သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Putin သမ္မတ ကျမ်းသစ္စာဆို


ရုရှားခေါင်းဆောင် ဗလာဒီမီယာ ပူတင်ဟာ အခု တနင်္လာနေ့မှာ ရုရှားနိုင်ငံ သမ္မတအဖြစ် ကျမ်းသစ္စာဆိုပါတယ်။ ဒါဟာဆိုရင် သူရဲ့ သုံးကြိမ်မြောက် သမ္မတသက်တမ်း ဖြစ်ပါတယ်။ ကရင်မလင်မှာလုပ်တဲ့ သမ္မတ ကျမ်းသစ္စာဆိုပွဲကို ခမ်းခမ်းနားနားပြုလုပ်ပြီး အဲဒီမှာ ရုရှားနဲ့ နိုင်ငံခြား ဧည့်သည် နှစ်ထောင် ကျော် တတ်ရောက်ခဲ့ကြပါတယ်။ မစ္စတာပူတင်ဟာ ဖွဲ့စည်းပုံကို လက်မှာကိုင်ပြီး လူထုရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို လေးစား ကာကွယ်သွားပါ့မယ်လို့ ဂတိကဝတ် ပြုသွားပါတယ်။

သမ္မတကျမ်းသစ္စာဆိုပြီး မတိုင်ခင်မှာတော့ မော်စကိုမြို့တော်မှာ လုံခြုံရေးတွေ အတော့်ကို တင်းကျပ်ထားရပါတယ်။ ဆန္ဒပြလူပေါင်း ၁၂၀ ကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ဆန္ဒပြသူတွေဟာ ပူတင် ဆန့်ကျင်ရေး သင်္ကေတအနေနဲ့ အဖြူရောင်ဖဲကြိုးတွေကို ဝတ်ဆင်ထားကြပါတယ်။

မစ္စတာပူတင်ဟာ ၂၀၀၈ ခုနှစ်မှာ သမ္မတ တာဝန်ကို ဒီမီထရီ မက်ဗီးယဲ့ဒက်ဖ် ကို လွဲှပြီး ဝန်ကြီးချုပ်လုပ်ခဲ့ပါတယ်။ အခု မတ်လ ၄ ရက်နေ့ ရွေးကောက်ပွဲအတွက် သမ္မတနေရာ ဝင်ရောက်ထပ်မံ ယှဉ်ပြိုင်ပြိး အပြတ်အသတ် အနိုင်ရခဲ့တာပါ။ အတိုက်အခံတွေကတော့ ဒီရွေးကောက်ပွဲဟာ မဲမသမာမှုတွေ မဲခိုးမှုတွေရှိခဲ့တယ်လို့ စွပ်စွဲပါတယ်။

မစ္စတာပူတင်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာ ဆိုပြီးတဲ့နောက်နေတာ့ ဝန်ကြီးချုပ် ရာထူးအတွက် သမ္မတလုပ်ခဲ့တဲ့ ဒီမီထရီ မက်ဗီးယဲ့ဒက်ဖ်ကို အမည်စာရင်း တင်သွင်းလိုက်ပါပြီ။ လွှတ်တော်ကနေ ဒါကို ဆုံးဖြတ်မဲခွဲရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG