သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နုတ်ထွက်ပြီး နျူသဘောတူညီချက် သမ္မတ Putin နဲ့ အီရန်ဆွေးနွေးလို


တရုတ်နိုင်ငံမှာ ကျင်းပတဲ့ SCO အစည်းအဝေးမှာ ရုရှားသမ္မတ ပူတင်နဲ့ အီရန်သမ္မတ ရိုဟာနီတို့ကို တွေ့ရစဉ်။ (ဇွန် ၉၊ ၂၀၁၈)
တရုတ်နိုင်ငံမှာ ကျင်းပတဲ့ SCO အစည်းအဝေးမှာ ရုရှားသမ္မတ ပူတင်နဲ့ အီရန်သမ္မတ ရိုဟာနီတို့ကို တွေ့ရစဉ်။ (ဇွန် ၉၊ ၂၀၁၈)

အီရန်နျူကလီယားအရေး သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်သွားပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးချင်တယ်လို့ အီရန်သမ္မတ ဟက်ဆန် ရူဟာနီက ပြောပါတယ်။

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး Qingdao မြို့မှာကျင်းပတဲ့ ရှန်ဟဲ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အစည်းအဝေး ပြင်ပမှာ စနေနေ့က သမ္မတပူတင်နဲ့ တွေ့ဆုံချိန်အစမှာ သမ္မတ ရူဟာနီက အဲဒီလိုပြောတာပါ။ ရုရှားနဲ့ အီရန်အကြား နီးကပ်တဲ့ ဆက်ဆံရေး ရှိထားတဲ့အပေါ်မှာလည်း အီရန်သမ္မတက ဂုဏ်ယူပြောဆိုပါတယ်။

နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန်ထွက်သွားတာကြောင့် “မိမိတို့ နှစ်နိုင်ငံကြားမှာ အရေးကြီးပြီး လေးနက်တဲ့ ဆွေးနွေးမှု” လုပ်ဖို့ ဖြစ်လာစေတယ်လို့ သမ္မတ ရူဟာနီကပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ ရုရှားနဲ့ အီရန်ကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့လည်း “ဒေသတွင်းမှာ မိမိတို့ရဲ့ အခန်းကဏ္ဍဟာ အတော်လေး အရေးပါတယ်” လို့ သမ္မတ ရူဟာနီက ဂုဏ်ယူပြောဆိုပါတယ်။

ဘေဂျင်းအခြေစိုက် SCO အဖွဲ့ကို ၂၀၀၁ ခုနှစ်က တည်ထောင်တာဖြစ်ပြီး နယ်စပ်ပြဿနာတွေ ဖြေရှင်းရေး၊ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးနဲ့ ဗဟိုအာရှဒေသမှာ အမေရိကန်သြဇာလွှမ်းမိုးမှုကို တန်ပြန်ရေး ရည်ရွယ် ဖွဲ့စည်းကြတာပါ။ အဖွဲ့ဝင် ၈ နိုင်ငံပါ ဒီအဖွဲ့မှာ တရုတ်နဲ့ ရုရှားက အဓိကဖြစ်ပြီး ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ကီယာဂစ္စတန်နဲ့ တာဂျစ်ကစ္စတန်တို့က စဖွဲ့ ကတည်းကပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေပါ။ ၂၀၁၇ ခုနှစ်မှာတော့ ပါကစ္စတန်နဲ့ အိန္ဒိယကို အဖွဲ့ဝင်တွေအဖြစ် လက်ခံထားပါတယ်။

အီရန်နိုင်ငံက SCO မှာ လေ့လာသူအဆင့်ရထားပြီး အဖွဲ့ဝင်အပြည့်အဝဖြစ်ဖို့ ရုရှားကထောက်ခံမယ်လို့ သမ္မတပူတင်က ပြောပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG