သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာစစ်ပြီး အငြင်းပွါးနယ်မြေ ကိစ္စ ရုရှား-ဂျပန်ဆွေးနွေး


ရုရှားသမ္မတ Vladimir Putin (ဝဲ) နှင့် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရုရှားနိုင်ငံ၊ မော်စကိုမြို့၌တွေ့ဆုံကြစဉ်။ (မေ ၂၆၊ ၂၀၁၈)
ရုရှားသမ္မတ Vladimir Putin (ဝဲ) နှင့် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရုရှားနိုင်ငံ၊ မော်စကိုမြို့၌တွေ့ဆုံကြစဉ်။ (မေ ၂၆၊ ၂၀၁၈)

ရုရှားနိုင်ငံ မော်စကိုမြို့ ကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ ရုရှားသမ္မတ Vladimir Putin တို့ မနေ့ စနေနေ့က တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးတဲ့အထဲမှာ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ပစိဖိတ်ကျွန်းလေးကျွန်းကိစ္စ ဖြေရှင်းရေးလည်းပါဝင်ခဲ့ပါတယ်။

မြောက်ပိုင်း နယ်များလို့ ဂျပန်ဘက်က အမည်ပေးထားတဲ့ Kuril ကျွန်းစုတွေရဲ့တောင်ပိုင်း အကျဆုံး လေးကျွန်းလုံးရဲ့ ဗဟိုချက်မတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုကို ဖြေရှင်းရေး နည်းလမ်း ရှာဖွေဖို့အတွက် ဂျပန်ဝန်ကြီးချုပ် Abe က ဖိအားပေးနေခဲ့တာပါ။ ဒီကျွန်းတွေကို ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့နီးအချိန်မှာ ရုရှားဘက်က သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့ပေမယ့် ရုရှားနဲ့ ဂျပန် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးပါဘူး။

နှစ်နိုင်ငံ အငြင်းပွားနေမှုကို ဖြေရှင်းနိုင်ရေး တွန်းအားပေးတဲ့အနေနဲ့ ဂျပန်ဘက်ကတော့ Kuril ကျွန်းစုမှာ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့ နည်းလမ်းရှာဖွေနေပါတယ်။

ကမ္ဘာစစ်ပြီး အငြင်းပွါးနယ်မြေ ကိစ္စ ရုရှား-ဂျပန်ဆွေးနွေး
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG