သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ လေယာဉ်ကြီး နောက်တစင်း စင်္ကာပူမှာ အရေးပေါ်ထိုးဆင်း


သြစတြေးလျ လေယာဉ်ကြီး နောက်တစင်း စင်္ကာပူမှာ အရေးပေါ်ထိုးဆင်း
သြစတြေးလျ လေယာဉ်ကြီး နောက်တစင်း စင်္ကာပူမှာ အရေးပေါ်ထိုးဆင်း

Qantas လေကြောင်းလိုင်းက ခရီးသည်တင် ဂျမ်ဘိုဂျက်လေယာဉ် နောက်တစင်းဟာ အင်ဂျင်တလုံးမီးလောင်တဲ့အတွက် စင်္ကာပူနိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ ဒါဟာဖြင့် နှစ်ရက်အတွင်း သြစတြေးလျနိုင်ငံပိုင် လေကြောင်းလိုင်းရဲ့ လေယာဉ်တွေထဲက ဒုတိယမြောက်ဖြစ်ရပ်ဖြစ်ပါတယ။်

ဆစ်ဒနီမြို့ဆီပျံသန်းမယ့် ဘိုးအင်း ၇၄၇-၄၀၀ လေယာဉ်ကြီးဟာ ခရီးသည် ၄၃၁ ယောက်နဲ့ လေယာဉ်အမှုထမ်းတွေကို တင်ဆောင်ပြီး သောကြာနေ့က စင်္ကာပူနိုင်ငံ၊ ချန်ဂီးလေဆိပ်ကနေ ပျံတက်အပြီး သိပ်မကြာခင်မှာပဲ ချောချောမောမော ပြန်ဆင်း နိုင်ခဲ့ပါတယ်။ လေယာဉ်အင်ဂျင် ပြဿနာတက်ရတာနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တွေကိုတော့ ချက်ခြင်း မသိရသေးပါဘူး။

အသံအကျယ်ကြီး ကြားရပြီး အင်ဂျင်ကနေ မီးလောင်တာ တွေ့ခဲ့ရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ကြာသပတေးနေ့တုန်းကလည်း Qantas လေကြောင်းလိုင်းရဲ့ A-380 Airbus ခရီးသည်တင်လေယာဉ်တစင်းဟာ လေထဲမှာ အင်ဂျင်စက်ချို့ယွင်းတာကြောင့် စင်္ကာပူ၊ ချန်ဂီလေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါသေးတယ်။ အဲဒီလိုဖြစ်ရတာဟာ မကောင်းတဲ့ စက်ပစ္စည်းအစိတ်အပိုင်း ဒါမှမဟုတ် ဒီဇိုင်းပြဿနာကြောင့်ဖြစ်တယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

XS
SM
MD
LG