သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင်မကြီး သက်တော် ၉၀ ပြည့် ကျင်းပ


ဘုရင်မကြီးရဲ့ သက်တော် ၉၀ ပြည့် မွေးနေ့အတွက် ဘုရင်မကြီး အတွက် အမှတ်တရ မွေးနေ့ ကိတ်မုန့်ကို ဖုတ်ပေးသူ Hussainနဲ့ ဘုရင်မကြီး။ ( ဧပြီ ၂၁၊ ၂၀၁၆)
ဘုရင်မကြီးရဲ့ သက်တော် ၉၀ ပြည့် မွေးနေ့အတွက် ဘုရင်မကြီး အတွက် အမှတ်တရ မွေးနေ့ ကိတ်မုန့်ကို ဖုတ်ပေးသူ Hussainနဲ့ ဘုရင်မကြီး။ ( ဧပြီ ၂၁၊ ၂၀၁၆)

ဒီကနေ့ဟာဖြင့် ဗြိတိန်နိုင်ငံ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးရဲ့ သက်တော် ၉၀ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဘုရင်မကြီး အတွက် အမှတ်တရ မွေးနေ့ကိတ်မုန့် ကို ဖုတ်ပေးသူကတော့ Great British Bake Off ဆိုတဲ့ ဗြိတိန်နိုင်ငံမှာ လူကြိုက်များတဲ့ ရုပ်သံလွှင့် မုန့်ဖုတ်ပြိုင်ပွဲအစီအစဉ်မှာ မကြာသေးခင်က အနိုင်ရထားသူ Nadiya Hussain ပါ။

ထောပတ်ခရင်မ်၊ သစ်သီးယိုတွေနဲ့အတူ လိမ္မော်အမှုန့်လေးတွေဖြူး ထားတဲ့ ရွှေရောင်နဲ့ ခရမ်းရောင် ကိတ်မုန့်ကို ဘုရင်မကြီးရဲ့ သက်တော် ၉၀ ပြည့် မွေးနေ့အတွက် Hussain က လုပ်ပေးပါတယ်။

ဗြိတိန်နိုင်ငံ မင်းဆက်တွေထဲမှာ အသက်အကြီးဆုံးနဲ့ နန်းသက်အရှည်ဆုံး အဲလိဇဘက်ဘုရင်မကြီးဟာ သူ့ရဲ့မွေးနေ့မှာ ဝင်ဒ်ဆာနန်းတော်ကိုလာပြီး ဆုတောင်းပေးကြသူတွေကို နှုတ်ဆက်စကားပြောပါတယ်။

ရာပေါင်းများစွာသော လူတွေဟာ ကိတ်မုန့်တွေ၊ မွေးနေ့ဆုတောင်း ကဒ်ပြားတွေ၊ ဘောလုံးတွေ၊ ယူနီယံဂျက်အလံတွေကို ကိုင်ပြီး ဘုရင်မကြီးနဲ့မတွေ့ရခင် နာရီပေါင်းအတော်ကြာကြာကတည်းက စုဝေး စောင့်ဆိုင်းနေခဲ့ကြတာပါ။

ကိတ်မုန့်ဖုတ်ပေးတဲ့ Nadiya Hussain ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား ဗြိတိန်နိုင်ငံသူဖြစ်ပါတယ်။

XS
SM
MD
LG