သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ တရုတ်နိုင်ငံတွေမှာ ငလျင်လှုပ်


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ဆောက်လက်စ ရတနာသိင်္ဃတံတား ပြင်းအား ၆.၈ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မြင်ကွင်း။ (၁၁၊ ၁၃၊ ၂၀၁၂)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ဆောက်လက်စ ရတနာသိင်္ဃတံတား ပြင်းအား ၆.၈ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မြင်ကွင်း။ (၁၁၊ ၁၃၊ ၂၀၁၂)
စနေနေ့ညသန်းခေါင်ကျော် တနင်္ဂနွေနေ့မနက် ၁ နာရီကျော်လောက်မှာ ပြင်းအား ၄.၇ ရှိတဲ့ ငလျင်တခု ရန်ကုန်မြို့နဲ့ ၂၅ မိုင်လောက်အကွာ တွံတေးမြို့ရဲ့ အနောက်မြောက်ဖက် ၁၀ မိုင်လောက်အကွာမှာ လှုပ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီး ဆုံးရှုံးမှု ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

အလားတူပဲ တရုတ် - မြန်မာနယ်က တရုတ်နိုင်ငံအတွင်း အင်အားအတန်အသင့် ပြင်းထန်တဲ့ ငလျင်တခု လှုပ်သွားခဲ့တဲ့အတွက် ၄၅ ဦး ထိခိုက် ဒဏ်ရာရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ကြရတယ်လို့ တရုတ်အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း မနှစ်က ငလျင်လှုပ်ခဲ့တဲ့နေရာမှာပဲ သောကြာနေ့က ငလျင် ပြန်လှုပ်ခဲ့တာ ဖြစ်ပြီး ဒေသခံတွေ အဆောက်အဦးတွေထဲက ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြသလို ကျောင်းသားတွေကိုလည်း ကျောင်းထဲကနေ ဘေးကင်းရာကို ခေါ်ဆောင်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာ ရသူတွေထဲက ၈ ဦးကတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိပြီး လူပေါင်း ၂ သိန်းနီးပါးကို ယာယီခိုလှုံရေး စခန်း ၅၀ လောက်ကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ ယူနန်ပြည်နယ်၊ Dehong စီရင်စု အစိုးရက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အခုလှုပ်သွားတဲ့ ငလျင် ပြင်းအားဟာ ၆.၁ ရှိတယ်လို့ Yingjiang ခရိုင်၊ Dehong စီရင်စုက သတင်းထုတ်ပြန်ပြီး အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနကတော့ ပြင်းအား ၅.၉ ရှိတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG