သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် ကုလအရေးယူမှု ရုရှားထောက်ခံဖို့ စဉ်းစားမည်


ရုရှားသမ္မတ Vladimir Putin
ရုရှားသမ္မတ Vladimir Putin
ဆီးရီးယားအစိုးရတပ်တွေက အရပ်သားတွေအပေါ် ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ရင် ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ကို မထောက်ခံဘူးလို့ သူ့အနေနဲ့ မပြောပါဘူးလို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ သံသယဖြစ်ဖွယ်မရှိ ခိုင်မာတဲ့ အထောက်အထားတွေ ကုလသမဂ္ဂကို တင်ပြသင့်တယ်လို့ AP သတင်းဌာနနဲ့ ရုရှားရုပ်သံသတင်းဌာနတို့ကို သူက ပြောခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အတည်ပြုချက် မပါဘဲ အမေရိကန်က စစ်ရေးအရ အရေးယူမယ့်အပေါ်ကိုလည်း မစ္စတာ ပူတင် က သတိပေး ပြောဆိုခဲ့ပါတယ်။

S-300 မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်အစိတ်အပိုင်းတွေ ဆီးရီးယားနိုင်ငံဆီ ပေးပို့တာကို ဆိုင်းငံ့ထားပြီလို့ မစ္စတာပူတင်က ပြောပေမဲ့လည်း နိုင်ငံတကာ ပြဌာန်းချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ ရှိလာမယ်ဆိုရင်တော့ ထပ်စဉ်းစားမယ်လို့ ပြောပါတယ်။

ဒီသီတင်းပတ်အတွင်း ကျင်းပမယ့် အဓိက စီးပွားရေးနိုင်ငံများရဲ့ G-20 ထိပ်သီးအစည်းအဝေးကို St. Petersburg မြို့မှာ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။ ဆီးရီးယားအရေးဟာ အဲဒီအစည်းအဝေးမှာ ထိပ်တန်းအစီအစဉ်တစ်ခု ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

ဆီးရီးယားကို အရေးယူတဲ့နေရာမှာ ပြည်တွင်းပြည်ပ ထောက်ခံမှုတွေရဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြိုးစားနေပါတယ်။
XS
SM
MD
LG