သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခအဆုံးသတ်ရေး ကင်တားနားတိုက်တွန်း


မြန်မာနိုင်ငံခရီးစဉ်အဆုံးသတ် ရန်ကုန်လေဆိပ်မှာ မစ္စတာကင်တားနား သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံခရီးစဉ်အဆုံးသတ် ရန်ကုန်လေဆိပ်မှာ မစ္စတာကင်တားနား သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို ၅ ရက်ကြာခရီးစဉ် အဖြစ်လာရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားက ခရီးစဉ်ရဲ့နောက်ဆုံးနေ့က ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

“ကချင်အမျိုးသားတွေကို ကေအိုင်အေအဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုပြီးတော့ မြန်မာစစ်တပ်က တရားဥပဒေမဲ့ ဖမ်းဆီးတာတွေ ဆက်ဖြစ်နေတာ၊ စစ်ဆေးမေးမြန်းနေစဉ်အတွင်းမှာ ညှင်းပန်းနှိပ်စက်တာတွေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ စိုးရိမ်မိပါတယ်။” - လို့ မစ္စတာ ကင်တားနား က သတင်းထောက်တွေကို ပြောသွားတာပါ။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန် အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများနဲ့ အပစ်ရပ်စဲရေး သဘောတူညီမှုတွေ ရခဲ့ပေမဲ့ ကချင်လက်နက်ကိုင် အဖွဲ့နဲ့တော့ ခုချိန်ထိ သဘောတူညီမှုရဖို့ အတွက် ဆွေးနွေးနေတုန်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း အစိုးရနဲ့ လူနည်းစုတိုင်းရင်းသားတွေကြားမှာ ဖြစ်နေတဲ့ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ တိုးတက်မှုတွေ ရှိလာအောင်လုပ်ဖို့လည်း မစ္စတာ ကင်တားနားက မြန်မာအစိုးရကို တိုက်တွန်း ပြောကြားသွားပါတယ်။
XS
SM
MD
LG