မြန်မာနိုင်ငံတွင်းမှာ ထိပ်ပိုင်းကလုပ်တဲ့ ပြုပြင်ပြောင်းလဲ မှုတွေနဲ့ အောက်ခြေ လက်တွေ့ ပကတိဖြစ်မှုတွေအကြား ကွာဟချက်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ဝေဖန်လိုက်ပါတယ်။ နောက်နောင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်ဖို့ဆိုရင်၊ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှု တွေကိုလည်း ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ အကြံပြုပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မနေ့တုန်းက မစ္စတာ ကင်တာနား ပြောဆိုတင်ပြခဲ့ တာတွေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး နောက်ဆုံးအခြေအနေတွေကို မနေ့တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မစ္စတာကင်တာနားက တင်ပြသွားရာမှာတော့၊ လက်ရှိ နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုတွေမှာ လိုအပ်ချက်တွေ ရှိနေတုန်းပဲဆိုတာကို မစ္စတာ ကင်တာနားက အဓိက ထောက်ပြသွားပါတယ်။
လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုဟာ အခု ပြုပြင်ပြောင်းလဲရေးအတွက် မဖြစ်မနေ အရေးကြီးတယ် ဆိုတာကိုလည်း သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရေးပါ အရာရောက်သူအားလုံး သဘောပေါက်နားလည်ဖို့ သူက တိုက်တွန်းပါတယ်။
လက်ရှိ အခြေအနေမှာတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုပေမဲ့ အောက်ခြေ ပကတိဖြစ်ရပ်တွေနဲ့ ကွာဟမှု ရှိနေတယ်လို့ မစ္စတာ ကင်တာနား က ဝေဖန်သွားပါတယ်။
“မြန်မာနိုင်ငံ တနံတလျားမှာ ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေတာကိုကြည့်ရင် အပေါ်က ပြုပြင်ပြောင်း လဲရေး လုပ်နေကြတယ်ဆိုတာနဲ့ အောက်ခြေက တကယ်လက်တွေ့ ကွာခြားနေတယ် ဆိုတာ ကို ပြနေပါတယ်။ အစိုးရအနေနဲ့ ဒီကွာခြားနေမှုတွေကို ဖြေရှင်းဖို့ အရေးကြီးပါတယ်။ ICRC နိုင်ငံတကာ ကြက်ခြေနီအသင်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး၊ အကျဉ်းထောင်တွေကို သွားရောက် စစ်ဆေးတာတွေကို ပြန်ခွင့်ပြုသင့်ပါတယ်။”
အောက်ခြေအဆင့်အထိ အပြောင်းအလဲတွေ ဖြစ်လာဖို့ဆိုရင်တော့ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်း လဲမှုတွေကို လုပ်ဖို့၊ လူထုနဲ့ ဆက်ဆံနေရတဲ့ အုပ်ချုပ်ရေးပိုင်းတွေ ရဲတွေကို သင်တန်းပေးဖို့ လိုမယ်လို့ မစ္စတာ ကင်တာနား က အကြံပြုထားပါတယ်။
အောက်ခြေအုပ်ချုပ်ရေးပိုင်းနဲ့ ရဲတွေဟာ အရင်တုန်းက အမူအကျင့်တွေ မပြောင်းလဲဘဲ ဖြစ်နေ တယ်လို့ မစ္စတာ ကင်တာနား က ယူဆပါတယ်။ အသွင်ကူးပြောင်းရေး တကယ် လုပ်မယ်ဆို ရင်တော့ ပြည်သူလူထု ပါဝင်မှု ပိုမို လမ်းဖွင့်ပေးရမယ်လို့ မစ္စတာ ကင်တာနား က ပြောပါတယ်။
“ဒီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ပုံဖော်ရာမှာ မြန်မာပြည်သူတွေ ပိုမို ပါဝင်လာနိုင်ဖို့ အတွက်၊ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လိုအပ်ချက်တွေကို လုပ်ဆောင်စရာတွေ ရှိနေပါတယ်။ ဥပမာဆိုရင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့် နည်းဥပဒေတွေကို ပြင်ဖို့ လိုပါတယ်။ ဒါမှလည်း ဆန္ဒပြတာတွေကြောင့် ဖမ်းဆီးထောင်ချ ခံရတာမျိုးတွေ မရှိတော့မှာပါ။ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေမူကြမ်းလို ဥပဒေသစ်တွေ ချမှတ်ရာမှာလည်း လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ကို မထိခိုက်စေဖို့ လိုပါတယ်။ ၁၉၀၈ ခုနှစ် မတရားအသင်း ဥပဒေလိုမျိုး အရင် စစ်အစိုးရ လက်ထက် တုန်းက ဥပဒေမျိုးတွေကို ပယ်ဖျက်သွားဖို့လည်း လိုပါတယ်။ လူထုကို ရိုက်နှက်တာမျိုး ညှင်းပန်း နှိပ်စက်မှုမျိုးတွေ မလုပ်အောင် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း စွမ်းရည်မြှင့် သင်တန်းတွေ ပေး သွားဖို့ လိုပါတယ်။ အခု အသွင်ကူးပြောင်းရေးမှာ ဒီလိုအပ်ချက်တွေကို ချက်ချင်း ကိုင်တွယ်ဖြေရှင်း ရပါမယ်။ ဒါမှမဟုတ်ဘူးဆိုရင်တော့ လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင်လုပ်ဖို့ မဖြစ်နိုင် ပါဘူး။”
တဘက်မှာ မြန်မာနိုင်ငံတွင်း ပြောင်းလဲတိုးတက်မှု ရှိတယ်ဆိုတာကိုလည်း မစ္စတာ ကင်တာနား က အသိအမှတ် ပြုပါတယ်။ ဒါတွေဟာလည်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ဖြစ်တယ်လို့ ပြောပါ တယ်။
“အရေးပါတဲ့ အောင်မြင်တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၈၀၀ ကျော် လွတ်မြောက်လာတာတွေ၊ သတင်းပုံနှိပ် မီဒီယာတွေ လွတ်လပ်ခွင့် ရလာတာ၊ တိုင်းရင်းသားဒေသ
တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး ယူနိုင်တာ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊ ကလေးစစ်သား စုဆောင်းအသုံးပြုမှုတွေကို တိုက်ဖျက်ရာမှာ
အောင်မြင်တိုးတက်လာတာတွေ ဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ ပဋိပက္ခဖြစ်ခဲ့တဲ့ ရခိုင်ဒေသကို သွားရောက် လေ့လာ ခွင့်တွေပေးတာ၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာ ပြဌာန်းချက်လို ဥပဒေ ရေးဆွဲရေး ကိစ္စတွေမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ နည်းပညာဆိုင်ရာ အကူအညီတွေကို လက်ခံ ဆောင် ရွက်တာမျိုးတွေ ရှိခဲ့ပါတယ်။”
မြန်မာနိုင်ငံတွင်း စိုးရိမ်မကင်းဖြစ်စရာ လူ့အခွင့်အရေး အခြေအနေတွေကို ဥပမာပေး ပြောရာ မှာတော့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကို အဓိက ထောက်ပြပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် အရပ်သား ဒုက္ခသည်တွေရဲ့ အခြေအနေအပေါ် အထူးစိုးရိမ်တာကြောင့် စစ်မက်ဖြစ်ပွားမှု ရှောင်ရှားဖို့ နှစ်ဘက်စလုံးကို သူက တိုက်တွန်းပါတယ်။
“ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ ပဋိပက္ခဖြစ်နေတဲ့ အစုအဖွဲ့ အားလုံးကို ကျနော် တိုက်တွန်း တောင်းဆိုပါတယ်။ လူဦးရေ ၇ သောင်းခွဲလောက်ဟာ သူတို့ ရဲ့ ကျေးရွာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေး အရ ဆွေးနွေးညှိနှိုှုင်းကြဖို့၊ အစိုးရအနေနဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ လူ့အဖွဲ့အစည်းတွေ နဲ့ ဆွေးနွေးညှိနှိုှုင်းပြီး နှစ်ဘက် အတော်ကြာ ဖြစ်နေတဲ့ မကျေနပ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရပါ မယ်။”
ကချင်ပြည်နယ်လိုပဲ အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထင်အရှား ဖြစ်နေတဲ့နေရာ ဆိုရင် ရခိုင်ပြည်နယ်ကို သူ ထောက်ပြပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခတွေ အပေါ် အစိုးရဘက်က ကိုင်တွယ်မှုတွေ လိုအပ်ချက်ရှိတယ် ဆိုတာ ထောက်ပြသလို၊ တဘက်မှာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ဆိုရင် လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်အေး ချမ်းမှုရအောင် ခွဲခြား ဆက်ဆံမှုတွေကိုလည်း ရပ်ပစ်ဖို့ သူက တိုက်တွန်းပါတယ်။
“မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာ အထင်အရှား တွေ့ရပေမဲ့လည်း လူ့အခွင့် အရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေတချို့ကိုတော့ လုံးဝကို မဖြေရှင်းနိုင်သေးပါဘူး။ ရခိုင်ပြည်နယ်အတွင်း ခွဲခြားဆက်ဆံမှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်နေ တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်နဲ့ အောက်တိုဘာ လအတွင်းက လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ ကျနော် အတော်စိုးရိမ်ပါတယ်။ ဒီကိစ္စတွေ ဘယ်လိုဖြစ်သလဲ ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာတင်မကဘဲ၊ ရခိုင်ပြည်နယ်အတွင်း ရှုပ်ထွေးလှတဲ့ အခြေအနေအောက်မှာ လူ့အဖွဲ့အစည်း ပြန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လာရေး ခိုင်မြဲတဲ့အဖြေ ထုတ်နိုင်ဖို့ဆိုပြီး သမ္မတကနေ စုံစမ်းရေး ကော်မရှင်ဖွဲ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီကော်မရှင်အနေနဲ့ အစီရင်ခံစာ ထွက်ဖို့ ကြန့်ကြာနေတာနဲ့ ပတ်သက်လို့ ကျနော် စိုးရိမ်မကင်း ဖြစ်ရပါတယ်။”
နိုင်ငံသားဖြစ်စေ နိုင်ငံခြားသားဖြစ်စေ မိမိနိုင်ငံ ပိုင်နက်အတွင်း နေထိုင်ကြသူတွေ အားလုံးရဲ့ လူ့အခွင့်အရေး အခြေအနေကို လေးစား အကာအကွယ်ပေးဖို့ လိုမယ်ဆိုတာကိုလည်း မစ္စတာ ကင်တာနား က ထောက်ပြပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နောက်ထပ် သူ့ရဲ့ စိုးရိမ်ချက် ကတော့ နိုင်ငံရေး အကျဉ်းသားကိစ္စ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့တယ်ဆိုပေမဲ့၊ အခုနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေ နောက်ထပ် လွတ်မြောက်ခြင်း မရှိတော့တာကို သူက ထောက်ပြပါတယ်။
နောက်တချက်ကတော့ သူ မြန်မာနိုင်ငံသွားစဉ်တုန်းက လက်ရှိ အသွင်ကူးပြောင်းရေးအတွင်း အတိတ်တုန်းက ဖြစ်ရပ်တွေအပေါ် အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေးကိစ္စကို သူ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပါတယ်။
နောင်နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်မလာဖို့ဆိုရင်၊ ဒါမျိုးတွေကို လူ့အဖွဲ့အစည်း အတွင်း လက်ခံလို့ မရဘူးဆိုတာ သက်သေပြဖို့ ပြီးခဲ့တဲ့အချိန်တုန်းက ဘာတွေဖြစ်ခဲ့တယ်၊ မှားယွင်းခဲ့တယ်ဆိုတာတွေ ပြန်ဖော်ထုတ်ဖို့ လိုမယ်လို့ မစ္စတာ ကင်တာနား က ယူဆပါတယ်။