သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ားျပည္သူဝန္ေဆာင္မႈ ပူလစ္ဇာဆု Washington Post ရရွိ 


The Washington Post Newspaper. (Photo by Diaa Bekheet)

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုမွာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလ ၆ ရက္ေန႔၊ သမၼတေဟာင္း Donald Trump ကို ေထာက္ခံသူေတြ ဆႏၵျပရင္း လႊတ္ေတာ္ ဝင္ေရာက္စီးနင္းမႈအေၾကာင္း သတင္းေရးသားခဲ့တဲ့ ဝါရွင္တန္ပို႔စ္သတင္းစာကို သတင္းေလာကရဲ႕ အျမင့္ဆုံး Pulizer Prize ဆု ခ်ီးျမႇင့္ခံရပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံေရးစနစ္၊ လုံၿခဳံေရးဆိုင္ရာျပႆနာနဲ႔ မေအာင္ျမင္မႈေတြအေၾကာင္း ဇန္နဝါရီလ ၆ ရက္မတိုင္ခင္နဲ႔ ေနာက္ပိုင္းေတြမွာ ဝါရွင္တန္ပို႔စ္ သတင္းစာက ျပည့္စုံေအာင္ ေရးသားႏိုင္ခဲ့တယ္ဆိုၿပီး အမ်ားျပည္သူ႔ ဝန္ေဆာင္မႈအတြက္ Pulizer Prize ဆုေ႐ြးခ်ယ္ေရးအဖြဲ႔က ဆု ခ်ီးျမႇင့္လိုက္တာပါ။

႐ိုက္တာသတင္းဌာန ဓါတ္ပုံသတင္းေထာက္တဦးကိုလည္း အိႏၵိယႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြအေၾကာင္း ဓါတ္ပုံမွတ္တမ္းေတြအတြက္ Pulizer ဆု ခ်ီးျမႇင့္လိုက္ပါတယ္။ နယူးေယာက္တိုင္းမ္ သတင္းစာႀကီးကိုလည္း ျပည္တြင္း၊ ျပည္ပ သတင္းေပးပို႔ခ်က္ေတြအတြက္ ဆုေ႐ြးခ်ယ္ခ်ီးျမႇင့္ပါတယ္။ ႐ုရွား က်ဳးေက်ာ္တိုက္ခိုက္တဲ့ စစ္ပြဲအတြင္း သတၱိိရွိရွိ၊ ခံႏိုင္ရည္အျပည့္နဲ႔ တစိုက္မတ္မတ္ သတင္းေတြ ေရးသားထုတ္လႊင့္ခဲ့တဲ့ ယူကရိန္း သတင္းေထာက္ေတြကိုလည္း Pulizer ဆု ေ႐ြးခ်ယ္ေရးအဖြဲ႔က ဆု ခ်ီးျမႇင့္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လက အာဖဂန္နစၥတန္က သတင္းေထာက္ေတြကို အလားတူ ဆု ခ်ီးျမႇင့္ခဲ့ပါတယ္။

ျမန္မာနဲ႔ အာဖဂန္နစၥတန္ႏိုင္ငံေတြမွာ သတင္းေထာက္ေတြေပၚ ၿခိမ္းေျခာက္မႈနဲ႔ တိုက္ ခိုက္မႈေတြရွိေနတာကို အသိအမွတ္ျပဳတဲ့တခ်ိန္တည္းမွာ ၂၀၂၁ ခုႏွစ္ဟာ ကမာၻတဝွမ္း သတင္းေထာက္ေတြအတြက္ အခက္ခဲဆုံးနဲ႔ အႏၲရာယ္အရွိဆုံး အခ်ိန္ျဖစ္တယ္ဆိုတာကို Pulitzer ဆုေ႐ြးခ်ယ္ေရးအဖြဲ႔က မွတ္တမ္းတင္ပါတယ္။ ယူကရိန္း ႐ုရွားက်ဴးေက်ာ္ စစ္အတြင္း သတင္းေထာက္ ၁၂ ဦး အသတ္ခံရသလို မကၠဆီကို သတင္းေထာက္ ၈ ဦးအသတ္ခံခဲ့ရတဲ့အေၾကာင္း မွတ္တမ္းတင္ထားပါတယ္။

