သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Putin နဲ့တွေ့ဆုံမယ့်အပေါ် Donal Trump မျှော်လင့်ချက်သိပ်မထား


ရုရှား သမ္မတ ဘလာဒီယာ ပူတင်တို့ရဲ့ ထိပ်သီးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နာရီပိုင်းလောက်သာ လိုတော့တဲ့အချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွေ့ဆုံမှုအပေါ် မျှော်လင့်ချက်မထားသလိုဥရောသမဂ္ဂဟာ အစဉ်အလာအရ အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်ဆွေအဖွဲ့ဖြစ်တယ်ဆိုတာကိုလည်း ငြင်းဆန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အကြီးမားဆုံးရန်သူဟာ ဘယ်သူလို့ထင်သလဲ ဆိုပြီး CBS သတင်းဌာနက သမ္မတထရမ့်ကို မေးမြန်းခဲ့ရမှာ ကျနုပ်တို့မှာ ရန်သူတွေ အများကြီးရှိနေတယ်လို့ သူအနေနဲ့ ထင်တဲ့အကြောင်း မစ္စတာထရမ့်က ဖြေကြားလိုက်ပါတယ်။"အခု ဥရောပသမ္မဂကို ခင်ဗျား မထင်ဘူးမဟုတ်လား။ ဒါပေမယ့် သူတို့ဟာ ရန်သူတဖွဲ့ ဖြစ်တယ်။ ရုရှားဆိုရင်လည်း သေချာတဲ့ ရန်သူတွေထဲက တဖွဲ့ဖြစ်ပါတယ်" လို့ မစ္စတာထရမ့်ကပြောဆိုတယ်။

ရုရှားသမ္မတပူတင် နဲ့ တွေ့ဆုံဖို့အတွက် ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့ကို သမ္မတဒေါ်နယ်ထရမ့် သွားရောက် နေစဥမှာပဲ သမ္မတထရမ့်ရဲ့ မှတ်ချက်ပြုစကားကို ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ မစ္စတာပူတင်နဲ့ ပူးပေါင်းလုပ်ကိုင်လို့ရနိုင်တဲ့ ကိစ္စရပ်တွေကို ရှာဖွေမှာ ဖြစ်တယ်လို့ သမ္မတ ထရမ့်ကပြောပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ အနောက်နိုင်ငံတွေရဲ့ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ NATO နဲ့ EU အဖွဲ့တွေကို ဝေဖန်တိုက်ခိုက် ပြောဆိုနေသူတဦးဖြစ်ပါတယ်။

ဒီအစည်းဝေးကနေ မကောင်းတဲ့အချက် တစုံတရာထွက်ပေါ်လာမှာ မဟုတ်ပါဘူး။ ကောင်းတာတချို့တော့ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက် ကြီးကြီးမားမားမထားပဲ ကျနော်သွားမှာပါလို့ သမ္မတ ထရမ့်ကပြောပါတယ်။

သမ္မတ Putin နဲ့တွေ့ဆုံမယ့်အပေါ် Donal Trump မျှော်လင့်ချက်သိပ်မထား
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG