ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ဒေသကို ရုရှားက ကျူးကျော် သိမ်းပိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံအကြား ခပ်တန်းတန်း ဖြစ်နေပေမဲ့ ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ D-Day အထိမ်းအမှတ်အခမ်းအနားမှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ ရုရှားသမ္မတ ဗယ်လ်ဒီမီယာ ပူတင်တို့ဟာ ခေတ္တခဏ စကား ပြောဆို ခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။
ပြင်သစ်သမ္မတ ဖန်ဆွာဟော်လန်း က တည်ခင်း ဧည့်ခံတဲ့ သောကြာနေ့ နေ့လည်စာ စားပွဲအတွင်း သမ္မတ ၂ ဦးဟာ အလွတ် သဘော ၁၅ မိနစ် စကားပြောဆိုခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ယူကရိန်းနိုင်ငံ သမ္မတ အဖြစ်ရွေးကောက်ခံရတဲ့ မစ္စတာ ပက်ထရို ပိုရိုရှင်ကိုကို ယူကရိန်းရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် အသိမှတ်ပြုဖို့၊ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ထောက်ပံ့နေတာ ရပ်တန့်ဖို့ နယ်စပ်ကို ဖြတ်ကျော်ပြီး လက်နက်တွေ ၀င်ရောက်နေတာကို ရပ်တန့်ဖို့ သမ္မတအိုဘားမားက မစ္စတာပူတင် ကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းအစိုးရသစ်နဲ့ တွဲပြီး တင်းမာနေမှုတွေကို လျှော့ချဖို့ ကြိုးပမ်းဖို့နဲ့ ဒီလိုမဟုတ်ဖူးဆိုရင် ရုရှားနိုင်ငံ ပိုမို အထီးကျန် ဖြစ်စေလိမ့်မယ်ဆိုတာကို အရိပ်မွက် ပြသခဲ့တယ်လို့ ပြောပါတယ်။