သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်မြို့နေရာတချို့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရ


Pyin Oo Lwin Map
Pyin Oo Lwin Map

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်အနီးတဝိုက်ကို ဧပြီလ ၁၄ရက်နေ့ ညပိုင်း ၉နာရီကျော်အချိန်က လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့ သိရပါတယ်။ စစ်တက္ကသိုလ်ဝန်းထဲ ပေါက်ကွဲသံကြားရသလို၊ ဆေးရုံကြီးနဲ့ ဘုန်းတော်ကြီးကျောင်းတကျောင်းတို့ကိုပါ ထိခိုက်ပေါက်ကွဲခဲ့လို အရပ်သားထိခိုက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ည ၁၀နာရီ ဝန်းကျင်အထိကို ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။ ရှော့တိုက်ဒုံး ၂၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပေမယ့်၊ ဗွီအိုအေကတော့ သီးခြားအတည်ပြုချက်မယူနိုင်သေးပါဘူး။

ဧပြီ ၁၄ ရက်နေ့ မနက် ၁၀ နာရီကျော်ကလည်း မန္တလေးမြို့တော်ဝန်မဏ္ဍပ်အနီးမှာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး၊ လက်လုပ်မိုင်းနဲ့ဖောက်ခွဲတာဖြစ်ပြီး PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့လက်ချက်ဖြစ်တယ်လို့ မြန်မာစစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံအရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့တုန်းကတော့ ပြင်ဦးလွင်မှာရှိတဲ့ စစ်တက္ကသိုလ် DSA ကို မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အခု တကြိမ်တိုက်ခိုက်မှုမှာတော့ ဘယ်အဖွဲ့လက်ချက်လဲဆိုတာ အသေအချာ မသိရသေးပါဘူး။ ဧပြီလ ၄ ရက်နေ့တုန်းကလည်း စစ်ကောင်စီ စစ်ရုံးချုပ်တည်ရှိရာ နေပြည်တော်နဲ့ အေလာလေတပ်စခန်းတွေကို ဒရုန်းတွေနဲ့ တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်ဆိုပြီး NUG ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပြင်ဦးလွင်မြို့နေရာတချို့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG