ်ိဳးသမီးေတြ ကားေခါင္းခန္းမွာ မထိုင္ရဘူးလို႔ တားျမစ္တဲ့ အျငင္းပြါးစရာ ဥပေဒတစ္ခုကို ဒီႏွစ္ဆန္းပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ ကားေခါင္းခန္းမွာထိုင္တဲ့ အမ်ိဳးသမီးေတြဟာ ကားေမာင္းသူကို အာ႐ုံေထြျပားေစတယ္လို႔ ဆိုပါတယ္။ စစ္တပ္က အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာေရာ အမ်ိဳးသမီးေတြရဲ႕အေနအထား ဘယ္လိုရွိပါသလဲ။ အမ်ိဳးသမီးအခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူ တစ္ဦးျဖစ္တဲ့ ေဒၚေမစပယ္ျဖဴကေတာ့ အခုလို ေျပာပါတယ္။

"စစ္တပ္က အာဏာသိမ္းလိုက္တဲ့အခ်ိန္ကတည္းက အမ်ိဳးသမီးေတြေရာ၊ ကေလးေတြေရာ၊ သက္ႀကီး႐ြယ္အိုေတြပါမက်န္ ေျပးရ၊လႊားရ ဒုကၡေပါင္းစုံနဲ႔ ရင္ဆိုင္ေနရတာ နိစၥဓူဝ ဆိုသလိုပါပဲ။ စားဝတ္ေနေရးအပါအဝင္ တစ္ေန႔တစ္ေန႔ ၾကပ္တည္းလြန္းလို႔ အသက္ဆက္မရွင္ခ်င္ေလာက္ေအာင္ ခံစားေနၾကရတာအားလုံးရဲ႕ တရားခံဟာအာဏာ႐ူးေတြေၾကာင့္ပါပဲ။ အမွန္ေျပာရရင္ အာဏာရွင္ဆိုတာ ဘယ္လူမ်ိဳး၊ ဘယ္ဘာသာ၊ ဘယ္ႏိုင္ငံပဲ ျဖစ္ပါေစ သိပ္မထူးၾကပါဘူး။ အားလုံးအတူတူခ်ည္းပါပဲ။ ျပည္သူလူထုကို အေၾကာက္တရားနဲ႔ ဓားမိုး၊ လွံမိုး၊ ေသနတ္မိုးၿပီး အုပ္ခ်ဳပ္မယ္။ စစ္ဖိနပ္ေအာက္မွာ လူ႔အခြင့္အေရးတို႔၊ တရားမွ်တမႈတို႔ဆိုတာ ဘယ္တုန္းကမွ မရွိခဲ့သလို၊ အခုလည္း မရွိႏိုင္ဘူး၊ ေနာင္လည္း ရွိႏိုင္မွာ မဟုတ္ပါဘူး။ ဘာသာေရး၊ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းအစဥ္အလာေတြကို အထူးသျဖင့္ အမ်ိဳးသမီးေတြရဲ႕ဘဝကို ကန႔္သတ္ဖိႏွိပ္၊ ခ်ဳပ္ေႏွာင္ခ်ယ္လွယ္ဖို႔ သူတို႔အာဏာတည္ၿမဲဖို႔နဲ႔ ပါဝါျပႏိုင္ဖို႔အတြက္ အေၾကာင္းျပခ်က္အျဖစ္ အာဏာရွင္တိုင္းလိုလိုက အသုံးခ်တတ္ၾကတာပါပဲ။ အမ်ိဳးသမီးေတြရဲ႕ လြတ္လပ္စြာ ရွင္သန္ခြင့္၊ ေ႐ြးခ်ယ္ခြင့္ေတြကို ပိတ္ပင္တားဆီးထားႏိုင္မွ လူထုကို ထိန္းခ်ဳပ္ထားႏိုင္မွာကိုး။ ဒါေၾကာင့္ အာဏာရွင္စနစ္ကို အျမစ္ျပတ္ေအာင္ တြန္းလွန္ၾက႐ုံမွတပါး အျခားမရွိလို႔ ေျပာရမွာပဲ"

