သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေဦးတော်လှန်ရေးနဲ့ PVTV ရုပ်သံ


PVTV သတင်းဌာနတာဝန်ခံ ဦးနေဘုန်းလတ်နဲ့ ဗွီအိုအေသီးသန့်တွေ့ဆုံမေးမြန်းမှု (မေ ၂၇၊ ၂၀၂၄/ ဗွီအိုအေ)
PVTV သတင်းဌာနတာဝန်ခံ ဦးနေဘုန်းလတ်နဲ့ ဗွီအိုအေသီးသန့်တွေ့ဆုံမေးမြန်းမှု (မေ ၂၇၊ ၂၀၂၄/ ဗွီအိုအေ)

PVTV ရုပ်သံဌာနဟာ နွေဦးတော်လှန်ရေးနဲ့အတူပေါ်လာခဲ့တဲ့ သတင်းဌာနတခုဖြစ်သလို မြန်မာနိုင်ငံအနှံ့က မြေပြင်သတင်းတွေကို အထူးပြုတင်ဆက်နေတာဖြစ်ပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းဌာနဖြစ်ပေမဲ့ သတင်းတည်းဖြတ်တင်ဆက်မှုပိုင်းမှာ သီးခြားလွတ်လပ်တဲ့အသွင်ဆောင်တယ်လို့ PVTV တာဝန်ခံ ကိုနေဘုန်းလတ်က ပြောပါတယ်။ ထိုင်းအခြေစိုက် PVTV ရုံးကိုသွားရောက်ပြီး မအင်ကြင်းနိုင်က ဦးနေဘုန်းလတ်ကို မေးမြန်းထားပါတယ်။

နွေဦးတော်လှန်ရေးနဲ့ PVTV ရုပ်သံ
please wait

No media source currently available

0:00 0:04:10 0:00

အင်ကြင်းနိုင်။ ။ အဲဒီတော့ တဘက်မှာကျတော့ PVTV က သတင်းဌာနတခုအနေနဲ့ NUG အစိုးရရဲ့လက်အောက်မှာရှိနေတာပေါ့လေ။ နောက်တခုကကျတော့ နွေဦးတော်လှန်ရေးရဲ့သတင်းတွေကို တင်ပြနေတဲ့ဌာနဆိုတော့ ဘက်အရ ပြောရင်တော့ 'ဘက်' ရှိနေတဲ့အနေအထားပေ့ါနော်။ အဲဒီတော့ သတင်းအမှန်တွေ တိတိကျကျပြောဖို့ဆိုရင် ဥပမာ- ကိုယ်လိုချင်တဲ့သတင်းကိုပဲ တင်ပြမယ်ပေါ့လေ၊ မလိုလားတဲ့သဘောတွေပေါ့။ ဥပမာ- တကယ်လို့ တိုက်ပွဲတခုဖြစ်တယ်၊ ကိုယ့်ဘက်ကအကျအဆုံးတွေများနေတာကို မှန်မှန်ကန်ကန်မပြောဘူးဆိုပြီးတော့ ထောက်ပြတာတွေလည်း ရှိတယ်။ ဒီဘက် တော်လှန်ရေးအင်အားစုတွေက။ တခြားဘက်အကျအဆုံးများတာတွေကိုပဲ ပြတာတို့၊ ပြောတာတို့ဆိုတဲ့ ပြန်ပြီး စွပ်စွဲချက်တွေရှိတော့ PVTV က သတင်းမှန်နဲ့ ဘက် ဆိုတဲ့အမြင်ပေါ်မှာကျတော့ ဘယ်လို ရပ်တည်လဲ။

ဦးနေဘုန်းလတ်။ ။ PVTV ကတော့ အခုနက အမပြောတဲ့အထဲမှာလည်း ပါတယ်ပေါ့နော်။ ကျနော်တို့ PVTV ပေါ်လာတာကိုက တော်လှန်ရေးကြောင့်ပေါ်လာတာပဲ။ တော်လှန်ရေးရဲ့လိုအပ်ချက်အရ ပေါ်လာတာပဲ။ ဒါပေမဲ့ PVTV ကတော့ လက်ရှိတော့ NUG ရဲ့လက်အောက်မှာ NUG နဲ့ပတ်သက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်နေတယ်ပေါ့။ ဒါပေမဲ့လည်း PVTV မှာ သီးခြား Board of Director တွေ ရှိတယ်။ editorial ပိုင်းကို ကျနော်တို့က သီးခြားဆုံးဖြတ်ပြီးတော့ ဆောင်ရွက်တာရှိတယ်ပေါ့နော်။ ဒါပေမဲ့လည်း တဘက်ကကြည့်မယ်ဆိုရင်လည်း အမေရိကန်မှာလို အစိုးရဘတ်ဂျက်နဲ့လည်ပတ်နေတဲ့ မီဒီယာသဘောမျိုးပါပဲ။ ကျနော်တို့လည်း မီဒီယာက အစိုးရဘတ်ဂျက်နဲ့ပဲ လည်ပတ်နေရတဲ့ မီဒီယာဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့လည်း editorial ပိုင်းကိုတော့ သီးခြား board of director နဲ့ဆုံးဖြတ်ပြီးတော့ သွားနေတဲ့အနေအထားပါ။ အဲဒီမှာ အခုနကပြောတဲ့ 'ဘက်' ဆိုတာလည်း မှန်ပါတယ်။

ကျနော်တို့ကတော့ စပြီးတော့လုပ်ကတည်းက တော်လှန်ရေးအောင်ဖို့အတွက်လုပ်တာလေ-နော်။ ဒါက တော်လှန်ရေးအောင်ဖို့အတွက်လိုတယ် ဆိုပြီး ထူထောင်တာဖြစ်တယ်။ ကျနော့်ကိုယ်ကျနော်လည်း တော်လှန်ရေးသမားလို့ပဲ ခံယူတယ်ပေါ့နော်။ မီဒီယာသမားအနေနဲ့၊ မီဒီယာအနေနဲ့လုပ်နေတာမျိုး မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့လည်း အခုနက ကိစ္စတွေကိုတော့ ကျနော်ကိုယ်တိုင်လည်း မီဒီယာလောကမှာ ဖြတ်သန်းလာခဲ့ဖူးတယ်၊ တောက်လျှောက်လည်း ဘလော့ဂါတွေ လုပ်ခဲ့တာရှိတယ်။ မီဒီယာသမားတွေနဲ့လည်း အရမ်း ရင်းနှီးကြတာတွေ ရှိတယ်ပေါ့နော်။ media ethic တွေကိုလည်း ကျနော် အများကြီးနားလည်ပါတယ်။​ အခုနကဟာတွေဆိုရင် ကျနော်တို့က မှန်ကန်တဲ့သတင်းအချက်အလက်ကိုပဲတင်တယ်။ ဒါပေမဲ့လည်း ပုံတွေပေါ့နော်- တချို့ဟာတွေကျတော့လည်း သူ့ဘက်မှ ကိုယ့်ဘက်မှမဟုတ်ဘူး။ ဘယ်ပုံမှ တင်လို့မရဘူး၊ facebook မှာတော့လေ။ ကျဆုံးတာတွေရှိတယ်။ တချို့ကျဆုံးတဲ့ပုံတွေဆိုရင် တော်တော်ဆိုးဆိုးဝါးဝါးတွေရှိတယ်၊ အဲဒါတွေဆိုရင်တော့ ကျနော်တို့က တင်လို့မရတဲ့အနေအထားတွေရှိတယ်။ ဒါပေမဲ့လည်း ကိုယ့်ဘက်ကကျဆုံးတာတွေ မတင်ဘူးလား-ဆိုတော့ အဲဒါတော့ မဟုတ်ပါဘူး။ ကျနော်တိုဘက်က ကျဆုံးတဲ့သူတွေလည်းရှိသလို ဒီလူတွေရဲ့ကျဆုံးမှုကို ကျနော်တို့က ဂုဏ်ယူပြီးတော့ တင်နေတာလည်း တောက်လျှောက်အစီအစဥ်တွေကိုရှိတယ်။ ကျနော်တို့မှာ 'ကြယ်' ဆိုတဲ့အစီအစဥ်ရှိတယ်။ ကြယ်ဆိုရင် တော်လှန်ရေးမှာ ကြွေလွင့်ခဲ့ရတဲ့ကြယ်တွေကို ဂုဏ်ပြုပြီးတော့ တင်ဆက်ထားတဲ့အစီအစဥ်ပေ့ါနော်။

အဲလိုပဲ count (ရေတွက်) လုပ်ပြီးတော့ ကျနော်တို့ MOD ရဲ့ ဝဘ်ဆိုက်မှာဆိုရင် နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့သူတွေရဲ့စာရင်းပေါ့နော်။ ဒါပေမဲ့ အဲဒါတွေတောင် ပြည့်စုံမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချက်အလက်တွေကလည်း ရဖို့ခက်တယ်။ အဲဒါတွေလည်း စနစ်တကျကိုလုပ်ထားတာ ရှိပါတယ်။ အဲဒီတော့ 'ဘက်' အနေနဲ့ ဘက်လိုက်လားလို့ မေးရင် ဘက်လိုက်တယ်လို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာပေါ့။ ဘယ်ဘက်ကိုလိုက်လဲ-ဆိုရင် 'ဓမ္မဘက်ကိုလိုက်တယ်'။​ တော်လှန်ရေးမျက်နှာကို ရှေ့ရှု ကြည့်ပြီးတော့ အလုပ်လုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ PVTV ရဲ့ပေါ်ပေါက်မှုကိုက တော်လှန်ရေးရဲ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့အခြေအနေဖြစ်တယ်ပေါ့နော်။ တော်လှန်ရေးပြီးသွားတဲ့တချိန်ချိန်ကျရင်တော့ ကျနော်တို့က public service media အနေနဲ့ တကယ့်ကို Genric media တိုက်ကြီးတခုလိုမျိုး တချိန်ချိန်ကျရင်တော့ တော်လှန်ရေးအစိုးရလည်း မဟုတ်တော့ဘူး။ တော်လှန်ရေးလည်း ပြီးဆုံးသွားတဲ့အခြေအနေဆိုရင်တော့ အဲလိုမျိုး ကူးပြောင်းမယ်ဆိုတဲ့အစီအစဥ်တွေတော့ ကျနော်တို့မှာ ရှိပါတယ်။ အခုလောလောဆယ်ကတော့ တော်လှန်ရေးဘက်က လိုက်ပါဆောင်ရွက်တဲ့ ဌာနတခုအနေနဲ့ အဲလိုပဲ ဆောင်ရွက်နေတယ်လို့ပဲ ပြောချင်ပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒီတော့ PVTV က သတင်းမီဒီယာဌာနတခုအနေနဲ့ ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာပေ့ါနော်၊ အခုဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်နောက်ပိုင်းထဲ စတင်တည်ထောင်ခဲ့တဲ့ကာလ သုံးနှစ်တာအတွင်းပေါ့ မီဒီယာဝန်ဆောင်မှုပေးတဲ့လုပ်ငန်းမှာ တကယ့်အခက်အခဲ စိန်ခေါ်မှုဆိုလို့ရှိရင် ဘာတွေရှိလဲရှင့်။

ဦးနေဘုန်းလတ်။ ။ မှတ်မှတ်ရရ PVTV ကို စထောင်တာဆိုရင် NUG ကို စထောင်တာက ဧပြီ ၁၆ ရက်နေ့ပေါ့နော်။ ၂၀၂၁ ဧပြီ ၁၆ ရက်နေ့။ ကျနော်တို့ PVTV က ၂၀၂၁ ဧပြီ ၁၄ ရက်နေ့မှာစခဲ့တယ်ပေါ့နော်။ အဲဒီတော့ NUG စတင်ဖွဲ့စည်းတယ်ဆိုတဲ့ကိစ္စတွေ၊ နောက်ပိုင်း ကြေညာချက်တွေအကုန်လုံး ဒီ PVTV ကပဲ နိုင်ငံရေးအနေနဲ့ပဲ တောက်လျောက်ကြေညာခဲ့ရတာပေါ့နော်။ အဲဒီကာလဆိုရင်လည်း တောထဲကနေ လုပ်ခဲ့ရတာပေ့ါနော်။ အဓိကပြဿနာကတော့ အင်တာနက်ကောင်းကောင်းမရတာပေါ့။ အခုတော့ နည်းနည်းလေးအဆင်ပြေလာတာပေါ့။ ကျနော်တို့စခဲ့တဲ့အချိန်တုန်းကဆိုရင် ငါးမိနစ်၊ ဆယ်မိနစ်ဗွီဒီယိုဖိုင်လေးကို upload တင်ရတာကိုက ကျနော်တို့မှာ ပုတီးစိတ်သလိုပဲ။ uploading က 1% , 1% အဲဒါကိုပဲ ထိုင်ကြည့်နေရတာပေါ့။ တခါတလေကျရင် ၉၀ လောက် ရောက်တော့မှ ဝုန်း- ဆို ပြုတ်ကျရင်ကျသွားရောပေါ့နော်။ အဲလိုမျိုး အခက်အခဲတွေနဲ့ လုပ်ခဲ့ရတာ ရှိတယ်။

နောက်တခုကတော့ ကျနော်တို့ကိုယ်တိုင်လည်း ဒီကာလမှာဖြစ်တဲ့ ပြဿနာ အခက်အခဲကတော့ assess to information ပေါ့။ PVTV ကိုယ်နှိုက် သတင်းအချက်အလက်တွေ အကုန်ရနေသလားမေးရင် PVTV ကိုယ်နှိုက်ကိုက ရမနေဘူး။ ဘာလို့လဲဆိုတော့ ကျနော် ရှေ့မှာ ပြောသလိုပဲ။ တိုင်းပြည်က စစ်ဖြစ်နေတဲ့အခြေအနေဖြစ်တယ်။ ပြီးတဲ့အခါကျတော့ အင်တာနက်ဖြတ်တောက်မှုတွေပေါ့နော်။ ဆက်သွယ်ရေးတွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ သူတို့တွေက ဖြတ်တောက်တာတို့ ကျနော်တို့တွေက အောက်ခြေက မြေပြင်အခြေအနေတွေနဲ့ပတ်သက်နေရင် ကျနော်တို့ဆီကို တိုက်ရိုက်ရောက်တဲ့ဟာတွေက နှောင့်နှေးကြန့်ကြာမှုတွေ အများကြီးရှိတာပေ့ါ။ အဲဒီတော့ အခုဆိုလည်း တချို့မီဒီယာတွေ ပြောကြတယ်။ assess to information အားနည်းတယ်-လို့။ NUG အနေနဲ့ကလည်း အကောင်းဆုံးတော့ ကြိုးစားတယ်ဗျာ။ ဒါပေမဲ့လည်း မြေပြင်အခြေအနေအရကိုက အခြေအနေကို မပေးဘူး။ ကျနော်တို့ဆီကိုတောင် အချိန်မီ မရောက်တဲ့အချက်အလက်တွေပေါ့နော်။ ဒါတွေလည်းရှိနေတယ်။ assess to information - အင်တာနက်ပြတ်တောက်မှု၊ communication အားနည်းမှု - အဲဒါတွေကလည်း တော်တော်လေး ဆိုးဝါးတဲ့ - ပိတ်ထာားတဲ့ပုံစံမဟုတ်ပေမဲ့လည်း ဒီအတိုင်းကိုပဲ communication က gap တွေ ဖြစ်ဖြစ်နေတဲ့ အနေအထားမျိုးတွေပေါ့။ အဲဒါတွေတော့ အခက်အခဲတွေ ကြုံရပါတယ်။

နွေဦးတော်လှန်ရေးနဲ့ PVTV ရုပ်သံ
please wait

No media source currently available

0:00 0:04:31 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG