သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Kazakhstan ျပႆနာအတြက္ ျပည္တြင္းျပည္ပ အဖ်က္သမားေတြကို သမၼတ Putin ျပစ္တင္


႐ုရွားဦးေဆာင္ၿပီး အြန္လိုင္းကေန ျပဳလုပ္တဲ့ CSTO စစ္ေရးမဟာမိတ္အစည္းအေဝးကို တက္ေရာက္ေနတဲ့ ရွရွားသမၼတ Vladimir Putin

အေရာင္ေတြနဲ႔တင္စားသတ္မွတ္တဲ့ေတာ္လွန္ေရး Color Revolution ေတြနဲ႔ သူ႔ရဲမဟာမိတ္အစိုးရေတြကိုျဖဳတ္ခ်တာကို လက္ခံမွာမဟုတ္ဘူးလို႔ ႐ုရွားသမၼတ Vladimir Putin က တနလၤာေန႔မွာ ေျပာဆိုလိုက္ပါတယ္။ ႐ုရွားဦးေဆာင္တဲ့ CSTO စစ္ေရးမဟာမိတ္အစည္းအေဝးကို အြန္လိုင္းကေနျပဳလုပ္တဲ့ တနလၤာေန႔မွာရွရွားသမၼတက အခုလိုေျပာဆိုလိုက္တာပါ။ Kazakhstan ျဖစ္ခဲ့တဲ့ မတည္ၿငိမ္မႈေတြကိုလည္း ျပည္တြင္းျပည္ပေႏွာက္ယွက္ဖ်က္ဆီးလိုသူမ်ားရဲ႕လက္ ခ်က္ျဖစ္တယ္လို႔ ႐ုရွားသမတပူတင္ကေျပာဆိုခဲ့ပါတယ္။

Kazakhstan ႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္းစတင္ခဲ့တဲ့ ဆႏၵျပပြဲေတြနဲ႔၊ အထိက႐ုန္းေတြေၾကာင့္ အသက္ ၄ ႏွစ္အ႐ြယ္ခေလးတဦးအပါအဝင္ေသဆုံးသူ ၁၆၄ ေယာက္ရွိေၾကာင္းနဲ႔ ၅၈၀၀ ေက်ာ္ဖမ္းဆီးထားတယ္လို႔ Kazakhstan အာဏာပိုင္ ေတြကထုတ္ေဖၚေၾကျငာပါတယ္။ Kazakhstan ကဆႏၵျပပြဲေတြဟာ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းပါ ဥပေဒနဲ႔အမိန႔္ေတြကို အားနည္းခ်ိနဲ႔သြားေအာင္လုပ္ဖို႔နဲ႔ အာဏာသိမ္းဖို႔ႀကိဳးပမ္းတာျဖစ္တယ္လို႔ လက္ရွိ သမတ Kassym Jormart Tokayev က CSTO အစည္းအေဝးမွာေျပာဆိုခဲ့ပါတယ္။

ေလာင္စာဆီေဈးႏႈန္းျမင့္တက္မႈနဲ႔ကုန္ေဈးႏႈန္းျမင့္တက္မႈကိုေျခခံစတင္ခဲ့တဲ့ Kazakhstan က ဆႏၵျပပြဲေတြဟာအာဏာရွင္စနစ္ ကိုပါဆန႔္က်င္ခဲ့ၾကၿပီး ႏိုင္ငံေရးအေျပာင္း အလဲေတြကို ပါေတာင္းဆိုခဲ့ၾကပါတယ္။ ဆႏၵျပပြဲေတြနဲ႔မတည္ၿငိမ္မႈေတြကိုႏွိမ္နင္းဖို႔ ႐ုရွားကစစ္တပ္နဲ႔ရဲ အင္အား ၃၀၀၀ ေက်ာ္ပိုလႊတ္ထားပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကေတာ့ Kazakhstan အေနနဲ႔ တရားဥပေဒစိုးမိုးေရးကိုသူ႔ ဘာသာသူလုပ္ေဆာင္ႏိုင္တယ္၊ သူ႔ႏိုင္ငံသူကာကြယ္ႏိုင္တယ္ဆိုရင္ ဘာေၾကာင့္ ႐ုရွားတပ္ေတြ ေစလႊတ္ရတာလဲလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antonny Blenken က ေမးခြန္းထုတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------------------

Kazakhstan ပြဿနာအတွက် ပြည်တွင်းပြည်ပ အဖျက်သမားတွေကို သမ္မတ Putin ပြစ်တင်

အရောင်တွေနဲ့တင်စားသတ်မှတ်တဲ့တော်လှန်ရေး Color Revolution တွေနဲ့ သူ့ရဲမဟာမိတ်အစိုးရတွေကိုဖြုတ်ချတာကို လက်ခံမှာမဟုတ်ဘူးလို့ ရုရှားသမတ Vladimir Putin က တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ ရုရှားဦးဆောင်တဲ့ CSTO စစ်ရေးမဟာမိတ်အစည်းအဝေးကို အွန်လိုင်းကနေပြုလုပ်တဲ့ တနင်္လာနေ့မှာရှရှားသမတက အခုလိုပြောဆိုလိုက်တာပါ။ Kazakhstan ဖြစ်ခဲ့တဲ့ မတည်ငြိမ်မှုတွေကိုလည်း ပြည်တွင်းပြည်ပနှောက်ယှက်ဖျက်ဆီးလိုသူများရဲ့လက် ချက်ဖြစ်တယ်လို့ ရုရှားသမတပူတင်ကပြောဆိုခဲ့ပါတယ်။

Kazakhstan နိုင်ငံမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့၊ အထိကရုန်းတွေကြောင့် အသက် ၄ နှစ်အရွယ်ခလေးတဦးအပါအဝင်သေဆုံးသူ ၁၆၄ ယောက်ရှိကြောင်းနဲ့ ၅၈၀၀ ကျော်ဖမ်းဆီးထားတယ်လို့ Kazakhstan အာဏာပိုင် တွေကထုတ်ဖေါ်ကြေငြာပါတယ်။ Kazakhstan ကဆန္ဒပြပွဲတွေဟာ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ ဥပဒေနဲ့အမိန့်တွေကို အားနည်းချိနဲ့သွားအောင်လုပ်ဖို့နဲ့ အာဏာသိမ်းဖို့ကြိုးပမ်းတာဖြစ်တယ်လို့ လက်ရှိ သမတ Kassym Jormart Tokayev က CSTO အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။

လောင်စာဆီဈေးနှုန်းမြင့်တက်မှုနဲ့ကုန်ဈေးနှုန်းမြင့်တက်မှုကိုခြေခံစတင်ခဲ့တဲ့ Kazakhstan က ဆန္ဒပြပွဲတွေဟာအာဏာရှင်စနစ် ကိုပါဆန့်ကျင်ခဲ့ကြပြီး နိုင်ငံရေးအပြောင်း အလဲတွေကို ပါတောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေနဲ့မတည်ငြိမ်မှုတွေကိုနှိမ်နင်းဖို့ ရုရှားကစစ်တပ်နဲ့ရဲ အင်အား ၃၀၀၀ ကျော်ပိုလွှတ်ထားပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကတော့ Kazakhstan အနေနဲ့ တရားဥပဒေစိုးမိုးရေးကိုသူ့ ဘာသာသူလုပ်ဆောင်နိုင်တယ်၊ သူ့နိုင်ငံသူကာကွယ်နိုင်တယ်ဆိုရင် ဘာကြောင့် ရုရှားတပ်တွေ စေလွှတ်ရတာလဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antonny Blenken က မေးခွန်းထုတ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG