လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအရပ်ရပ်ကို သိရဖို့အတွက် ပြည်တွင်းအခြေစိုက် အရပ်ဘက်လူ့အဖွဲ့အစည်းမျိုးစုံနဲ့ အင်္ဂါနေ့က ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ သိရှိရတဲ့ အချက်အလက်တွေကို သူ့ရဲ့အစီရင်ခံစာထဲမှာ ထည့်သွင်းရေးသားပြီး လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွေမှာ တင်ပြသွားမှာဖြစ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားဟာ အင်္ဂါနေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ပြန်လာပြီးတဲ့နောက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အချိန်အတော်ယူပြီးတော့ တွေ့ဆုံခဲ့တာပါ။
သူတွေ့ဆုံခဲ့တဲ့ထဲမှာ ရှေ့နေကွန်ယက်ဝင်တွေ၊ လယ်ယာမြေသိမ်းဆည်းခံရတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေသူတွေ၊ ကျောင်းသားသမဂ္ဂတွေ စသည်အားဖြင့် လူ့အခွင့်အရေးနဲ့ ဆက်စပ်ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း အစုံပါတယ်လို့ တွေ့ဆုံတဲ့ထဲမှာ ပါဝင်တဲ့ Equality Myanmar လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
မစ္စတာကင်တားနား အဓိကသိချင်တာကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေးအခြေအနေ၊ နောက်ဆုံးအကြိမ် သူလာ သွားပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကို အစီရင်ခံစာ ရေးသား တင်ပြခဲ့ပြီးတဲ့နောက်ပိုင်း တိုးတက်မှု၊ ဆုတ်ယုတ်မှု စတာတွေကို အဓိကသိချင်တဲ့ သဘောဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။
“သူကိုယ်တိုင် ကချင်ပြည်နယ်ရယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်ရယ် သွားထားတဲ့အတွက် အဲဒီဒေသတွေမှာဖြစ်နေတဲ့ အကြောင်းအရာတွေ သူ ပိုပြီးတော့ အထူးစိတ်ဝင်စားတယ်လို့ ကျနော်တို့ သုံးသပ်လို့ရတယ်။ ဒီ ရန်ကုန်မှာ ဆုံတွေ့တဲ့ အချက်အလက်တွေကို သူမေးမြန်းတဲ့ ဟာကို ကြည့်မယ်ဆိုလို့ရှိရင်တော့ အချက်အလက် ပေါင်းစုံပေါ့နော်၊ ဥပမာ ရှေ့နေလည်း တွေ့ တယ်၊ နောက်တစ်ခါ လွတ်လပ်စွာ စီတန်းလှည့်လည် ဆန္ဒပြမှုနဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့၊ တရားစွဲဆိုခံထားရသူတွေနဲ့လည်း တွေ့တယ်ဆိုတော့ သူတို့တွေက လက်ရှိလူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်လည်း ဆိုတဲ့အချက်တွေကို သူ့အနေနဲ့ အဓိကထား သိချင်တယ်။ အဲဒါတွေအပေါ် မူတည်ပြီးတော့ သူက လာမယ့် အစီရင်ခံစာမှာ ထည့်ရေးမှာဖြစ်တဲ့အတွက် အချက်အလက်တွေကော ယူဆချက်တွေကော သူ အဓိကထားပြီး မေးမြန်းသွားတာက သူ့ရဲ့ အဓိကရည်ရွယ်ချက်လို့ ထင်ပါတယ်ဗျ။”
အရပ်ဘက်အဖွဲ့အစည်းတွေဘက်က အဓိကတင်ပြခဲ့တဲ့ထဲမှာ လက်ရှိ အရေးအကြီးဆုံးလိုဖြစ်နေတဲ့ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းကိစ္စဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒီဥပဒေမူကြမ်းဟာ အသင်းအဖွဲ့တွေပေါ်မှာ ဖိနှိပ်ပြီး ချုပ်ကိုင်ဖို့ ကြိုးစားထားတဲ့ ပုံစံမျိုးဖြစ်နေပြီး လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ရော နိုင်ငံတကာ စံချိန် စံညွှန်း တွေနဲ့ပါ မကိုက်ညီတဲ့အတွက် သူတို့အနေနဲ့ လက်မခံနိုင်ဘူးဆိုတာ မစ္စတာကင်တားနားကို ပြောပြခဲ့တယ်လို့ ဦးအောင်မျိုးက ဆက်ပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒါနဲ့ပတ်သက်လို့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရှိတာကို အခွင့် အရေးတစ်ရပ်အနေနဲ့ ဖော်ပြထားပေမဲ့ ဒီဥပဒေကြမ်းမှာတော့ ဗဟိုအဖွဲ့ကို ကျနော်တို့က လျှောက်လွှာတင်ရမယ်၊ သူ့ရဲ့ခွင့်ပြုချက်ရမှာ ဒါတွေကို လုပ်ပိုင်ခွင့်ရှိမယ်၊ နောက်တစ်ခါ ကျနော်တို့ လုပ်ကိုင်နေတဲ့အချိန်မှာ မူလက သူတို့ခွင့်ပြုထားတဲ့အချက်တွေနဲ့ မကိုက်ညီဘူး ဆိုရင် ဒါကို ပယ်ဖျက်နိုင်ရုံအပြင် ဒါမျိုး လုပ်ဆောင်မှုကြောင့် ဒီအဖွဲ့မှာ ပါဝင်တဲ့သူတွေ အားလုံး ကို ထောင်ဒဏ် သုံးနှစ်ထိ ချနိုင်တယ်ဆိုတာက တော်တော်ကြီးကို ဆိုးရွားတာဖြစ်တဲ့အတွက် ဒီ ဥပဒေကြမ်းက အစိုးရပြောနေသလို လူ့အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်နိုင်အောင် လုပ်ဆောင်တာမဟုတ်ဘဲနဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အသင်းအဖွဲ့တွေကို ဦးတည်ထားပြီး တော့ ချုပ်နှောင်ဖို့ လုပ်ဆောင်တယ် ဆိုတဲ့အကြောင်းကို ကျနော်တို့ သူ့ကို ရှင်းပြပါတယ်။”
အဲဒီကိစ္စအပြင် ကချင်ပြည်နယ်ဘက်မှာ အပစ်အခတ်ရပ်စဲရေးရဖို့ ကြိုးစားနေပေမဲ့ တင်းမာမှုတွေ ဆက်ရှိနေပြီး အစိုးရစစ်တပ် အပြောင်းအရွှေ့ အသွားအလာတွေ ဆက်ရှိနေတာကြောင့် ဒေသခံပြည်သူတွေ လုံခြုံမှုမရှိသေးတာတွေ၊ စခန်းတွေမှာ ခိုလှုံနေ ထိုင်နေရတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကိုလည်း မူရင်းဒေသတွေမှာ လုံခြုံမှုမရှိသေးပါဘဲ ပြန်ပို့ဖို့ ကြိုးစားနေတာတွေ စသည်အားဖြင့် တင်ပြခဲ့ကြတယ်လို့လည်း ပြောပါတယ်။
မစ္စတာကင်တားနားကတော့ ဒီအခြေအနေတွေကို သူ့ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ပြောခဲ့ပေမဲ့လည်း ဆက်ဖြစ်နေသေးတာ ကြောင့် ဒါဟာ အစိုးရရဲ့ တာဝန်ပျက်ကွက်မှုဖြစ်တယ်လို့ ပြန်ပြောပါတယ်။ ဥပဒေမူကြမ်းတွေ အများကြီးထွက်လာပြီး အဲဒီထဲ မှာ အသင်းအဖွဲ့တွေရဲ့ ရပ်တည်လှုပ်ရှားမှုကို ကာကွယ်ပေးတာမဟုတ်ဘဲ ချုပ်နှောင်တာတွေက အရင်ကနဲ့ မတူတဲ့ ထူးခြားတဲ့ အခြေအနေဖြစ်တယ်ဆိုတာကို မစ္စတာကင်တားနားက အသိအမှတ်ပြုပါတယ်။
ဒါကြောင့်လည်း ဒီအခြေအနေတွေအားလုံးကို သူ့ရဲ့အစီရင်ခံစာထဲမှာ ထည့်သွင်း ဖော်ပြသွားမယ်လို့ မစ္စတာကင်တားနားက ပြောကြောင်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
“အခုလိုမျိုး ကျနော်တို့ရဲ့တင်ပြတဲ့ သတင်းအချက်တွေ၊ ကျနော်တို့ရဲ့ သုံးသပ်ချက်တွေကို သူ့ရဲ့ လာမယ့်အစီရင်ခံစာမှာ သူ ထည့်သွင်းရေးသားပါမယ်။ အဲဒီပေါ်မှာ အစိုးရအနေနဲ့ ဘယ်ဟာတွေကတော့ ဆက်လက်ပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း၊ ဘယ်ဟာ တွေကတော့ အရင်ကထက် ပိုမိုဆိုးရွားလာတယ်ဆိုတဲ့ အကြောင်းတွေကို ပါဝင်မယ်လို့ ကျနော် ယူဆပါတယ်။ အဲဒီအစီရင်ခံစာက လာမယ့် နိုဝင်ဘာလလောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း တင်ပြမှုရှိမယ်၊ လာမယ့် ၂၀၁၄ မတ်လမှာ ကျင်းပမယ့် လူ့အခွင့် အရေးကောင်စီရဲ့ မြန်မာနေ့ အစည်းအဝေးမှာလည်း တင်ပြတာရှိပါလိမ့်မယ်။”
မစ္စတာကင်တားနားရဲ့ အဲဒီအစီရင်ခံစာပေါ်မှာ မူတည်ပြီးတော့ မြန်မာနိုင်ငံကို ကုလသမဂ္ဂက လက်ရှိသတ်မှတ်ထားတဲ့ အထူး လုပ်ထုံးလုပ်နည်း ယန္တရားထဲမှာပဲ ဆက်ထားမလား၊ လူ့အခွင့်အရေးအခြေအနေ တိုးတက် ထွန်းကားလာပြီဆိုပြီး လျှော့လိုက် မလား စသည်အားဖြင့် ဆွေးနွေး ဆုံးဖြတ်ကြဖို့အတွက် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ မစ္စတာကင်တားနားက ပြောခဲ့ပါတယ်။