အမ်ားျပည္သူ႔ဝန္ေဆာင္မႈ Pulizer ဆုအတြက္ ေ႐ႊတံဆိပ္ ခ်ီးျမႇင့္တဲ့တခ်ိန္တည္းမွာ တျခား ေခါင္းစဥ္ေတြေအာက္က ဆု အသီးသီး ေ႐ြးခ်ယ္ခံရသူေတြကို ေဒၚလာ တေသာင္းခြဲဆီ ေပးအပ္မွာျဖစ္ပါတယ္။

အမ်ားျပည္သူဝန္ေဆာင္မႈ ပူလစ္ဇာဆု Washington Post ရရွိ
please wait

No media source currently available

0:00 0:01:41 0:00
တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

အများပြည်သူဝန်ဆောင်မှု ပူလစ်ဇာဆု Washington Post ရရှိ

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၆ ရက်နေ့၊ သမ္မတဟောင်း Donald Trump ကို ထောက်ခံသူတွေ ဆန္ဒပြရင်း လွှတ်တော် ဝင်ရောက်စီးနင်းမှုအကြောင်း သတင်းရေးသားခဲ့တဲ့ ဝါရှင်တန်ပို့စ်သတင်းစာကို သတင်းလောကရဲ့ အမြင့်ဆုံး Pulizer Prize ဆု ချီးမြှင့်ခံရပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးစနစ်၊ လုံခြုံရေးဆိုင်ရာပြဿနာနဲ့ မအောင်မြင်မှုတွေအကြောင်း ဇန်နဝါရီလ ၆ ရက်မတိုင်ခင်နဲ့ နောက်ပိုင်းတွေမှာ ဝါရှင်တန်ပို့စ် သတင်းစာက ပြည့်စုံအောင် ရေးသားနိုင်ခဲ့တယ်ဆိုပြီး အများပြည်သူ့ ဝန်ဆောင်မှုအတွက် Pulizer Prize ဆုရွေးချယ်ရေးအဖွဲ့က ဆု ချီးမြှင့်လိုက်တာပါ။

ရိုက်တာသတင်းဌာန ဓါတ်ပုံသတင်းထောက်တဦးကိုလည်း အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေအကြောင်း ဓါတ်ပုံမှတ်တမ်းတွေအတွက် Pulizer ဆု ချီးမြှင့်လိုက်ပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာကြီးကိုလည်း ပြည်တွင်း၊ ပြည်ပ သတင်းပေးပို့ချက်တွေအတွက် ဆုရွေးချယ်ချီးမြှင့်ပါတယ်။ ရုရှား ကျုးကျော်တိုက်ခိုက်တဲ့ စစ်ပွဲအတွင်း သတ္တိရှိရှိ၊ ခံနိုင်ရည်အပြည့်နဲ့ တစိုက်မတ်မတ် သတင်းတွေ ရေးသားထုတ်လွှင့်ခဲ့တဲ့ ယူကရိန်း သတင်းထောက်တွေကိုလည်း Pulizer ဆု ရွေးချယ်ရေးအဖွဲ့က ဆု ချီးမြှင့်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက အာဖဂန်နစ္စတန်က သတင်းထောက်တွေကို အလားတူ ဆု ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ သတင်းထောက်တွေပေါ် ခြိမ်းခြောက်မှုနဲ့ တိုက် ခိုက်မှုတွေရှိနေတာကို အသိအမှတ်ပြုတဲ့တချိန်တည်းမှာ ၂၀၂၁ ခုနှစ်ဟာ ကမ္ဘာတဝှမ်း သတင်းထောက်တွေအတွက် အခက်ခဲဆုံးနဲ့ အန္တရာယ်အရှိဆုံး အချိန်ဖြစ်တယ်ဆိုတာကို Pulitzer ဆုရွေးချယ်ရေးအဖွဲ့က မှတ်တမ်းတင်ပါတယ်။ ယူကရိန်း ရုရှားကျူးကျော် စစ်အတွင်း သတင်းထောက် ၁၂ ဦး အသတ်ခံရသလို မက္ကဆီကို သတင်းထောက် ၈ ဦးအသတ်ခံခဲ့ရတဲ့အကြောင်း မှတ်တမ်းတင်ထားပါတယ်။

အများပြည်သူ့ဝန်ဆောင်မှု Pulizer ဆုအတွက် ရွှေတံဆိပ် ချီးမြှင့်တဲ့တချိန်တည်းမှာ တခြား ခေါင်းစဉ်တွေအောက်က ဆု အသီးသီး ရွေးချယ်ခံရသူတွေကို ဒေါ်လာ တသောင်းခွဲဆီ ပေးအပ်မှာဖြစ်ပါတယ်။
=========

XS
SM
MD
LG