သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၀ ရက်ကြာ ပျောက်ပြီး ပူတင် လူထုရှေ့ပြန်ရောက်


ရုရှားသမ္မတ Vladimir Putin (ယာ) နဲ့ ကာဂျက်စတန် သမ္မတ Almazbek Atambayev Konstantin နန်းတော်ခန်းမဆောင်မှာ တွေ့ဆုံစဉ်။ (မတ် ၁၆၊ ၂၀၁၅)
ရုရှားသမ္မတ Vladimir Putin (ယာ) နဲ့ ကာဂျက်စတန် သမ္မတ Almazbek Atambayev Konstantin နန်းတော်ခန်းမဆောင်မှာ တွေ့ဆုံစဉ်။ (မတ် ၁၆၊ ၂၀၁၅)

ရုရှားသမ္မတ ဗလာဒီမီရာပူတင် ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်တဲ့ မှန်းဆပြောဆိုချက်တွေ၊ အာဏာသိမ်းခံလိုက်ရတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပြီးနောက် တနင်္လာနေ့က သမ္မတပူတင်ဟာ လူအများရှေ့ပထမဆုံးအကြိမ် ထွက်လာခဲ့ပါတယ်။ စိန့်ပီတာစ်ဘာ့ဂ် က Konstantin နန်းတော်မှာ ကာဂျစ်စတန်သမ္မတ Almazbek Atambayev နဲ့ မတွေ့ဆုံခင် သမ္မတပူတင်က သတင်းမီဒီယာရှေ့ ထွက်လာခဲ့တာပါ။

နန်းတော်တပတ်လှည့်ပတ်ပြသတဲ့အချိန်မှာလည်း ရုရှားသမ္မတဟာ ကျန်းမာရေးကောင်းမွန်နေကြောင်း ကာဂျစ်စတန်သမ္မတက ပြောပါတယ်။ အတင်းအဖျင်း ပြောဆိုမှုတွေသာမရှိဘူးဆိုရင် သူ့ဘဝဟာ ပျင်းစရာကောင်းလိမ့်မယ်လို့ မစ္စတာပူတင်က ကာဂျစ်စတန် သမ္မတကို ပြောဆိုခဲ့ပါတယ်။

မတ်လ (၅) ရက်နေ့ အီတလီဝန်ကြီးချုပ် Matteo Renzi နဲ့မော်စကိုမြို့မှာ တွေ့ဆုံပြီးနောက် တနင်္လာနေ့မတိုင်ခင်ထိ သမ္မတပူတင်ဟာ ရက်အတန်ကြာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာပါ။ မတ်လ (၁၂) နဲ့ (၁၃)ရက်တွေမှာ ကာဂျက်စတန်နဲ့ ဘဲလာရုစ်နိုင်ငံတွေက သမ္မတနှစ်ဦးနဲ့ ကာဂျက်စတန် မြို့တော် Astana မှာ သမ္မတပူတင်တွေ့ဆုံမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ သမ္မတပူတင် နေမကောင်းဖြစ်နေတဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ကာဂျက်စတန်အစိုးရနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။

XS
SM
MD
LG