သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကော့တလန် ခွဲရေးတွဲရေး သေချာစဉ်းစားပြီးမှ မဲပေးကြဖို့ ဘုရင်မကြီးတောင်းဆို


ဗြိတိန်ဘုရင်မကြီး Elizabethနဲ့ ကြင်ယာတော်မင်းသားကြီး Philip
ဗြိတိန်ဘုရင်မကြီး Elizabethနဲ့ ကြင်ယာတော်မင်းသားကြီး Philip

UK နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ရေးအတွက် ကြာသပတေးနေ့မှာ မဲမပေးခင် Scot လူမျိုးတွေအနေနဲ့ အနာဂတ်အတွက် အသေအချာ စဉ်းစားပြီးမှ လုပ်ဆောင်ကြဖို့ ဗြိတိန်ဘုရင်မကြီး Elizabeth က တောင်းဆိုလိုက်ပါတယ်။

Scotland ခွဲထွက်ရေးအတွက် သမိုင်းဝင် မဲခွဲဆုံးဖြတ်မယ့်ကိစ္စနဲ့ပတ်သက်လို့ ဘုရင်မကြီးအနေနဲ့ အများပြည်သူတွေကို ပထမဆုံး ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ အခုလိုပြောဆိုမှုဟာ သူတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ခွဲထွက်ရေး လိုလားသူတွေက ယူဆနေကြပါတယ်။

ဒါပေမယ့် ဘုရင်မကြီးအနေနဲ့ နိုင်ငံရေးကိစ္စတွေမှာ ဘယ်ဘက်ကိုမှလိုက်ပြီး ပြောဆိုလေ့မရှိတဲ့အပြင် ဗြိတိသျှဖွဲ့စည်းပုံအရလည်း အဲဒီလို လုပ်လို့ မရအောင် တားမြစ်ထားတယ်လို့ Buckingham နန်းတော်က ပြောပါတယ်။

Scot လူမျိုးတွေအနေနဲ့ ခွဲထွက်ရေးကို မလိုလားကြောင်း မဲပေးကြဖို့ စည်းရုံးလှုံ့ဆော်ရေးလုပ်ဆောင်ဖို့ ဝန်ကြီးချုပ် David Cameron ဟာ တနင်္လာနေ့မှာ Scotland ကို နောက်တကြိမ် ထပ်သွားဖို့ ရှိနေပါတယ်။ မဲပေးကြမယ့် ပြည်သူတွေအနေနဲ့ သူ့အသည်းကိုမခွဲကြဖို့နဲ့ နှစ်ပေါင်း ၃၀၀ လောက် မိသားစု နိုင်ငံတွေအဖြစ် ရပ်တည်လာခဲ့ သမိုင်းအစဉ်အလာကို မဖျက်ဆီးပစ်ဖို့အတွက် ဝန်ကြီးချုပ် ကင်မရွန်းက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မေတ္တာရပ်ခံခဲ့ပါတယ်။

XS
SM
MD
LG