ေဒၚေမစပယ္ျဖဴေျပာသလိုပါပဲ ဘယ္ႏိုင္ငံ၊ဘယ္လူမ်ိဳးမွာပဲျဖစ္ျဖစ္ အာဏာရွင္ေတြလက္ေအာက္မွာ အမ်ိဳးသမီးအခြင့္အေရးေတြအပါအဝင္ လူ႔အခြင့္အေရးနဲ႔ တရားမွ်တမႈေတြ ရရွိႏိုင္ဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ဒီကေန႔ အီရန္ႏိုင္ငံမွာလည္း အာဏာရွင္ဆန္တဲ့ အစၥလာမ္မစ္ အုပ္ခ်ဳပ္ေရးကို အလိုမရွိၾကေတာ့ပါဘူး။ အီရန္ဆႏၵျပသူတစ္ဦးက "ဒါဟာ ဆႏၵျပ႐ုံသက္သက္ မဟုတ္ေတာ့ပါဘူး။ ေတာ္လွန္ေရးတစ္ခု ျဖစ္ပါတယ္” လို႔ ေျပာေၾကာင္းနဲ႔ "ခု အီရန္မွာ ျပဳျပင္ေျပာင္းလဲေရးကို ေတာင္းဆိုေနတာ မဟုတ္ပါဘူး။ အစၥလာမ္မစ္အုပ္ခ်ဳပ္ေရးကို အဆုံးသတ္ေစခ်င္တာပါလို႔ London School of Economics က Rohan Alvandi ရဲ႕ ေျပာၾကားခ်က္ေတြကို CNN သတင္းဌာနက ေဖာ္ျပခဲ့တာေတြ႔ရပါတယ္။

===== Unicode ======

ပြင်သစ်နာမည်ကြီး သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ ဂျူးလီးယက် ဘီနိုရှေး၊ မာရီယွန်ကော့တီယာ့၊ အစ္စဘဲလ်အဂျာနီ၊ အစ္စဘဲလ်အူပဲလ်နဲ့ ဗြိတိန်-ပြင်သစ်သရုပ်ဆောင်မင်းသမီး ရှားလက်ဂန်းစ်ဘော်နဲ့ သူ့ရဲ့မိခင်တို့ဟာ for freedom ဆိုပြီး၊ သူတို့ရဲ့ဆံပင်တွေကို သူတို့ကိုယ်တိုင် ကတ်ကြေးနဲ့ ဖြတ်နေကြတဲ့ ဗီဒီယိုကို အောက်တိုဘာလ ၃ ရက်နေ့က ထုတ်လွှင့်တဲ့ VOA သတင်းမှာ ကြည့်လိုက်ရပါတယ်။ ဘာလို့ သူတို့ အဲဒီလို
လုပ်ကြတာလည်းဆိုတော့ အီရန်နိုင်ငံမှာ မာရှာအာမီနီဆိုသူ အမျိုးသမီးငယ်တစ်ဦးကို Hijab လို့ခေါ်တဲ့ အမျိုးသမီးတွေ ခေါင်းစည်းပုဝါခြုံတာလျော့တိလျော့ရဲခြုံလို့ဆိုပြီး ဘာသာရေးရဲတွေက ဖမ်းဆီးထားစဉ်မှာ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း ပြသတဲ့အနေနဲ့ ဆိုရှယ်မီဒီယာမှာ ပြင်သစ်သရုပ်ဆောင်မင်းသမီးတွေဟာ သူတို့ရဲ့ဆံပင်ကို သူတို့ကိုယ်တိုင်ဖြတ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မာရှာအာမီနီဟာ ၂၂ နှစ်အရွယ် ကာ့ဒ်လူမျိုး အမျိုးသမီး ဖြစ်ပါတယ်။ သူဟာ အီရန်နိုင်ငံမှာ ချမှတ်ထားတဲ့ တင်းကျပ်လှတဲ့ အမျိုးသမီးတွေ ခေါင်းစည်းပုဝါ မခြုံမနေရနဲ့ ဝတ်စားဆင်ယင်ပုံ သတ်မှတ်ချက်တွေကို ချိုးဖောက်တယ်ဆိုပြီး ဘာသာရေးရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ အာမီနီဟာ ၂၀၂၂ စက်တင်ဘာ ၁၃ ရက်နေ့မှာ ဖမ်းဆီးခြင်းခံရပြီး၊ သုံးရက်အကြာ စက်တင်ဘာ ၁၆ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ အာမီနီဟာ ဖမ်းဆီးခံထားရစဉ် ရဲတွေလက်ထဲမှာ သေဆုံးခဲ့တာကို မကျေနပ်ကြတဲ့အတွက် အီရန်နိုင်ငံတဝှမ်းမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပါတယ်။

ဆန့်ကျင်ဆန္ဒပြပွဲတွေဟာ ဒီနေ့ဆိုရင် သီတင်းလေးပတ် ရှိလာခဲ့ပါပြီ။ ဆန္ဒပြမှုတွေဟာ အီရန်မြို့ကြီး ၁၉ မြို့အပါအဝင် မြို့ပေါင်း ၅၀ ကျော်ကို ပြန့်နှံ့သွားပြီလို့ အောက်တိုဘာ ၁၃ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ France 24 သတင်းမှာတော့ အီရန်မှာဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ ၁၀၈ ဦးထက်မနည်း သေဆုံးခဲ့တယ်။ အဲဒီအထဲမှာ ကလေး ၂၈ ဦး ပါဝင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ပြောကြားချက်ကို ကိုးကားဖော်ပြတဲ့သတင်းကို အောက်တိုဘာ ၁၃ ရက်နေ့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ထုတ် The Guardian သတင်းစာကြီးကတော့ ဆန္ဒပြပွဲတွေမှာ အီရန်တက္ကသိုလ် ၁၁၀ က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ ပါဝင်ခဲ့တယ်။ ဖမ်းဆီးခံထားရတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ ပြန်လွှတ်ပေးဖို့ ပါမောက္ခ ၁၀၀ ကျော်က လက်မှတ်ရေးထိုးပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့တယ်။ အဲဒီကြေညာချက်မှာ “ဘဝကို စတေးပြီး လွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူသား ဂုဏ်သိက္ခာကို ကာကွယ်ဖို့ တန်ဖိုးတစ်ခုပေးဆပ်မယ့် ကျောင်းသားတွေ ရှိနေတယ်ဆိုတာကို လူတိုင်းလူတိုင်း အသိအမှတ်ပြုသင့်တယ်” လို့ရေးသားထားပါတယ်။

ဘာကြောင့် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးရတာနဲ့ နိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲတွေ အုံနဲ့ကျင်းနဲ့ ပေါ်ပေါက်လာရတာလဲ။ နိုင်ငံရေးဖိနှိပ်မှုနဲ့ အုပ်ချုပ်သူတွေကို စိတ်ပျက်နေကြတာက အဓိက အကြောင်းရင်းပါ။ ကိုဗစ်ကပ်ရောဂါရဲ့အကျိုးဆက်နဲ့ စီးပွါးရေး ပိတ်ဆို့ခံထားရတာတွေကြောင့် အီရန်အများစုဟာ စီးပွါးရေးကျပ်တည်း ဆင်းရဲနေကြပါတယ်။ ဒါ့ကြောင့် အာမီနီသေဆုံးမှုဟာ အကျပ်အတည်း၊ မကျေနပ်မှုတွေကို ပေါက်ကွဲထွက်စေတဲ့ စနက်တံဖြစ်ခဲ့ရတာပါ။ ဒါ့အပြင် အီရန်ဟာ အစ္စလာမ်မစ်နိုင်ငံတစ်နိုင်ငံပါ။ လက်ရှိ အစ္စလာမ်မစ်နိုင်ငံတော်ဟာ ၁၉၇၉ ခုနှစ်က စတင်ခဲ့ပါတယ်။ သမ္မတစနစ်နဲ့အုပ်ချုပ်ပေမဲ့ တိုင်းပြည်ရဲ့ နံပါတ်တစ်ခေါင်းဆောင်၊ တကယ့်အာဏာအရှိဆုံးပုဂ္ဂိုလ်ဟာ ဘာသာရေးခေါင်းဆောင်ဖြစ်ပါတယ်။ လက်ရှိဘာသာရေးခေါင်းဆောင်ဟာ အလီခါမေနီဖြစ်ပြီး ၁၉၈၉ အလီခိုမေနီသေဆုံးပြီး နောက်ပိုင်းမှာ ဘာသာရေးခေါင်းဆောင်ဖြစ်လာသူပါ။ နိုင်ငံကိုလည်း အစ္စလာမ်မစ် ဘာသာရေးအခြေခံတဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်ပါတယ်။ ဒါကြောင့်အမျိုးသမီးတွေဟာ ခွဲခြားဆက်ဆံခံကြရပြီး အမျိုးသမီးအခွင့်အရေးတွေ ဆုံးရှူံးကာ အမျိုးသားတွေထက် ပိုဖိနှိပ်ခံကြရပါတယ်။

အီရန်မှာလိုပါပဲ အစ္စလာမ်မစ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တာလီဘန်တွေအုပ်ချုပ်နေတဲ့အာဖဂန်နစ္စတန်နိုင်ငံမှာလည်း အမျိုးသမီးငယ်တွေ ပညာသင်ခွင့်၊ ကျောင်းတက်ခွင့် မရတဲ့အတွက် အမျိုးသမီးတွေ လမ်းမပေါ်ထွက် ဆန္ဒပြတဲ့ သတင်းတွေကိုလည်း မီဒီယာတွေမှာ တွေ့နေရပါတယ်။ ယူဂန္ဓာနိုင်ငံမှာလည်း ယာဉ်တိုက်မှုတွေမဖြစ်ဖို့ အမျိုးသမီးတွေ ကားခေါင်းခန်းမှာ မထိုင်ရဘူးလို့ တားမြစ်တဲ့ အငြင်းပွါးစရာ ဥပဒေတစ်ခုကို ဒီနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ကားခေါင်းခန်းမှာထိုင်တဲ့ အမျိုးသမီးတွေဟာ ကားမောင်းသူကို အာရုံထွေပြားစေတယ်လို့ ဆိုပါတယ်။ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာရော အမျိုးသမီးတွေရဲ့အနေအထား ဘယ်လိုရှိပါသလဲ။ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ တစ်ဦးဖြစ်တဲ့ ဒေါ်မေစပယ်ဖြူကတော့ အခုလို ပြောပါတယ်။

"စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကတည်းက အမျိုးသမီးတွေရော၊ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေပါမကျန် ပြေးရ၊လွှားရ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်နေရတာ နိစ္စဓူဝ ဆိုသလိုပါပဲ။ စားဝတ်နေရေးအပါအဝင် တစ်နေ့တစ်နေ့ ကြပ်တည်းလွန်းလို့ အသက်ဆက်မရှင်ချင်လောက်အောင် ခံစားနေကြရတာအားလုံးရဲ့ တရားခံဟာအာဏာရူးတွေကြောင့်ပါပဲ။ အမှန်ပြောရရင် အာဏာရှင်ဆိုတာ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်နိုင်ငံပဲ ဖြစ်ပါစေ သိပ်မထူးကြပါဘူး။ အားလုံးအတူတူချည်းပါပဲ။ ပြည်သူလူထုကို အကြောက်တရားနဲ့ ဓားမိုး၊ လှံမိုး၊ သေနတ်မိုးပြီး အုပ်ချုပ်မယ်။ စစ်ဖိနပ်အောက်မှာ လူ့အခွင့်အရေးတို့၊ တရားမျှတမှုတို့ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို၊ အခုလည်း မရှိနိုင်ဘူး၊ နောင်လည်း ရှိနိုင်မှာ မဟုတ်ပါဘူး။ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို အထူးသဖြင့် အမျိုးသမီးတွေရဲ့ဘဝကို ကန့်သတ်ဖိနှိပ်၊ ချုပ်နှောင်ချယ်လှယ်ဖို့ သူတို့အာဏာတည်မြဲဖို့နဲ့ ပါဝါပြနိုင်ဖို့အတွက် အကြောင်းပြချက်အဖြစ် အာဏာရှင်တိုင်းလိုလိုက အသုံးချတတ်ကြတာပါပဲ။ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ရှင်သန်ခွင့်၊ ရွေးချယ်ခွင့်တွေကို ပိတ်ပင်တားဆီးထားနိုင်မှ လူထုကို ထိန်းချုပ်ထားနိုင်မှာကိုး။ ဒါကြောင့် အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တွန်းလှန်ကြရုံမှတပါး အခြားမရှိလို့ ပြောရမှာပဲ"

ဒေါ်မေစပယ်ဖြူပြောသလိုပါပဲ ဘယ်နိုင်ငံ၊ဘယ်လူမျိုးမှာပဲဖြစ်ဖြစ် အာဏာရှင်တွေလက်အောက်မှာ အမျိုးသမီးအခွင့်အရေးတွေအပါအဝင် လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေ ရရှိနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီကနေ့ အီရန်နိုင်ငံမှာလည်း အာဏာရှင်ဆန်တဲ့ အစ္စလာမ်မစ် အုပ်ချုပ်ရေးကို အလိုမရှိကြတော့ပါဘူး။ အီရန်ဆန္ဒပြသူတစ်ဦးက "ဒါဟာ ဆန္ဒပြရုံသက်သက် မဟုတ်တော့ပါဘူး။ တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်” လို့ ပြောကြောင်းနဲ့ "ခု အီရန်မှာ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေတာ မဟုတ်ပါဘူး။ အစ္စလာမ်မစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေချင်တာပါလို့ London School of Economics က Rohan Alvandi ရဲ့ ပြောကြားချက်တွေကို CNN သတင်းဌာနက ဖော်ပြခဲ့တာတွေ့ရပါတယ်။

XS
SM
MD
LG